ကဖိန်းဓာတ်ဆိုတာနဲ့ လူတော်တော်များများက ကော်ဖီကိုပဲပြေးမြင်မိကြမှာပါ။ လူတော်တော်များများရဲ့တနေ့တာမှာလည်း ကော်ဖီဟာ မရှိမဖြစ်အရာတစ်ခု ဖြစ်နေပါတယ်။ တစ်ချို့ကလည်း ဒါက ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ်ကြောင့် စွဲလမ်းပြီး မသောက်ရမနေနိုင်တာလို့ပြောကြပါတယ်။ ဒီတော့ ကဖိန်းဓာတ်နဲ့ပတ်သက်ပြီး မှားယွင်းစွာသိနေကြတဲ့အချက်လေးတွေကိုပြောပြပေးချင်ပါတယ်။

(၁) ကဖိန်းဓာတ်က အိပ်မပျော်တဲ့ရောဂါရစေတယ်။

ဒီအချက်ကတော့ လူပြောအများဆုံးပါ။ ကဖိန်းဓာတ်ပါတဲ့ကော်ဖီတွေသောက်တာများရင် အိပ်မပျော်တဲ့ရောဂါရစေတယ်ဆိုပြီး ထင်တတ်ကြပါတယ်။

ကျွန်တော်တို့ရဲ့ လူ့ခန္ဓာကိုယ်က ကဖိန်းဓာတ်ကို အလွယ်တကူစုပ်ယူနိုင်ပါတယ်။ ဒါပေမယ့် အချိန်တိုအတွင်းမှာပဲ ပြန်လည်ချေဖျက်ပစ်နိုင်ပြီး ခန္ဓာကိုယ်ကနေ ပြန်လည်စွန့်ထုတ်နိုင်ပါတယ်။ ချွင်းချက်အနေနဲ့ တစ်ချို့သော ကဖိန်းဓာတ်တွေကတော့ ခန္ဓာကိုယ်ထဲမှာ ကျန်နေတတ်ပါတယ်။

ဒီတော့ တစ်နေ့ကို ကော်ဖီ(၂)ခွက်လောက်သောက်ရုံနဲ့ ကျွန်တော်တို့ကို ညဘက်အိပ်မပျော်အောင် နှောင့်ယှက်နိုင်ဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ သတိထားရမှာက ကော်ဖီ ဒါမှမဟုတ် ကဖင်းဓာတ်ပါဝင်တာတွေကို အိပ်ယာဝင်ချိန်နဲ့(၆)နာရီဝန်းကျင် ခွာပြီး မှီဝဲဖို့တော့ လိုအပ်ပါတယ်။

(၂) ကဖိန်းဓာတ်က ရေဓာတ်ကုန်ဆုံးစေတယ်။

ကဖိန်းဓာတ်ကို ခန္ဓာကိုယ်ကနေ စွန့်ထုတ်တဲ့အတွက် ဆီးသွားချင်စိတ်တော့ဖြစ်ပေါ်လာပါတယ်။ ဒါပေမယ့် ပြောပလောက်​အောင်တော့မဟုတ်ပါဘူး။

(၃) ကဖိန်းဓာတ်က ကျန်းမာရေးကို အထောက်အကူမဖြစ်စေဘူး။

“တန်ဆေးလွန်ဘေး” ဆိုတဲ့အတိုင်းပဲ ကဖိန်းဓာတ်မှာလည်း အကျိုးကျေးဇူးတချို့ရှိပါတယ်။ ကဖိန်းဓာတ်ပါတဲ့ ကော်ဖီကို သင့်တင့်မျှတတဲ့ပမာဏပဲသောက်သုံးမယ်ဆိုရင် အာရုံကြောစနစ်ကိုလှုံ့ဆော်ပေးနိုင်ပြီးတက်ကြွလန်းဆန်းစေတာ၊ အာရုံစူးစိုက်မှုကောင်းစေတာ စတဲ့အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။

(၄) ကော်ဖီနဲ့ အရက်ရောသောက်ရင် ပိုကောင်းတယ်။

အရက်နဲ့ကော်ဖီနဲ့ရောစပ်ပြီးသောက်ရင် မူးရင်တောင် လူကိုတည်တည်ငြိမ်ငြိမ်ဖြစ်စေတယ်လို့ပြောကြပါတယ်။ တကယိတော့မဟုတ်ပါဘူး။ အဲဒီလိုရောစပ်ပြီးသောက်တဲ့သူတွေမှာ ယာဉ်မတော်တဆမှုတွေပိုအဖြစ်များကြတာပါ။

(၅) ကဖိန်းဓာတ်က စွဲလမ်းစေတယ်။

ကဖိန်းဓာတ်က စွဲလမ်းစေသလားလို့ပြောရင် လူတစ်ဦးချင်းဆီအပေါ်မူတည်တယ်လို့ဆိုရမှာပါ။ ကဖိန်းဓာတ်က အာရုံကြောစနစ်ကို လှုံ့ဆော်ပေးတဲ့အတွက် ကော်ဖီလိုမျိုး ကဖိန်းဓာတ်ပါတဲ့အရာတွေက တက်ကြွစေပါတယ်။

ဒါပေမယ့် ကဖိန်းဓာတ်ပါတဲ့အရာတွေကြောင့် မူးယစ်ဆေးဝါးလိုမျိုး ကျန်းမာရေးကိုအရမ်းမထိခိုက်စေနိုင်ပါဘူး။

တကယ်လို့ တနေ့ကို ကော်ဖီနှစ်ခွက် (သို့) နှစ်ခွက်ထက်ပိုပြီးသောက်နေကျလူတွေက ရုတ်တရက်ကော်ဖီသောက်တာရပ်တန့်လိုက်ရင်တော့ ခေါင်းကိုက်တာ၊ မောပန်းနွမ်းနယ်တာ၊ အာရုံစိုက်ရခက်တဲ့ပြဿနာလေးတွေ ကြုံတွေ့ရနိုင်ပါတယ်။

အခုဆိုရင် မိတ်ဆွေတို့အနေနဲ့ ကဖိန်းဓာတ်နဲ့ပတ်သက်ပြီး မှားယွင်းစွာသိနေကြတဲ့အချက်တချို့ကို သိရှိသွားပြီလို့ထင်ပါတယ်။

မိတ်ဆွေတို့သိချင်တဲ့တခြားအကြောင်းအရာတွေရှိရင်လည်း comment မှာဝင်ရောက်မေးမြန်းနိုင်ပါတယ်။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr. Thuta

Leave a Reply

Your email address will not be published. Required fields are marked *