———————————————————————

စာဖတ်ရတာကို ကြိုက်လွန်းတဲ့ စာကြမ်းပိုးတွေ ဖြစ်ရတာလဲ တကယ်တော့ မလွယ်လှပါဘူး။

ကျွန်တော်တို့မှာလဲ ကိုယ့်အခက်အခဲနဲ့ကိုယ် ကိုး။

ဒီနေ့မှာတော့ စာကြမ်းပိုးတွေ ကြုံရတတ်တဲ့ အခက်အခဲတွေထဲက အနည်းငယ်လောက်ကို ပြောပြပေးသွားပါ့မယ်။

✅ နောက်ထပ် ဘယ်စာအုပ်ဖတ်ရမလဲ?

စာအုပ်တစ်အုပ်ဖတ်လို့ ပြီးသွားရင် နောက်ထပ် ဘာဖတ်ရမလဲ စဥ်းစားရတာက အလုပ်တစ်လုပ်ပါပဲ။ ဘယ်စာရေးဆရာကို ဖတ်ရမလဲ၊ ဘယ်လို စာအုပ်အမျိုးအစားကို ဖတ်ရမလဲဆိုတာက အမြဲလိုလို ကြုံတွေ့ရတတ်ပါတယ်။

✅ ဖတ်ရမယ့် စာအုပ်တွေများနေခြင်း

ဘယ်စာအုပ် ဖတ်ရမလဲ မသိတာအပြင် ဖတ်ရမယ့် စာအုပ်တွေများနေတာကလဲ ပြဿနာတစ်ခုပါပဲ။ ကိုယ့်ရဲ့ Waiting List ထဲမှာ စာအုပ်တွေ ပုံနေပြီး တစ်အုပ်က ဖတ်လို့မပြီးသေးဘူး။ နောက်တစ်အုပ်က ဖတ်ချင်လို့ ဖတ်လိုက်ရော၊ ဒီတော့ ဖတ်နေတဲ့ စာအုပ်တွေ တန်းလန်းဖြစ်နေတာမျိုးလဲ ကြုံရပါသေးတယ်။

✅ စာအုပ်တွေက စျေးကြီးပါတယ်

စာအုပ်တစ်အုပ်ဖြစ်လာဖို့ဆိုတာ လွယ်မှ မလွယ်ကူပဲ။ စက္ကူခ၊ ပုံနှိပ်ခတွေနဲ့တင် မနည်းဘူးကိုး။ ဒီတော့ စာအုပ်တွေ စျေးကြီးတာလဲ မဆန်းပါဘူး။ နောက်ပိုင်းတော့ ပုံနှိပ်စရာမလိုတဲ့ E-book တွေက အစားထိုးလာပါတယ်။ တော်တော်လေးလဲ အဆင်သင့်ပါတယ်။

✅ အချိန်မပေးနိုင်တော့ခြင်း

တဖြည်းဖြည်းနဲ့ အလုပ်တွေ၊ တခြား Activity တွေ များလာတော့ စာဖတ်ဖို့ကို သပ်သပ်ကြီး အချိန်မပေးနိုင်တော့တာမျိုး ကြုံတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးအတွက်ကျ Time Management ကောင်းကောင်းလုပ်ပြီး ပုံမှန် စာဖတ်ဖို့ အချိန်လေး ထားသင့်ပါတယ်။ ကိုယ်ဖတ်ချင်သလောက် အချိန်မပေးနိုင်တော့တာလဲ ကြုံဖူးကြမှာပါပဲ။

✅ အကြိုက်ဆုံး စာအုပ်

ကိုယ့်ရဲ့ အကြိုက်ဆုံး စာအုပ်က ဘာလဲ လို့ လာမေးကြရင် ဘာဖြေရမလဲ မပြောတတ်တော့ပါဘူး။ ကိုယ်ဖတ်ထားတဲ့ အများကြီးထဲမှာ တစ်အုပ်နဲ့ တစ်အုပ် ပုံစံမတူ၊ ကြိုက်ရတဲ့ အကြောင်းအရင်းမှ မတူပဲ။ ကဏ္ဍတစ်ခုထဲမှာတောင် ကိုယ်အကြိုက်ဆုံးစာအုပ်က တစ်အုပ်မက ရှိနေတတ်တာမျိုးကိုး။

ဒါတွေကတော့ စာကြမ်းပိုးတွေ ကြုံရလေ့ရှိတဲ့ ပြဿနာလေးတွေ၊ အခက်အခဲလေးတွေထဲက တချို့ကို ပြောပြထားတာပါ။ ဒီ့ထက်မကလဲ ရှိတတ်ပါသေးတယ်။

စာရွက်လှန်ရတာ ပါမလာတာတို့၊ ပက်လက်လှန်ပြီး စာဖတ်ရင် စာအုပ်မျက်နှာပေါ်ကျတတ်တာတို့က အစပေါ့။ ထမင်းမေ့ ဟင်းမေ့ စာဖတ်ရင်း ထမင်း ငတ် ဟင်း ငတ် ဖြစ်ဖူးကြမှာပါပဲ။ E-Book နဲ့ ဖတ်ဖို့ အားတင်းထားကာမှ အားကုန်နေတာကလဲ ပြဿနာတစ်ခုပါပဲ။

Dream Lab

Leave a Reply

Your email address will not be published.