နေ့စဥ်အလုပ်တွေရဲ့ စွမ်းပကား

ကျွန်တော်တို့ဆီမှာ အိပ်မက်တွေ၊ ရည်မှန်းချက်ပန်းတိုင်တွေ ကိုယ်စီရှိကြပါတယ်။ ရရှိအောင်လဲ နည်းအမျိုးမျိုးနဲ့ ကြိုးစားနေကြတာပါ။ ဒီလိုကြိုးစားတဲ့နေရာမှာ တစ်ရက်တည်းနဲ့ တစ်ခေါက်တည်း ကြိုးစားရုံနဲ့ ရလာနိုင်မှာ မဟုတ်ပါဘူး။ သစ်ပင်ကြီးတစ်ပင်ကို တစ်ချက်တည်းခုတ်ရုံနဲ့ ပြိုလဲသွားအောင် လုပ်လို့မရပါဘူး။ တစ်ခါတစ်လေမှာ တစ်နေ့တစ်ချက် အချက်ပေါင်း ၃၅၆ ချက်လောက် လိုရင်လိုအပ်နိုင်သလို ဒီ့ထက်ပိုပြီးလဲ လိုအပ်နိုင်ပါတယ်။ ဘဝအပြောင်းအလဲဖြစ်စေမယ့် အကြောင်းအရာတွေကလဲ ဒီလိုပါပဲ။ အရေးကြီးတာက နေ့စဥ်လုပ်နေတဲ့ အလုပ်တွေရဲ့ အကျိုးသက်ရောက်မှုပါ။ နေ့စဥ် အလုပ်တွေရဲ့ စွမ်းပကားကို လျှော့တွက်လို့မရပါဘူး။ အောင်မြင်မှုကို ရရှိတဲ့သူတွေ၊ စွမ်းဆောင်ရည်ကောင်းတွေကို ပြသထားတဲ့သူတွေရဲ့ နေ့စဥ်ဘဝက အကျိုးရှိတဲ့ အလုပ်တွေနဲ့ပဲ ပြည့်နေတာပါ။ ဘဝတွေကို ကွာသွားစေတာကလဲ နေ့စဥ်လုပ်တဲ့ အလုပ်တွေပါပဲ။ တစ်ရက်ကို ၁ % လုပ်တာက တစ်နှစ်ကို ၃၆၅ % […]

E-book တွေနဲ့ နေသားကျအောင်ကျင့်ယူပါ

————————————————————— နည်းပညာတိုးတက်လာတာနဲ့အမျှ လုပ်ငန်းတော်တော်များများကို နည်းပညာအကူအညီနဲ့ အဆင့်မြှင့်တင်လာကြတယ်၊ Digitalize လုပ်လာကြပါတယ်။ ဒီထဲမှာ စာအုပ်ပုံနှိပ်တဲ့ လုပ်ငန်းလဲ အပါအဝင်ပါပဲ။ စာဖတ်သူတွေ ပိုအဆင်ပြေအောင်၊ ထုတ်လုပ်ခ သက်သာအောင်၊ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်အောင်စတဲ့ အကြောင်းပြချက်တွေနဲ့ စာရွက်နဲ့ ပုံနှိပ်တဲ့ Paper Bookတွေနေရာမှာ E-book တွေကို အစားထိုးအသုံးပြုလာကြပါတယ်။ နောက်ပိုင်းနှစ်တွေမှာ E-book တွေ အသုံးပြုမှုတွေ မြင့်တက်လာပေမဲ့ မျှော်မှန်းထားသလိုတော့ Paper Book တွေကို လုံးဝ အစားထိုးနိုင်ခြင်း မရှိသေးပါဘူး။ ဒါက စာအုပ်တွေကို ကိုင်ပြီး ဖတ်ရ အရသာ၊ စာရွက်အနံ့၊ စာရွက်လှန်ရတဲ့ အရသာ၊ ပိုပြီး အာရုံစူးစိုက်မှု ကောင်းတာ ဒီလိုမျိုး အတွေ့အကြုံတွေမှာ E-book တွေက လိုက်မမှီသေးတာကြောင့် ဖြစ်ပါတယ်။ […]

လူတိုင်းမှာ Dream List တစ်ခု လိုပါတယ်

————————————————————— ဘဝဆိုတာ အတွေ့အကြုံတွေတစ်ခုလိုပါပဲ။ ရက်ပေါင်း ၃၀၀၀၀ လောက်ပဲ နေရတဲ့ အချိန်ခဏလေးမှာ ကိုယ်ဖြစ်ချင်တာတွေကို ဖြစ်အောင် လုပ်သွားသင့်ပါတယ်။ လူတိုင်းမှာ ဖြစ်ချင်တဲ့ အိပ်မက်တွေ၊ လုပ်ချင်တာတွေ၊ လိုချင်တာတွေ ဒီလိုမျိုး List တွေ ရှိကြမှာပါ။ ဒီလို List တွေက ဘဝကို ဖြတ်သန်းရတဲ့ အကောင်းဆုံး အတွေ့အကြုံတွေကို ရဖို့အတွက် ကူညီပေးနိုင်ပါလိမ့်မယ်။ ဒါကြောင့် လူတိုင်းမှာ ဒီလိုမျိုး အိပ်မက်တွေအတွက် ကြိုတင်စီစဥ်ထားတဲ့ List တစ်ခု လိုကိုလိုအပ်ပါတယ်။ ကျွန်တော်တို့တွေမှာ အသက်ဘယ်လောက်ထိ နေရမယ်ဆိုတာ ဘယ်သူမှ သေချာမသိပါဘူး။ ‌မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကာလကြားမှာ လုပ်ချင်တဲ့အရာတွေကို စာရင်းလုပ်ထားပြီး တစ်ခုပြီး တစ်ခု အကောင်အထည်ဖော်သွားဖို့က အရေးကြီးပါတယ်။ ကိုယ်ပိုင်လုပ်ငန်း တည်ထောင်ချင်တာလား? နယ်ပယ်တစ်ခုမှာ ဆရာကြီး ဖြစ်ချင်တာလား? […]

အသက်ရှည်စေမယ့် လျှို့ဝှက်ချက်တစ်ခု သို့မဟုတ် စာဖတ်ခြင်း

————————————————————————— ကျွန်တော်တို့ အကုန်လုံးကတော့ ပိုပျော်ရတဲ့၊ ပိုကျန်းမာတဲ့၊ ပိုပြီး စိတ်ငြိမ်းချမ်းတဲ့ ဘဝတွေကို ပိုင်ဆိုင်ရဖို့ ကြိုးစားနေကြရတာပါပဲ။ ကျန်းမာရေး အသိတွေ ကြွယ်ဝလာတဲ့အမျှ လေ့ကျင့်ခန်းတွေလုပ်ကြတယ်၊ သန့်ရှင်းလတ်ဆတ်တဲ့ အသီးအရွက်တွေပိုစားကြတယ်၊ တရားထိုင်ကြတယ် ဒီလို နည်းလမ်းအမျိုးမျိုးနဲ့ အသက်ရှည်အောင် လုပ်နေကြပါတယ်။ ဒီထဲကမှ အများစု သတိမထားမိပေမဲ့ အကျိုးများတဲ့ အလေ့အကျင့်တစ်ခုကလဲ လျှို့ဝှက်ချက်တစ်ခုအနေနဲ့ ရှိနေပါသေးတယ်။ ဒါကတော့ စာဖတ်ခြင်းပါ။ စာဖတ်တဲ့ အလေ့အကျင့်က ကျွန်တော်တို့ရဲ့ အသက်ရှင်ရမယ့် သက်တမ်းထဲကို တန်ဖိုးရှိလှတဲ့ နှစ်အပိုင်းအခြားတွေ ပေါင်းထည့်ပေးနိုင်တယ်ဆိုတာ သိပါသလား? ဘာလို့ စာဖတ်ခြင်းက ကျန်းမာရေးအတွက် ကောင်းမွန်ပြီး အသက်ရှည်စေရတာပါလဲ? ကျွန်တော် အရင်က ပြောပြခဲ့သလိုမျိုး စာဖတ်တယ်ဆိုတာ မတူညီတဲ့ ဦးနှောက်အစိတ်အပိုင်းတွေ ပေါင်းစပ်ပြီး လုပ်ဆောင်ရတာပါ။ ဒီတော့ စာဖတ်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ […]

စာကြမ်းပိုးလေးတွေပဲ ကြုံတွေ့ရတတ်တဲ့ အခက်အခဲများ

——————————————————————— စာဖတ်ရတာကို ကြိုက်လွန်းတဲ့ စာကြမ်းပိုးတွေ ဖြစ်ရတာလဲ တကယ်တော့ မလွယ်လှပါဘူး။ ကျွန်တော်တို့မှာလဲ ကိုယ့်အခက်အခဲနဲ့ကိုယ် ကိုး။ ဒီနေ့မှာတော့ စာကြမ်းပိုးတွေ ကြုံရတတ်တဲ့ အခက်အခဲတွေထဲက အနည်းငယ်လောက်ကို ပြောပြပေးသွားပါ့မယ်။ နောက်ထပ် ဘယ်စာအုပ်ဖတ်ရမလဲ? စာအုပ်တစ်အုပ်ဖတ်လို့ ပြီးသွားရင် နောက်ထပ် ဘာဖတ်ရမလဲ စဥ်းစားရတာက အလုပ်တစ်လုပ်ပါပဲ။ ဘယ်စာရေးဆရာကို ဖတ်ရမလဲ၊ ဘယ်လို စာအုပ်အမျိုးအစားကို ဖတ်ရမလဲဆိုတာက အမြဲလိုလို ကြုံတွေ့ရတတ်ပါတယ်။ ဖတ်ရမယ့် စာအုပ်တွေများနေခြင်း ဘယ်စာအုပ် ဖတ်ရမလဲ မသိတာအပြင် ဖတ်ရမယ့် စာအုပ်တွေများနေတာကလဲ ပြဿနာတစ်ခုပါပဲ။ ကိုယ့်ရဲ့ Waiting List ထဲမှာ စာအုပ်တွေ ပုံနေပြီး တစ်အုပ်က ဖတ်လို့မပြီးသေးဘူး။ နောက်တစ်အုပ်က ဖတ်ချင်လို့ ဖတ်လိုက်ရော၊ ဒီတော့ ဖတ်နေတဲ့ စာအုပ်တွေ တန်းလန်းဖြစ်နေတာမျိုးလဲ ကြုံရပါသေးတယ်။ […]

အိပ်ပျော်ဖို့ စာဖတ်ပါ

—————————— ဒီဘက်ခေတ်မှာ Social Media လိုမျိုး စိတ်အာရုံပြန့်လွင့်စရာတွေကြောင့် ညအိပ်ရာဝင်နောက်ကျတာ၊ အိပ်မပျော်တာ၊ အိပ်ရေးမဝတာမျိုးတွေ ကြုံလာကြရပါတယ်။ အိပ်ကာနီး Blue Light လျှော့ချတာ၊ Sleeping Music နားထောင်တာ စတဲ့ နည်းလမ်းတွေနဲ့ အိပ်စက်ချိန်ကို ဂရုစိုက်နေကြရပါတယ်။ ဒီထဲမှာ စာအုပ်ဖတ်တာကလဲ အိပ်ပျော်စေဖို့၊ အိပ်ရေးဝစေဖို့အတွက် လုပ်သင့်တဲ့ အချက်တစ်ချက်ပါပဲ။ ဘာကြောင့် အိပ်ကာနီး စာအုပ်ဖတ်သင့်လဲဆိုရင်… စာအုပ်ဖတ်ခြင်းက စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ ညအချိန် အိပ်ကာနီးမှာ စိတ်ပူပန်စရာတွေ၊ စိတ်ဖိစီးမှုတွေကို တွေးမိပြီး အိပ်မပျော်ဖြစ်စေပါတယ်။ စာအုပ်ဖတ်နေလိုက်တာက တခြားကိစ္စတွေကို ခဏတာမေ့သွားစေပြီး စာအုပ်ထဲမှာ အာရုံစိုက်စေတဲ့အတွက် ပူပန်စရာတွေကို လျော့ကျစေပြီး အိပ်ပျော်စေမှာပါ။ စာဖတ်ခြင်းက မျက်လုံးညောင်းစေပါတယ်။ စာဖတ်တဲ့အချိန်မှာ မျက်လုံးရဲ့ ကြွက်သားတွေကို အသုံးပြုပြီး အသေးစား ရွေ့လျားမှု‌လေးတွေပြုလုပ်ရပါတယ်။ […]

Time Management စာအုပ်တွေထဲက အချိန်စီမံခန့်ခွဲနည်းများ

ကျွန်တော်တို့ အနေနဲ့ အချိန်တွေကို စီမံခန့်ခွဲနိုင်ဖို့၊ အလုပ်ပြီးမြောက်နိုင်စွမ်းတွေ ပိုတိုးတက်လာစေဖို့အတွက် စာအုပ်တွေဖတ်လေ့ရှိကြပါတယ်။ စာအုပ်တစ်အုပ်ချင်းစီတိုင်းမှာ ထူးခြားတဲ့ နည်းစနစ်လေးတွေရှိသလို ကိုယ်နဲ့ ကိုက်ညီတဲ့ နည်းလမ်းတွေလဲ တစ်အုပ်မဟုတ် တစ်အုပ်တော့ ရှိနေနိုင်ပါတယ်။ ဒီနေ့မှာတော့ Time Management စာအုပ်ကောင်းတချို့နဲ့ သူတို့ထဲက နည်းစနစ်ကောင်းလေးတွေကို ဖော်ပြပေးသွားမှာပါ။ ပထမဆုံးစာအုပ်ကတော့ 15 secrets successful people know about time management စာအုပ်ပါ။ ဒီစာအုပ်ထဲမှာဆိုရင် ကိုယ့်ရဲ့ အရေးအကြီးဆုံး အလုပ်တွေ MITs တွေ ကို သိအောင်အရင်လုပ်ရပါမယ်။ ကိုယ့်ရဲ့ အရေးအကြီးဆုံး အလုပ်တွေ၊ အရင်ဆုံး ပြီးအောင် လုပ်ရမယ့် အလုပ်တွေကို အရင်ဆုံးပြီးအောင်လုပ်သင့်ပြီး စွမ်းအင်အမြင့်ဆုံးဖြစ်တဲ့ မနက်ပိုင်းမှာ လုပ်ဖို့လဲ ပြောထားပါတယ်။ နောက်တစ်အုပ်ကတော့ David […]

အချိန်သတ်မှတ်၍ စာဖတ်ကြည့်ခြင်း

————————————————————————— စာဖတ်ဖို့ အချိန့်လုနေရတာကလဲ ကျွန်တော်တို့ ခဏခဏ ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာတစ်ခုပါပဲ။ ဖတ်ဖို့ ပြင်ဆင်ထားတဲ့ စာအုပ်တွေက Waiting-List ထဲမှာ တသီတတန်းကြီးရှိနေပြီး နောက်ထပ် အသစ်ထွက်လာတဲ့ စာအုပ်တွေကလဲ အများကြီးရှိနေတဲ့ ဒီလို ခေတ်ကြီးမှာပေါ့။ အစက ထင်ထားခဲ့ကြတာကတော့ မိုးရွာတဲ့ ရက်လေးတွေဆိုရင် စာအုပ်လေးတစ်အုပ် ကော်ဖီလေးတစ်ခွက်နဲ့ ညနေခင်းလေးကို ဖြတ်သန်းမယ်။ နွေရာသီမှာဆို အအေးလေး တစ်ခွက်နဲ့ပေါ့။ ဒါပေမဲ့ တကယ်တမ်းမှာတော့ စာဖတ်ဖို့ အချိန်ကို စောင့်ဆိုင်းရင်း ညနက်သွားတာနဲ့ ဖတ်ရင်း ဖတ်ရင်း မနက်ထိ ရောက်သွားတာမျိုး၊ နောက်နေ့ကျရင် အိပ်ရေးမဝဘဲ ပင်ပန်းနေတာမျိုးတွေပဲ ကြုံနေတတ်ကြတာပါ။ အစတုန်းက စာဆိုတာ အချိန်ပေး ဇိမ်နဲ့ ဖတ်မှပဲ ရမယ်လို့ ထင်ခဲ့တာကိုး။ ဒါပေမဲ့ အချိန်မှတ်ပြီးစာဖတ်တဲ့ နည်းလမ်းတစ်ခုကို စမ်းကြည့်ခဲ့ပါတယ်။ […]

စည်းမျဥ်းတွေကို ချိုးဖောက်ခဲ့တဲ့ Elon Musk ရဲ့ နည်းဗျူဟာများ

————————————————————————— စွန့်ဦးတီထွင်ဆိုတာ အပြောင်းအလဲတစ်ခုကို စိန်ခေါ်ခဲ့တဲ့သူ အသစ်တစ်ခုခုကို တီထွင်နိုင်ခဲ့ပြီး မမျှော်လင့်ထားတဲ့ နည်းလမ်းတစ်ခုကနေ ဖန်တီးပြနိုင်ခဲ့သူမျိုးပါ။ ဒီလိုမျိုး သူများနဲ့ မတူတဲ့ အရာကို လုပ်ပြနိုင်ခဲ့လို့သာ စွန့်ဦးတီထွင်ဖြစ်နေရတာပေါ့။ ဒီထဲကမှ ဘယ်သူမှ ထင်မှတ်မထားတဲ့ အရာတွေကို လုပ်ပြနိုင်တဲ့ စွန့်ဦးတီထွင်တစ်ယောက်ဆိုရင် Tesla နဲ့ Space X တို့ရဲ့ CEO Elon Musk က ထိပ်ဆုံးကပဲ ဖြစ်ပါလိမ့်မယ်။ Elon Musk က ဘယ်သူပါလဲ? စွန့်ဦးတီထွင်တစ်ယောက်လား? အောင်မြင်လာခဲ့တဲ့ အံ့ဖွယ်တစ်ခုပဲလား? Twitter မှာ Troll နေတဲ့သူတစ်ယောက်လား? ကမ္ဘာ့အချမ်းသာဆုံး လူတွေထဲက တစ်ယောက်ပဲလား? ဒီလို တံဆိပ်တွေထက် လွှမ်းမိုးမှုအရှိဆုံး လူတစ်ယောက်ဆိုရင် သူ့အတွက် ပိုပြီး မှန်ကန်ပါလိမ့်မယ်။ သမားရိုးကျ စည်းမျဥ်းတွေကို […]

သတင်းအချက်အလက်တွေကို ထိရောက်မြန်ဆန်စွာ စုပ်ယူခြင်း

စာဖတ်တယ်ဆိုတာ သတင်းအချက်အလက်တွေကို ရယူဖို့ပါပဲ။ ဒီလို ဖတ်တဲ့နေရာမှာ နားလည်ဖို့နဲ့ မှတ်မိဖို့က အရေးကြီးပါတယ်။ နောက်ပိုင်း စာအများကြီးဖတ်လာတဲ့အခါမှာတော့ အချိန်နည်းနည်းနဲ့ စာများများ ဖတ်နိုင်ဖို့အတွက် လိုအပ်လာပါတယ်။ ဒီလိုမျိုး အချိန်တွေ နည်းလာလေ၊ စာအများကြီး ဖတ်ချင်လာလေ အခြေအနေအတွက် စာမြန်မြန်ဖတ်ခြင်း Speed Reading နည်းလမ်းက တော်တော်လေး အသုံးဝင်ပါတယ်။ နောက်ပြီး ဒီနေ့ခေတ်မှာ သတင်းအချက်အလက်တွေက နေ့စဉ်နဲ့အမျှ များပြားလွန်းလာပါတယ်။ အလုပ်က Mail တွေ၊ Report တွေ၊ Website တွေ သာမကပဲ Social Media, စာအုပ်ဖတ်တာတွေအထိ မလိုအပ်တဲ့ သတင်းအချက်အလက်တွေက များလာပါတယ်။ ဒီလိုအခြေအနေတွေမှာ မလိုအပ်တာတွေကို ဖယ်ထုတ်ပစ်ဖို့ အဓိက လိုအပ်တဲ့ သတင်းအချက်အလက်ကိုပဲ မှတ်မိဖို့အတွက်လဲ Speed Reading က […]