သုံးစရာငွေလုံးဝမရှိတော့လောက်တဲ့အထိ Flat Broke ဖြစ်သွားတဲ့အခါ ဘယ်လိုပြန်ရုန်းထမလဲ…?

အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့အတိုင်း…ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာကြီးဟာ မတည်မြဲမှုတွေနဲ့ ပြည့်နှက်နေတာပါပဲ… မိတ်ဆွေကဒီနေ့မှာ ကုမ္ပဏီပိုင်ရှင်သူ‌ဌေးတစ်ယောက်ဖြစ်နေပေမယ့် မနက်ဖြန်မှာ မိတ်ဆွေရဲ့ ကုမ္ပဏီဒေဝါလီ(Bankrupt) ခံလိုက်ရပြီး အကြွေးရှင်တွေဆီက ပြေးရတဲ့ဘဝမရောက်နိုင်ဘူးလို့ ထင်လို့လား…? Flat Broke ဖြစ်တယ်ဆိုတာကတော့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ဆီမှာ သုံးစရာ ပိုက်ဆံတစ်ပြားမှမရှိတော့တဲ့ အခြေအနေကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလိုမျိုး Flat Broke ဖြစ်သွားတဲ့အခါ၊ ဘဝမှာစဥ်းတောင်မစဥ်းစားဖူးတဲ့အရာတွေဖြစ်လာတဲ့အခါ ပြန်ရုန်းထနိုင်ဖို့က အရေးကြီးပါတယ်။ ဒီနေ့မှာတော့ Flat Broke ဖြစ်သွားတဲ့အခါ ပြန်ရုန်းထနိုင်ဖို့ အသုံးဝင်တဲ့အချက် (၅) ချက်ကို ပြောချင်ပါတယ်။ 1. ဒီငွေကြေးအခက်အခဲကို မိတ်ဆွေဖြတ်ကျော်နိုင်တယ်လို့ တွေးပါ။ ဒီအခက်အခဲကို ငါ‌ကျော်ဖြတ်နိုင်တယ်လို့ ယုံကြည်ထားတဲ့အခါ တကယ်ကျော်ဖြတ်နိုင်ပါလိမ့်မယ်။ သုံးစရာငွေလုံးဝမရှိတော့ဘဲ Broke ဖြစ်သွားတာဟာ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချခံရတာ မဟုတ်ပါဘူး။ မိတ်ဆွေရဲ့စိတ်ကိုသာ […]

ကိုယ်ပိုင်ငွေကြေးစီမံခန့်ခွဲမှု လုပ်တဲ့အခါ ငြင်းရမှာမကြောက်ပါနဲ့…

‘ဘူးတစ်လုံးဆောင် အိုတောင်မဆင်းရဲ’ ဆိုသလိုပဲ ကိုယ်ပိုင်ငွေကြေးစီမံခန့်ခွဲတဲ့မှာလဲ “ဘူး” တစ်လုံးဆောင်ပြီး ငြင်းတတ်ဖို့လိုပါတယ်။ အထူးသဖြင့် ငွေစုနေတဲ့အချိန်တွေ၊ အသုံးစရိတ်ကိုစီမံခန့်ခွဲနေတဲ့အချိန်တွေမှာ ငြင်းရမှာ အားမနာပါနဲ့။ ငွေစုနေတဲ့အချိန်တွေ၊ အသုံးစရိတ်ကိုစီမံခန့်ခွဲနေတဲ့အချိန်တွေမှာ ငြင်းခိုင်းတယ်ဆိုတာ မလိုအပ်ဘဲငွေကုန်စေတဲ့အရာတွေကို ငြင်းခိုင်းတာဖြစ်ပါတယ်။ ဥပမာပြောရရင် သူငယ်ချင်းတွေက အပြင် Hang out ထွက်ဖို့ ခေါ်တာမျိုးတွေ၊ ညစာသွားစားဖို့ ခေါ်တာမျိုးတွေကို ငြင်းခိုင်းတာဖြစ်ပါတယ်။ ဒါ့အပြင် ငွေစုတာလေး နည်းနည်းလေးရပြီဆိုတာနဲ့ ဟိုဟာဝယ်ချင်၊ ဒီဟာဝယ်ချင်နဲ့ အလိုဆန္ဒတွေ များလာတတ်ပါတယ်။ ဒီလိုမျိုးဖြစ်တဲ့အခါမှာလဲ ကိုယ့်စိတ်ကိုယ်ထိန်းပြီး မလိုအပ်တာတွေ မသုံးမိအောင် ကိုယ့်ကိုကိုယ်ငြင်းနိုင်ဖို့လဲ လိုပါတယ်။ ဒီလိုမျိုး မလိုအပ်တဲ့အရာတွေကို မသုံးမိဖို့၊ မဝယ်မိဖို့ ငြင်းတတ်တဲ့အကျင့်ကို စနစ်မွေးမြူထားတဲ့အခါ အခြေခံကိုယ်ပိုင်ဝင်ငွေစီမံခန့်ခွဲနိုင်စွမ်းမြင့်တက်လာပြီး မိတ်ဆွေကို အပိုငွေတွေ ထွက်လာစေပါလိမ့်မယ်။ မိတ်ဆွေရော ကိုယ်ပိုင်ဝင်ငွေစီမံခန့်ခွဲမှုပြုလုပ်တဲ့အခါ ငြင်းသင့်တဲ့အရာတွေကို ငြင်းဖြစ်ရဲ့လား…?

ငွေစစုဖို့ အချိန်မဆွဲပါနဲ့…

လူတော်တော်များများက ငွေအရင်ရှာပြီး ငွေစုဖို့ကို နောက်မှပဲလုပ်ပါမယ်ဆိုပြီး အချိန်ဆွဲလေ့ရှိပါတယ်။ ဒီလိုမျိုးအချိန်ဆွဲနေတဲ့သူတွေက နောက်အတော်ကြာတဲ့အထိ ငွေမစုဖြစ်ဘဲ အရေးပေါ်အခြေအနေတွေ ကြုံလာတဲ့အခါ ငွေကြေးအခက်အခဲတွေနဲ့ ရင်ဆိုင်ရလေ့ရှိတာကို မိတ်ဆွေရဲ့ပတ်ဝန်းကျင်မှာ မြင်ဖူးမှာပါ။ စုငွေရှိထားတဲ့အခါ -အရေးပေါ်ငွေကြေးပြဿနာတွေ ပေါ်လာတဲ့အခါ အလွယ်တကူ ဖြေရှင်းနိုင်ခြင်း၊ -ငွေကြေးနဲ့ပတ်သတ်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာခြင်း၊ – စိတ်ငြိမ်းချမ်းမှုနဲ့ အနာဂတ်အတွက် ငွေကြေးဆိုင်ရာလုံခြုံမှုရရှိခြင်း တွေအပြင် အခြားအကျိုးကျေးဇူးတွေပါ ရရှိလာပါလိမ့်မယ်။ ဒါ့ကြောင့်ငွေစုဖို့အချိန်မဆွဲပါနဲ့။ မိတ်ဆွေငွေစစုရမယ့်အချိန်က မိတ်ဆွေမှာ ငွေရှိတဲ့အချိန်ပါပဲ။ ငွေဘယ်လောက်စစုရမယ် ဆိုတာကတော့ မိတ်ဆွေရဲ့ ဝင်ငွေအပေါ်မူတည်ပေမယ့် တစ်လဝင်ငွေရဲ့ အနည်းဆုံး (၂၀) ရာခိုင်နှုန်းကို စုနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

အိမ်တွင်းသူခိုး…ဘယ်သူလဲ?

လစဥ်ဝင်ငွေများလာပေမယ့် တစ်လတစ်လကို ငွေပိုလဲမထွက်လာဘူးဆိုရင် မိတ်ဆွေအိမ်မှာ အိမ်တွင်းသူခိုး ရှိနေပြီဖြစ်ပါတယ်… အိမ်တွင်းသူခိုးရှိနေပြီဆိုရင်တော့ မိတ်ဆွေဘယ်လောက် ငွေရှာနိုင်ပါစေ… ချမ်းသာလာမှာ မဟုတ်ပါဘူး။ တကယ်တော့အိမ်တွင်းသူခိုးဆိုတာ မိတ်ဆွေရဲ့ မများပါဘူးဆိုပြီး မထင်မှတ်ဘဲသုံးလိုက်တဲ့ အသေးစားအသုံးစရိတ်တွေပဲ ဖြစ်ပါတယ်။ ဥပမာပြောရရင် ဖုန်းဘေအသုံးစရိတ် နဲ့ Subscriptions Fees တွေ၊ လူမရှိတဲ့ အခန်းမှာ မီး၊ air-con ဖွင့်ထားလို့ တက်နေတဲ့ မီတာခတွေ ၊ ပစ္စည်းတွေဝယ်ယူတဲ့အခါမှာ ကုန်ကျတဲ့ Delivery Charges တွေ၊ မလိုအပ်ဘဲ အပြင်စားသောက်ဆိုင်တွေမှာ ထွက်စားတာတွေ စသည်ဖြင့် မိတ်ဆွေအနေနဲ့ တခါ‌တလေပါ၊ နည်းနည်းလေးပါ ဆိုပြီး သုံးလိုက်တဲ့ အသုံးစရိတ်တွေပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး မထင်မှတ်ဘဲ သုံးလိုက်တဲ့ အသေးစားအသုံးစရိတ်တွေကို စာရင်း ပြန်တွက်ကြည့်ရင် လစဥ်ဝင်ငွေရဲ့ 10% […]

အိမ်တွင်းသူခိုး စနစ်တကျဖမ်းနည်း

မိတ်ဆွေအိမ်ထဲက ငွေတွေကို လူမသိ၊သူမသိ ခိုးနေတဲ့ အိမ်တွင်းသူခိုးကို မဖမ်းနိုင်ရင် မိတ်ဆွေဘယ်လောက် ငွေရှာရှာ ချမ်းသာလာမှာမဟုတ်ပါဘူး… အိမ်တွင်းသူခိုးဆိုတာကတော့ မိတ်ဆွေရဲ့ မများပါဘူးဆိုပြီး မထင်မှတ်ဘဲသုံးလိုက်တဲ့ အသေးစားအသုံးစရိတ်တွေပဲ ဖြစ်ပါတယ်။ အိမ်တွင်းသူခိုးကို အလွယ်ဆုံးနဲ့ အထိရောက်ဆုံးဖမ်းနိုင်မယ့်နည်းကတော့ မိတ်ဆွေရဲ့ အသုံးစရိတ်တွေကို Tracking လိုက်တဲ့ နည်းလမ်းပါပဲ။ Tracking လိုက်တယ်ဆိုတာကတော့ ကိုယ့်ဝင်ငွေတွေ၊ ကိုယ့်သုံးလိုက်တဲ့ အသုံးစရိတ်တွေတိုင်းကို မှတ်ထားတာကိုပြောတာဖြစ်ပါတယ်။ ကိုယ့်ဝင်ငွေ ဝင်လာတိုင်း၊ တစ်ခုခုဝယ်ဖို့ ပိုက်ဆံသုံးလိုက်တိုင်း ဘယ်နေ့မှာဘာအတွက် ပိုက်ဆံဘယ်လောက် သုံးလိုက်တယ်ဆိုတာကို ရေးမှတ်ထားဖို့ လိုပါတယ်။ ဥပမာ- 1 June 2022 – Salary (+300000) 2 June 2022 – Wifi Bill Payment (-40000) စသည်ဖြင့်မှတ်ထားတာမျိုးကို ပြောတာဖြစ်ပါတယ်။ […]

“ပို” ရှာပြီး “လျှော့” သုံးပါ။

အခုလို အရာရာက ‌စျေးနှုန်းနှစ်ဆ ဖြစ်နေတဲ့အချိန်မှာ အရင်အတိုင်း ပိုက်ဆံရှာပြီး အရင်လိုပဲ ငွေသုံးနေလို့ မရပါဘူး။ အရင်လိုပဲ ဆက်သုံးနေမယ်ဆိုရင်တော့ မိတ်ဆွေရဲ့ အသုံးစရိတ် (ထွက်ငွေ) တွေက ဝင်ငွေထက်ပိုကြီးလာပြီး ငွေကြေးအခက်အခဲတွေနဲ့ ရင်ဆိုင်လာရနိုင်ပါတယ်။ ဒီလိုမျိုး မဖြစ်ဖို့ဆိုရင် ဝင်ငွေများအောင် ပိုက်ဆံ”ပို”ရှာပြီး ထွက်ငွေနည်းအောင် ပိုက်ဆံ”လျှော့”သုံးဖို့ လိုအပ်ပါတယ်။ ဝင်ငွေများအောင် ပိုက်ဆံ”ပို”ရှာဖို့ဆိုရင် အသစ်သစ်သော ဝင်ငွေလမ်းကြောင်းတွေ ဖန်တီးဖို့လိုလာပါပြီ။ အလုပ်တစ်ခုထဲ လုပ်နေတဲ့သူဆိုရင် Freelance Job တွေ Part-time Job တွေ တတ်နိုင်သလောက်လုပ်ပြီး ဝင်ငွေများအောင် ထပ်ရှာသင့်ပါတယ်။ ရင်းနှီးဖို့ငွေရှိတဲ့သူတွေ အနေနဲ့ဆိုရင် စတော့၊ရှယ်ယာတွေ၊ အိမ်၊ခြံ၊မြေ၊တိုက်ခန်း၊ကားတွေထဲက ကိုယ်တတ်ကျွမ်းတဲ့နယ်ပယ်မှာ အတိုးတွေ၊အမြတ်တွေရှာပြီးလဲ ဝင်ငွေလမ်းကြောင်း အသစ်တွေ ဖန်တီးသင့်ပါတယ်။ ထွက်ငွေနည်းအောင် ပိုက်ဆံ”လျှော့”သုံးဖို့ဆိုရင် အပတ်တိုင်း အပြင်မှာထွက်စားတာလိုမျိုး မသုံးလဲဖြစ်တဲ့ […]

Passive Income

စားဝတ်နေရေးအတွက် အသက်ရှင်နေသမျှ အလုပ်လုပ်နေရတဲ့ ဘဝမျိုးမ‌ရောက်ဖို့ဆိုရင် Passive Income ရမယ့် ဝင်ငွေလမ်းကြောင်းတွေ များများတည်ဆောက်ထားနိုင်ဖို့လိုတယ်။ Passive Income ဆိုတာကတော့ မိတ်ဆွေအလုပ်လုပ်စရာ မလိုဘဲ ရနေတဲ့ဝင်ငွေကို ပြောတာဖြစ်တယ်။ တစ်နည်းအားဖြင့် မိတ်ဆွေရဲ့ ပိုက်ဆံက မိတ်ဆွေအတွက် အလုပ်လုပ်ပေးနေတဲ့အတွက် မိတ်ဆွေအလုပ်လုပ်စရာ မလိုပဲ ပိုက်ဆံရနေတယ်…ဒီလို ဝင်ငွေလမ်းကြောင်းပဲ ဖြစ်တယ်။ ဥပမာပြောရရင် – အိမ်ငှါးထားလို့ရနေတဲ့ အိမ်ငှါးခဝင်ငွေတွေ၊ စတော့၊ရှယ်ယာတွေ ဝယ်ထားလို့ရနေတဲ့ အတိုးတွေ အကုန်လုံးက Passive Income တွေပဲ။ Passive Income တွေ ဖန်တီးဖို့ဆိုရင် Assets များများရှိဖို့လိုတယ်။ Asset ဆိုတာ ပိုင်ဆိုင်မှု ပစ္စည်းလို့ ဘာသာပြန်လို့ရတယ်။ ဒီထက်ပိုပြီး လွယ်လွယ်ပြောရရင်တော့ ကိုယ့်ပိုက်ဆံအိတ်ထဲကို ပိုက်ဆံထည့်ပေးနေတဲ့ အရာတွေပဲ ဖြစ်တယ်။ (အတိုးရနေတဲ့ […]

ကိုယ့်ပိုက်ဆံအိတ်ထဲကို ငွေဝင်စေတဲ့ ဝင်ငွေလမ်းကြောင်း (7) မျို

မိတ်ဆွေတို့အနေနဲ့ ဝင်ငွေလမ်းကြောင်း အသစ်မဖန်တီးခင် ဝင်ငွေလမ်းကြောင်း တွေက ဘာတွေလဲဆိုတာ သိထားဖို့လိုပါတယ်။ ဝင်ငွေလမ်းကြောင်းဆိုတာ ကျွန်တော်တို့ဆီ ပိုက်ဆံဝင်နေတဲ့ နေရာတွေကို ပြောတာဖြစ်ပီးတော့ ဝင်ငွေလမ်းကြောင်းကို အဓိကအားဖြင့် အောက်ပါအတိုင်း (7) မျိုးခွဲလို့ရပါတယ်။ (1) လုပ်အားခဝင်ငွေ (Earned Income) Earned Income ဆိုတာ ကျွန်တော်တို့ရဲ့ အဓိကအလုပ်ကနေ ရတဲ့ လစာဖြစ်ပါတယ်။ ဒါ့အပြင် Bonus တွေ၊ ကော်မရှင်ရတာတွေလဲ ပါဝင်ပါတယ်။ ဥပမာ- မိတ်ဆွေရဲ့ လစဥ်ပုံမှန်ဝင်ငွေ က (3)သိန်းဖြစ်ပြီးတော့ ရက်မှန်ကြေး (3)သောင်းရတယ်ဆို မိတ်ဆွေရဲ့ လစဥ် Earned Income က (3) သိန်း (3) သောင်းဖြစ်ပါတယ်။ (2) အပိုဝင်ငွေ (Business Income (or) Profit […]