ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးလူမျိုးတွေထဲမှာ ဂျပန်လူမျိုးတွေလည်း ပါတယ်။

ဂျပန်အမျိုးသားတွေရဲ့ ပျှမ်းမျှအသက်ရှည်နှုန်းက ၈၁နှစ်ရှိပြီး အမျိုးသမီးတွေက ၈၇နှစ်ရှိတယ်။

ဒါဆိုရင် ဂျပန်လူမျိုးတွေက ဘာလို့အသက်ရှည်ကြတာလဲ။

(၁) စားသောက်မှုပုံစံ

ဂျပန်လူမျိုးတွေ နေ့စဉ်စားလေ့ရှိတဲ့ အစားအစာတွေက ကျန်းမာရေးနဲ့တော်တော်ညီညွတ်တယ်လို့ ပြောရမယ်။

Red meat လို့ခေါ်တဲ့အသားတွေ၊ နို့ထွက်ပစ္စည်းတွေ၊ သကြားစတာတွေကို သိပ်စားလေ့မရှိဘဲ…

ငါး၊ seafood၊ ထမင်းနဲ့ soybean ကို ပိုပြီး စားတတ်ကြတယ်။

ဂျပန်တွေက Canadian လူမျိုးတွေရဲ့ ထက်ဝက်လောက်ပဲ အသားစားပေမဲ့ ငါးနဲ့ ပင်လယ်စာတွေကို (၂)ဆ ပိုစားကြတယ်။

ဒါကြောင့်ပဲ အဝလွန်တာ၊ လေဖြတ်တာ၊ နှလုံးရောဂါနဲ့ တခြား ကျန်းမာရေးပြဿနာတွေဖြစ်တာ နည်းတာကို တွေ့ရတယ်။

(၂) green tea

ဂျပန်နိုင်ငံမှာ သကြားမပါဝင်တဲ့ green tea သောက်တဲ့နှုန်းက တော်တော်လေးမြင့်တယ်။ လေ့လာချက်တွေအရဆိုရင် green tea သောက်တဲ့အလေ့အထကြောင့် သေဆုံးနှုန်းကို လျော့ကျစေတယ်။

(၃) Hara Hachi Bu အကျင့်

Hara Hachi Bu ရဲ့ အဓိပ္ပာယ်က အစားစားတဲ့အခါ ၈၀% လောက်ဗိုက်ပြည့်တဲ့အထိစားဖို့ပါ။

ဒီအပြုအမူအရ ဂျပန်လူမျိုးတွေက ဗိုက်လုံးဝပြည့်တဲ့အထိ စားလေ့မရှိကြဘဲ ဗိုက်ဝတယ်ဆိုရုံစားတတ်ကြတယ်။ ဒါ့အပြင် အစားကို ဖြည်းဖြည်းချင်းဝါးစားလေ့ရှိကြတယ်။

ဒီနည်းလမ်းက မလိုအပ်တဲ့ calories တွေ မစားမိအောင် ထိန်းထားနိုင်သလို အစာခြေဖျက်မှုနှုန်းနဲ့ စွမ်းအင်အဖြစ်ပြောင်းလဲဖို့ပါ အကူအညီဖြစ်စေတယ်။

(၄)အလုပ်လုပ်တဲ့ပုံစံ

ဂျပန်နိုင်ငံရဲ့ culture အရ individualism ထက် collectivism ပိုဖြစ်တယ်။ ဒါ့အပြင် အလုပ်ကနေ retireလုပ်ပြီးတဲ့အခါမှာလည်း second job တွေ အလုပ် ထပ်လုပ်တာမျိုးတွေရှိကြတယ်။

အလုပ်လုပ်ပြီး အမြဲactive ဖြစ်နေတာကလည်း စိတ်ဓာတ်ကျတဲ့ရောဂါကို ကာကွယ်ပေးန်ိုင်တဲ့အပြင် အသက်ရှည်ခြင်း လျှို့ဝှက်ချက်တစ်ခုပဲ။

မိတ်ဆွေတို့လည်း ဂျပန်လူမျိုးတွေလို ပိုပြီး ကျန်းမာအသက်ရှည်ချင်တယ်ဆိုရင် ဒီလျှို့ဝှက်ချက်တွေကို လိုက်ပြီးကျင့်သုံးသင့်တယ်။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr. Thuta

Leave a Reply

Your email address will not be published. Required fields are marked *