“စာဖတ်ရင် အသိအမြင်ကြွယ်ဝမယ်။ ဗဟုသုတရှိလာမယ်”

ဆိုပြီး ငယ်ငယ်ထဲက ကြားဖူးနေကြပေါ့။

ဒါပေမဲ့ ကျွန်တော်တို့ သတိမထားမိတာတစ်ခုက စာဖတ်တာက အသိပညာတိုးတက်စေတာအပြင် ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေလည်း အများကြီး ရှိတယ်။

✅ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ပိုပြီး ကောင်းမွန်လာတယ်။

MRI ကို အသုံးပြုပြီး research ပြုလုပ်တဲ့ တွေ့ရှိချက်တွေအရ စာဖတ်တာက ဦးနှောက် အစိတ်အပိုင်းတွေရဲ့ ချိတ်ဆက်နိုင်မှုကို မြင့်တက်စေတယ်။ အထူးသဖြင့် movement တွေ pain တွေကိုနဲ့ ဆက်နွယ်တဲ့ somatosensory cortex အပိုင်းကို အထောက်အကူပြုစေတယ်။

✅ ကိုယ်ချင်းစာစိတ်ပိုပြီးမွေးလာနိုင်တယ်။

လေ့လာချက်တွေအရဆိုရင် fictionစာအုပ်တွေ ဖတ်တဲ့သူတွေက သူတစ်ပါးကို နားလည်နိုင်စွမ်း၊ ကိုယ်ချင်းစာစိတ် မြင့်တက်လာတယ်ဆိုတာကို တွေ့ရပါတယ်။

✅စိတ်ဖိစီးမှူကို လျှော့ကျစေတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ သုတေသနအဖွဲ့တစ်ခုရဲ့ လေ့လာချက်အရ တစ်နေ့ကို မိနစ်(၃၀)လောက် စာဖတ်တာက blood pressure, နှလုံးခုန်နှုန်းနဲ့ စိတ်ဖိစီးမှုတွေကို သိသိသာသာ လျော့ကျစေတယ်ဆိုတာကို တွေ့ရတယ်။

ဒါ့ပြင် စာအုပ်ဖတ်တာက အထီးကျန်တာ၊ isolated ဖြစ်တဲ့ feeling မျိုးကနေ သက်သာအောင် အထောက်အကူပြုစေတယ်။

✅အသက်ပိုရှည်နိုင်ချေရှိတယ်။

သုတေသနအဖွဲ့တစ်ခုရဲ့ (၁၂)နှစ်တာ လေ့လာချက်အရ တစ်ပတ်ကို ၃နာရီခွဲထက် ပိုပြီး စာဖတ်တဲ့သူတွေက စာမဖတ်ဖြစ်တဲ့သူတွေထက် ၂၃%လောက် ပိုပြီး အသက်ရှည်န်ိုင်တယ်ဆိုတာကို တွေ့ရတယ်။

✅ညဘက်အိပ်မပျော်တဲ့ ပြဿနာကိုပါ အထိုက်အလျောက် ဖြေရှင်းပေးန်ိုင်တယ်။

ကျွန်တော် ညဘက်အိပ်မပျော်တဲ့အခါ digital device တွေသုံးမဲ့အစား စာအုပ်ဖတ်ဖြစ်တယ်။ ဒီအလေ့အကျင့်က စာဖတ်တဲ့အကျင့်လည်းရသွားစေသလို ညဘက်အိပ်မပျော်တဲ့ ပြဿနာကိုလည်း အထိုက်အလျောက် လျှော့ချပေးတယ်။

ကျွန်တော်အပါအဝင် တချို့က စာဖတ်တဲ့အခါ printed book ဖတ်ရတာ ပိုပြီးသဘောကျပြီး တချို့က ebook ကို ပိုအားသာတယ်။

မိတ်ဆွေတို့ကိုလည်း အချိန်ရတိုင်း စာအုပ်ဖတ်တဲ့ အလေ့အကျင့်ကို စလုပ်ကြည့်စေချင်တယ်။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr. Thuta

Leave a Reply

Your email address will not be published. Required fields are marked *