‘ဘူးတစ်လုံးဆောင် အိုတောင်မဆင်းရဲ’ ဆိုသလိုပဲ ကိုယ်ပိုင်ငွေကြေးစီမံခန့်ခွဲတဲ့မှာလဲ “ဘူး” တစ်လုံးဆောင်ပြီး ငြင်းတတ်ဖို့လိုပါတယ်။
အထူးသဖြင့် ငွေစုနေတဲ့အချိန်တွေ၊ အသုံးစရိတ်ကိုစီမံခန့်ခွဲနေတဲ့အချိန်တွေမှာ ငြင်းရမှာ အားမနာပါနဲ့။
ငွေစုနေတဲ့အချိန်တွေ၊ အသုံးစရိတ်ကိုစီမံခန့်ခွဲနေတဲ့အချိန်တွေမှာ ငြင်းခိုင်းတယ်ဆိုတာ မလိုအပ်ဘဲငွေကုန်စေတဲ့အရာတွေကို ငြင်းခိုင်းတာဖြစ်ပါတယ်။
ဥပမာပြောရရင် သူငယ်ချင်းတွေက အပြင် Hang out ထွက်ဖို့ ခေါ်တာမျိုးတွေ၊ ညစာသွားစားဖို့ ခေါ်တာမျိုးတွေကို ငြင်းခိုင်းတာဖြစ်ပါတယ်။
ဒါ့အပြင် ငွေစုတာလေး နည်းနည်းလေးရပြီဆိုတာနဲ့ ဟိုဟာဝယ်ချင်၊ ဒီဟာဝယ်ချင်နဲ့ အလိုဆန္ဒတွေ များလာတတ်ပါတယ်။ ဒီလိုမျိုးဖြစ်တဲ့အခါမှာလဲ ကိုယ့်စိတ်ကိုယ်ထိန်းပြီး မလိုအပ်တာတွေ မသုံးမိအောင် ကိုယ့်ကိုကိုယ်ငြင်းနိုင်ဖို့လဲ လိုပါတယ်။
ဒီလိုမျိုး မလိုအပ်တဲ့အရာတွေကို မသုံးမိဖို့၊ မဝယ်မိဖို့ ငြင်းတတ်တဲ့အကျင့်ကို စနစ်မွေးမြူထားတဲ့အခါ အခြေခံကိုယ်ပိုင်ဝင်ငွေစီမံခန့်ခွဲနိုင်စွမ်းမြင့်တက်လာပြီး မိတ်ဆွေကို အပိုငွေတွေ ထွက်လာစေပါလိမ့်မယ်။
မိတ်ဆွေရော ကိုယ်ပိုင်ဝင်ငွေစီမံခန့်ခွဲမှုပြုလုပ်တဲ့အခါ ငြင်းသင့်တဲ့အရာတွေကို ငြင်းဖြစ်ရဲ့လား…?