ညဘက် အိပ်မပျော်ရင် ဘာလုပ်သင့်လဲ။

ညဘက်ဆို တော်ရုံ အိပ်မပျော်ဘူး… အိပ်ရေးမဝဘူး… ဆိုတဲ့ စကားတွေကို အခုနောက်ပိုင်းမှာ လူကြီးတွေသာမကဘဲ လူငယ်တွေဆီကပါ ခဏခဏကြားရတယ်။ အိပ်ချိန်မပြည့်ရင် တစ်နေ့တာ ဘာလုပ်လုပ်အဆင်မပြေတာမျိုး ကြုံဖူးကြမှာပါ။ အိပ်မပျော်တဲ့ပြဿနာကို လူငယ် ၁၀%ကနေ ၂၀% လောက်ထိ ရင်ဆိုင်နေကြရပြီး Depression ခံစားနေရတဲ့ လူငယ် ၇၅% လောက်ကလည်း အိပ်မပျော်တဲ့ insomnia ပြဿနာရှိကြတယ်။ အိပ်မပျော်တဲ့ အခြေအနေက ကြာလာတဲ့အခါ Sleep disorder ကြုံတွေ့နိုင်သလို သွေးတိုး၊ ဆီးချိုရောဂါ၊ အဝလွန်တာ၊ heart attack နဲ့ depression ဝင်တာမျိုး စတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ရှိလာနိုင်တယ်။ ဒါကြောင့် ညဘက်တွေ အိပ်ပျော်ရခက်ခဲလာတယ်ဆိုပြီး သတိထားမိရင်… ညဘက်မှာ မိနစ်(၃၀)လောက်အတွင်း အိပ်မပျော်ရင် ပေါ့ပေါ့ပါးပါးလုပ်စရာရှိတာမျိုးဖြစ်တဲ့ အဝတ်ခေါက်တာ၊ […]

သင်မသိသေးတဲ့ အရောင်တွေရဲ့ စွမ်းအား

ကျွန်တော်တို့ငယ်ငယ်ထဲက အရောင်တွေကို ကြိုက်တတ်ကြတယ်။ သကြားလုံးရရင်တောင် ရောင်စုံဖြစ်နေရင်သဘောကျတာမျိုးပေါ့။ သုတေသနတွေအရဆိုရင် အရောင်တွေက ကျွန်တော်တို့ mood နဲ့ productivity ကို ပြောင်းလဲနိုင်တဲ့စွမ်းအားတွေရှိတယ်။ ဥပမာအနေနဲ့ဆို Colliers company က သူတို့ Company decoration ကို အဖြူရောင်ကနေ အနီ၊ အပြာနဲ့ အဝါ စတဲ့ color တွေနဲ့ ထပ်ပြီး မွမ်းမံလိုက်တဲ့အခါ ဝန်ထမ်းတွေရဲ့ အလုပ်ခွင်ကိုရင်းနှီးမှုနဲ့ productivity မြင့်တက်လာတာကို တွေ့ရတယ်။ အရောင်တွေထဲမှာ… Red အနီရောင်က physical response ကို ကိုယ်စားပြုပြီး powerful ဖြစ်တဲ့ color တစ်ခုပါ။ ဒါပေမဲ့stress များတဲ့ environment မှာ အနီရောင်ကို အသုံးပြုတာက stress ကိုပိုများစေတယ်။ အနီရောင်က […]

မနက်အိပ်ရာထထချင်း ဖုန်းကြည့်တဲ့အကျင့်ရှိရင် ဒီစာကို ဖတ်ပါ။

IDC ရဲ့ စစ်တမ်းတွေအရ smart phone သုံးတဲ့ သူ ၁၀၀ မှာ ၈၀ က မနက်အိပ်ရာထထချင်း ၁၅ မိနစ်မှာ ဖုန်းသုံးလေ့ရှိကြတယ်။ University of Gothenburg ရဲ့ သုတေသနအရဆိုရင် ဖုန်းသုံးတဲ့အကြိမ်ရေပမာဏများတာက အိပ်စက်ကို အနှောင့်အယှက်ဖြစ်စေသလို လူငယ်တွေကို depression ဖြစ်နိုင်ချေကို ပိုပြီး မြင့်တက်စေတယ် လို့ဆိုတယ်။ ကျွန်တော်တို့ ဦးနှောက်က ပုံမှန်အားဖြင့် အိပ်ရာကထထချင်းမှာ alpha state ကနေ delta state ကို ကူးပြောင်းသွားတယ်။ နိုးနိုးချင်း ဖုန်းကိုင်လိုက်တဲ့အခါ delta state ကနေ နိုးနိုးကြားကြားဖြစ်သွားတဲ့ beta state ကို တိုက်ရိုက်ရောက်သွားတဲ့အတွက် ဦးနှောက်ရဲ့ function တွေကို ထိခိုက်စေတယ်။ ဒါ့အပြင် […]

သင့်ရဲ့ screen time များနေပြီလား။

Generation Z တွေက တစ်နေ့ကို ၉ နာရီ ဝန်းကျင်လောက် screen time ရှိကြတယ်။ ပျှမ်းမျှအားဖြင့်ဆိုရင် လူတစ်ယောက်က တစ်ရက်ကို ၆နာရီ ၅၈မိနစ် internet ချိိတ်ဆက်ထားတဲ့ screen တွေမှာ အချိန်ကုန်လေ့ရှိတယ်။ ဒီအချိန်က တစ်နေ့တာရဲ့ ၃ပုံတစ်ပုံနီးပါးလောက်ရှိတယ်။ တစ်လကိုဆိုရင် နာရီ ၂၀၀ ကျော်၊ တစ်နှစ်ကို နာရီ၂၅၀၀ကျော်လောက်ပေါ့။ ပညာရှင်တွေရဲ့ အကြံပေးချက်အရဆိုရင် လူတစ်ယောက်ရဲ့ screen time က အလုပ်ချိန်ပြင်ပမှာ (၂)နာရီထက် မပိုသင့်ဘူး။ မိတ်ဆွေရဲ့ personal time မှာ screen ကို (၂)နာရီထက်ပိုပြီး ကြည့်နေမိပြီဆိုရင်တော့ screen time များနေပြီလို့ ပြောနိုင်တယ်။ ဒါပေမဲ့ ဒီနေ့ခေတ်မှာ leisure activity တွေ၊ […]

အောင်မြင်ခြင်းဟော်မုန်းများ

ဟော်မုန်းတွေက နေ့စဉ်ဘဝမှာ ပိုပြီး active ဖြစ်ဖို့နဲ့ အောင်မြင်ဖို့ သဘာဝက ပေးထားတဲ့ မှော်စွမ်းအင် လိုပါပဲ။ ခန္ဓာကိုယ်က hormone ကို သေသေချာချာအသုံးချတတ်ရင် ကိုယ့်ရဲ့ ဘဝနေထိုင်မှုပုံစံက ပိုမို ကောင်းမွန်ပြီး အောင်မြင်လာန်ိုင်တယ်။ အောင်မြင်ခြင်းဟော်မုန်းလို့ပြောလိုက်ရင် serotonin, dopamine နဲ့ endorphin က မပါမဖြစ်ပါ။ Serotonin Serotonin ဟော်မုန်းက ပျော်ရွှင်ခြင်း ဟော်မုန်းလို့လဲ ပြောလို့ရတယ်။ Serotonin ဟော်မုန်းများတဲ့အခါ လူတွေကိုပိုပြီး စိတ်ဓာတ်တက်ကြွစေပြီး depression ဝင်တာမျိုးမဖြစ်အောင် ဟန့်တားနိုင်တယ်။ ဒါ့အပြင် အိပ်စက်တာ၊ အစာစားချင်စိတ်ဖြစ်ပေါ်စေဖို့လည်း အထောက်အကူပြုတယ်။ အလုပ်ခွင်မှာပျော်ရင်လည်း Serotonin ဟော်မုန်းများလာတတ်ပြီး productivity ကို ပိုတိုးတက်စေတယ်။ Serotonin hormone များချင်ရင်… တစ်ရက်ကို မိနစ် (၂၀)လောက် […]

တေးဂီတတွေက ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုလဲ။

သီချင်းနားထောင်ရတာကို လူတိုင်းနှစ်သက်ကြတယ်။ အားလပ်ချိန်ဖြစ်ဖြစ်၊ ပေါ့ပေါ့ပါးပါးအလုပ်တွေလုပ်တဲ့အခါမှာဖြစ်ဖြစ် သီချင်းနားထောင်ရတာ စိတ်ကို ရွှင်လန်းစေတယ်။ တေးဂီတတွေက အပျင်းပြေရုံသက်သက်အပြင် ဘယ်လို စွမ်းအားတွေရှိနေလဲ ဆိုတာ မိတ်ဆွေတို့ သိကြလား။ သုတေသနတွေအရဆိုရင် သီချင်းနားထောင်တဲ့အခါ သွေးလည်ပတ်မှုကို ပိုကောင်းစေတယ်။ ဒါ့အပြင် နှလုံးခုန်နှုန်းမြန်တာ၊ သွေးဖိအားများတာ နဲ့ stress hormone မြင့်တာမျိုးကို လျှော့ချစေတယ်။ သီချင်းနားထောင်တာက ဦးနှောက်ရဲ့ dopamine ထုတ်လုပ်မှုနှုန်းကိုလည်း တိုးတက်စေတယ်။ dopamine hormone ကတော့ စိတ်ဖိစီးမှုကို လျော့ကျစေတဲ့ hormone တစ်မျိုးပါ။ တေးဂီတတွေက မှတ်ဉာဏ်စွမ်းရည်ကိုလည်း အထောက်အကူပြုစေတယ်။ ဒါကြောင့် Alzheimer ရောဂါခံစားရသူတွေကို music therapy ပေးတာမျိုးတွေရှိတယ်။ ဆေးကုသမှုခံယူတဲ့အခါမျိုးမှာ ဦးနှောက်ကို လှုံ့ဆော်လာတဲ့ pain signals တွေကို အဟန့်အတားအနေနဲ့ ဆောင်ရွက်ပေးန်ိုင်တယ်။ […]

ကိုလက်စရော ကို ဘယ်လိုလျှော့ ချ နိုင်မလဲ။

လှုပ်လှုပ်ရှားရှားမနေရင် cholesterol များတတ်တယ်… Cholesterol များနေရင် နှလုံးရောဂါ ရနိုင်တယ်၊ လေဖြတ်တတ်တယ် ဆိုပြီး ကျွန်တော်တို့ မကြာခဏ ကြားဖူးကြတယ်။ ဒါဆိုရင် Cholesterol ဆိုတာ ဘာလဲ။ Cholesterol က အဆီပုံစံအမျိုးအစားတစ်ခုဖြစ်ပြီးတော့ အသည်းက သဘာဝအရ ထုတ်လုပ်ပေးတဲ့အရာ ဖြစ်တယ်။ Cholesterol က ခန္ဓာကိုယ်အတွက် cell membrane တွေ hormone တချို့နဲ့ Vitamin D ထုတ်လုပ်ဖို့ ကူညီတဲ့နေရာမှာ တော်တော် အရေးပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ cholesterol က လိုအပ်တယ်။ ဒါပေမဲ့ cholesterol ကို မထိန်းသိမ်းနိုင်ဘဲ များလာရင် လေဖြတ်တာမျိုး၊ heart attack ရတာမျိုးထိ ဖြစ်နိုင်တယ်။ Cholesterol များလာရင် ပုံမှန်အားဖြင့် […]

Work from home တွေအတွက်အကြုံပြုချက်

Covid နောက်ပိုင်းကနေစပြီး work from home လုပ်ရတဲ့ အလုပ်တွေရှိလာတဲ့အပြင် လူတွေတော်တော်များများကလည်း အိမ်မှာနေရင်း လုပ်လို့ရတဲ့ remote work တွေစိတ်ဝင်စားလာကြတယ်။ Work from home လုပ်လို့ကောင်းကျိုးတွေအများကြီးရှိသလို အားနည်းချက်တွေအနေနဲ့ healthy lifestyle တည်ဆောက်ဖို့ လိုအပ်တာ၊ လေ့ကျင့်ခန်း မလုပ်ဖြစ်တာမျိုး ရှိလာနိုင်တယ်။ ဒါကြောင့် work from home လုပ်တဲ့သူတွေ ကိုယ့်ရဲ့ ကျန်းမာရေးကြောင့် စိတ်မညစ်ချင်ရင်… ကိုယ့်ကိုယ်ကို self- care လုပ်ဖို့ အချိန်ပေးသေချာသတ်မှတ်ပါ။ အလုပ်ချိန်ပြင်ပမှာ ကိုယ့်အတွက် mindfulness ရစေတာ၊ physical health ကို ပိုပြီးကောင်းလာစေတဲ့ activity မျိုး (ဒါမှမဟုတ်) ကိုယ့်ရဲ့အပေါင်းအသင်း မိသားစုတွေနဲ့ social interaction လုပ်ဖို့ အချိန်သေချာပေးဖို့ […]

ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ဘယ်လောက်ပေးသင့်လဲ။

သုတေသန လေ့လာချက်တွေအရ လေ့ကျင့်ခန်းလုပ်တာက ကိုယ့်ရဲ့ energy level ကိုတိုးစေပြီး stress ကို ပြေပျောက်စေတယ်။ “Stress ရှိတာ၊ ခန္ဓာကိုယ်သက်တောင့်သက်တာမဖြစ်တာမျ်ိုးက လူတစ်ယောက်ရဲ့ productivity ကို တစ်ရက်ကို (၅)နာရီကျော်စာလောက် လျော့ကျစေတယ်။” ဒါကြောင့် mental stress ရော physical stress ပါ လျှော့ချန်ိုင်ဖို့ ပုံမှန်လေ့ကျင့်ခန်းလုပ်သင့်တယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း တစ်ရက်ကို မိနစ်(၃၀)စာလောက်နဲ့ (၅)ရက်လောက် လုပ်လို့ရတယ်။ မိနစ်(၃၀)လေ့ကျင့်ခန်းလုပ်တဲ့အခါ တစ်ခါတည်းလုပ်လို့ရသလို (၁၅)မိနစ်ခြားတစ်ခါ၊ (၁၀)မိနစ်ခြားတစ်ခါ ကိုယ်အားရင် အားသလို လေ့ကျင့်ခန်းလုပ်သင့်တယ်။ ဒီနေရာမှာ gym သွားပြီး exercise လုပ်နိုင်လည်းကောင်းသလို gym မသွားနိုင်ရင်လည်း ပုံမှန် moderate exercise မျ်ိုးလုပ်နိုင်ရင်လည်း အဆင်ပြေတယ်။ ပုံမှန် အလုပ်က break […]

Vitamin C ချို့တဲ့ကြောင်း ဘယ်လိုသိနိုင်မလဲ။

Vitamin C က body cell တွေကို ကာကွယ်ဖို့ ၊ connective tissues တွေဖြစ်ပေါ်လာစေဖို့ အများကြီး အထောက်အကူပြုတဲ့ vitamin ပါ။ ရောဂါကာကွယ်စေတဲ့အပြင် ကိုယ်ခံအားကောင်းစေတဲ့ vitamin လို့လည်း ပြောလို့ရတယ်။ Vitamin C ကို ခန္ဓာကိုယ်က မထုတ်လုပ်ပေးနိုင်တဲ့အတွက် ကိုယ့်ရဲ့ diet ဒါမှမဟုတ် ဖြည့်စွက်အစာ၊ဆေးကနေ လုံလုံလောက်လောက်ရရှိဖို့အရေးကြီးတယ်။ ဒါကြောင့် ကျွန်တော်တို့ ခန္ဓာကိုယ်မှာ Vitamin C ချို့တဲ့နေလားဆိုတာ သိဖို့ လိုအပ်တယ်။ ပုံမှန်အားဖြင့် Vitamin C လိုအပ်နေပြီဆိုရင်… လက်မောင်း၊ ပေါင်ခြံစတဲ့နေရာတွေမှာ အဖုအပိမ့်ထွက်တာ လက်သည်းမှာ အနီအစက်အပြောက်တွေ ဖြစ်လာတာ အသားအရေခြောက်သွေ့ ပျက်စီးလွယ်လာတာ အလွယ်တကူထိခိုက် ပွန်းပဲ့လွယ်ပြီး အနာကျက်တာ ကြာလာတာ အရိုးအဆစ်တွေအားနည်းပြီး […]