မိတ်ဆွေတို့အနေနဲ့ ဝင်ငွေလမ်းကြောင်း အသစ်မဖန်တီးခင် ဝင်ငွေလမ်းကြောင်း တွေက ဘာတွေလဲဆိုတာ သိထားဖို့လိုပါတယ်။
ဝင်ငွေလမ်းကြောင်းဆိုတာ ကျွန်တော်တို့ဆီ ပိုက်ဆံဝင်နေတဲ့ နေရာတွေကို ပြောတာဖြစ်ပီးတော့ ဝင်ငွေလမ်းကြောင်းကို အဓိကအားဖြင့် အောက်ပါအတိုင်း (7) မျိုးခွဲလို့ရပါတယ်။
(1) လုပ်အားခဝင်ငွေ (Earned Income)
Earned Income ဆိုတာ ကျွန်တော်တို့ရဲ့ အဓိကအလုပ်ကနေ ရတဲ့ လစာဖြစ်ပါတယ်။ ဒါ့အပြင် Bonus တွေ၊ ကော်မရှင်ရတာတွေလဲ ပါဝင်ပါတယ်။
ဥပမာ- မိတ်ဆွေရဲ့ လစဥ်ပုံမှန်ဝင်ငွေ က (3)သိန်းဖြစ်ပြီးတော့ ရက်မှန်ကြေး (3)သောင်းရတယ်ဆို မိတ်ဆွေရဲ့ လစဥ် Earned Income က (3) သိန်း (3) သောင်းဖြစ်ပါတယ်။
(2) အပိုဝင်ငွေ (Business Income (or) Profit Income)
Business Income ဆိုတာ လုပ်အားခဝင်ငွေ မဟုတ်ဘဲ အခြားအလုပ် တစ်ခုခုကနေ ရတဲ့ ဝင်ငွေပဲ ဖြစ်ပါတယ်။ အမြဲတမ်းအလုပ်မဟုတ်ဘဲ တစ်နေရာရာကနေ ဝယ်ပြီး ပြန်ရောင်းရာကနေ ရတဲ့ အမြတ်လိုမျိုးကို ပြောတာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်တိုင်ထုတ်လုပ် ရောင်းချတာတို့လဲ ပါဝင်ပါတယ်။
ဥပမာ- မိတ်ဆွေက အလုပ်တစ်ခုခု လုပ်နေရင်း Online shopping ပါတွဲလုပ်နေတယ်ဆို အဲ့ Online Shopping ကရောင်းရတဲ့ အမြတ်ငွေက မိတ်ဆွေရဲ့ Business Income (or) Profit Income ဖြစ်ပါတယ်။
(3) အတိုးဝင်ငွေ (Interest Income)
Interest Income ဆိုတာ Bank မှာ ငွေစုထားရာက အတိုးရတဲ့ ဝင်ငွေ ဖြစ်ပါတယ်။
ဥပမာ- မိတ်ဆွေက အတိုးနှုန်း (8%) နဲ့ ဘဏ်မှာ (10) သိန်း ငွေစုထားတယ်ဆို တစ်လလျှင်ရတဲ့ (6600) က မိတ်ဆွေရဲ့ အတိုးဝင်ငွေ ဖြစ်ပါတယ်။
(4) အမြတ်ဝင်ငွေ (Dividend Income)
Dividend Income ဆိုတာ ရင်းနှီးမြှုပ်နှံထားတဲ့ စတော့၊ ရှယ်ယာတွေ ကနေ အမြတ်ရရှိတဲ့ ဝင်ငွေ ဖြစ်ပါတယ်။ စတော့၊ ရှယ်ယာတွေကနေ ရရှိတဲ့ အမြတ်ငွေကို Accounting မှာဆို (Share of Profits) လို့ခေါ်ပါတယ်။
ဥပမာ- မိတ်ဆွေ ရှယ်ယာဝင်ထားတဲ့ ကုမ္ပဏီက တစ်နှစ်ပြည့်လို့ နှစ်ချုပ်စာရင်းလုပ်တဲ့အခါ မြတ်နေရင် ကိုယ်ဝယ်ယူထားတဲ့ ရှယ်ယာ ရာခိုင်နှုန်း အလိုက် ရရှိတဲ့ ပိုက်ဆံက မိတ်ဆွေရဲ့ အမြတ်ဝင်ငွေ ဖြစ်ပါတယ်။
(5) ငှားရမ်းခဝင်ငွေ (Rental Income)
Rental Income ဆိုတာ မိတ်ဆွေပိုင်ဆိုင်တဲ့အရာ (အိမ်၊ ခြံ၊ မြေ စသည်ဖြင့်) ကိုငှားရမ်းထားတဲ့အတွက် ရရှိတဲ့ဝင်ငွေ ဖြစ်ပါတယ်။
ဥပမာ- မိတ်ဆွေရဲ့ ခြံဝိုင်းတစ်ခုကို ငှားရမ်းထားတဲ့အတွက် ရတဲ့ (3) သိန်းက မိတ်ဆွေရဲ့ လစဥ်ငှားရမ်းခ ဝင်ငွေဖြစ်ပါတယ်။
(6) ရင်းနှီးမှုအမြတ်ဝင်ငွေ (Capital Gains)
Capital Gains ဆိုတာ ကိုယ်ဝယ်ယူရင်းနှီးထားတဲ့ အိမ်၊ ခြံ၊ မြေ၊ ကား ကို တစ်ဆင့်ပြန်လည် ရောင်းချရာကနေ ရရှိတဲ့ဝင်ငွေ ဖြစ်ပါတယ်။
ဥပမာ- လွန်ခဲ့တဲ့ (2) လလောက်က သိန်း (230) နဲ့ဝယ်ခဲ့တဲ့ ကားကို သိန်း (250) နဲ့ ပြန်ရောင်းလိုက်ရင် သိန်း (20) က ရင်းနှီးမှုအမြတ်ငွေပဲ ဖြစ်ပါတယ်။
(7) မူပိုင်ခွင့်ဝင်ငွေ ( Royalties Income (or) Licensing Income)
Royalties Income ဆိုတာ ဖန်တီးခဲ့ဖူးတဲ့အရာ (သီချင်း၊ ဓာတ်ပုံ၊ Youtube Content စသည်ဖြင့်) ကနေ မူပိုင်ခွင့်အတွက် အမြဲတမ်းရရှိနေတဲ့ ဝင်ငွေပဲ ဖြစ်ပါတယ်။
ဥပမာ- မိတ်ဆွေ ဖန်တီးထားတဲ့ Youtube Video တစ်ခုက views တက်နေတာနဲ့အမျှ အမြဲတမ်းရရှိနေမဲ့ ဝင်ငွေဖြစ်ပါတယ်။
မိတ်ဆွေရော လက်ရှိမှာ ဝင်ငွေလမ်းကြောင်း ဘယ်နှခု ရှိနေပြီလဲ? Comment မှာဖြေပေးသွားပါဦး။
Dana Daily
Money is an energy
