လှုပ်လှုပ်ရှားရှားမနေရင် cholesterol များတတ်တယ်…
Cholesterol များနေရင် နှလုံးရောဂါ ရနိုင်တယ်၊ လေဖြတ်တတ်တယ် ဆိုပြီး ကျွန်တော်တို့ မကြာခဏ ကြားဖူးကြတယ်။
ဒါဆိုရင် Cholesterol ဆိုတာ ဘာလဲ။
Cholesterol က အဆီပုံစံအမျိုးအစားတစ်ခုဖြစ်ပြီးတော့ အသည်းက သဘာဝအရ ထုတ်လုပ်ပေးတဲ့အရာ ဖြစ်တယ်။
Cholesterol က ခန္ဓာကိုယ်အတွက် cell membrane တွေ hormone တချို့နဲ့ Vitamin D ထုတ်လုပ်ဖို့ ကူညီတဲ့နေရာမှာ တော်တော် အရေးပါတယ်။
ဒါကြောင့် ခန္ဓာကိုယ်မှာ cholesterol က လိုအပ်တယ်။ ဒါပေမဲ့ cholesterol ကို မထိန်းသိမ်းနိုင်ဘဲ များလာရင် လေဖြတ်တာမျိုး၊ heart attack ရတာမျိုးထိ ဖြစ်နိုင်တယ်။
Cholesterol များလာရင် ပုံမှန်အားဖြင့် လက္ခဏာပြတာ သိသာလေ့မရှိတာကြောင့် ပိုပြီး သတိထားဖို့ လိုအပ်တယ်။
cholesterol ကိုလျှော့ချချင်ရင်…
လေ့ကျင့်ခန်းပုံမှန်လုပ်တာ
ဆေးလိပ်ဖြတ်တာ
အဆီများတဲ့ အစားအစာတွေရှောင်တာ
အမျှင်ဓာတ်များတဲ့ အသီးအရွက်တွေ၊ အစေ အဆန်တွေ ပိုစားတာ
ဆီကြော်အစာတွေထက် ကင်ထား၊ ပြုတ်ထားတဲ့ အစာမျိုးကို ရွေးချယ်တာ
အသင့်စား fast food တွေရှောင်တာ
omega-3 fatty acids ပါဝင်တဲ့ ငါးနဲ့ အစားအစားတွေ စားတာ…
စသည်ဖြင့် အချက်တွေ ကို လိုက်နာဖို့ လိုတယ်။
မိတ်ဆွေတို့လည်း မကျန်းမာတဲ့ lifestyle မှာ နေထိုင်မိတယ်ဆိုရင် cholesterol မများလာအောင် ဂရုစိုက်ဖို့ လိုတယ်။2023 ကစပြီး ကျန်းမာရေးကိုလည်း ဦးစားပေးဖို့ မမေ့သင့်ဘူး။
ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။
Dr. Thuta