လူတော်တော်များများက ငွေအရင်ရှာပြီး ငွေစုဖို့ကို နောက်မှပဲလုပ်ပါမယ်ဆိုပြီး အချိန်ဆွဲလေ့ရှိပါတယ်။
ဒီလိုမျိုးအချိန်ဆွဲနေတဲ့သူတွေက နောက်အတော်ကြာတဲ့အထိ ငွေမစုဖြစ်ဘဲ အရေးပေါ်အခြေအနေတွေ ကြုံလာတဲ့အခါ ငွေကြေးအခက်အခဲတွေနဲ့ ရင်ဆိုင်ရလေ့ရှိတာကို မိတ်ဆွေရဲ့ပတ်ဝန်းကျင်မှာ မြင်ဖူးမှာပါ။
စုငွေရှိထားတဲ့အခါ
-အရေးပေါ်ငွေကြေးပြဿနာတွေ ပေါ်လာတဲ့အခါ အလွယ်တကူ ဖြေရှင်းနိုင်ခြင်း၊
-ငွေကြေးနဲ့ပတ်သတ်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာခြင်း၊
– စိတ်ငြိမ်းချမ်းမှုနဲ့ အနာဂတ်အတွက် ငွေကြေးဆိုင်ရာလုံခြုံမှုရရှိခြင်း
တွေအပြင် အခြားအကျိုးကျေးဇူးတွေပါ ရရှိလာပါလိမ့်မယ်။
ဒါ့ကြောင့်ငွေစုဖို့အချိန်မဆွဲပါနဲ့။
မိတ်ဆွေငွေစစုရမယ့်အချိန်က
မိတ်ဆွေမှာ ငွေရှိတဲ့အချိန်ပါပဲ။
ငွေဘယ်လောက်စစုရမယ် ဆိုတာကတော့ မိတ်ဆွေရဲ့ ဝင်ငွေအပေါ်မူတည်ပေမယ့် တစ်လဝင်ငွေရဲ့ အနည်းဆုံး (၂၀) ရာခိုင်နှုန်းကို စုနိုင်ရင်တော့ အကောင်းဆုံးပါပဲ။