ချောကလက်စားရင် ကောင်းကျိုးအများကြီးရနိုင်ပါတယ်။ ဒါပေမယ့် ချောကလက်က သကြား(အချိုဓာတ်)အများကြီးပါဝင်တဲ့ဟာမျိုး မဟုတ်ပဲ dark chocolate တော့ ဖြစ်ရပါ့မယ့်။ ချောကလက်ကို ကိုကိုးဆိုတဲ့အပင်ကနေပြုလုပ်တာဖြစ်ပါတယ်။ dark chocolate မှာတော့ ကိုကိုးပါဝင်မှု ၇၀% ကျော်ပါတယ်။ dark chocolate က ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကျန်းမာရေးနဲ့စိတ်ခံစားချက်ကောင်းမွန်စေဖို့ကို များစွာအထောက်အကူပြုပါတယ်။

ဒီနေ့မှာတော့ dark chocolate က ဘာလို့ စိတ်ခံစားချက်ကိုကောင်းမွန်စေရတာလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ချောကလက်က Endorphins လို့ခေါ်တဲ့ လူကိုပျော်ရွှင်စေတဲ့ဟော်မုန်းတစ်မျိုးထွက်စေတာမို့ စိတ်ပျော်ရွှင်စေပါတယ်။ ဒါကြောင့်လည်း ဝမ်းနည်းတဲ့အခါ စိတ်အဆင်မပြေဖြစ်တဲ့အခါမှာ ချောကလက်လေးစားလိုက်ရင် စိတ်ခံစားချက်တွေပိုကောင်းလာတာပါ။

ချောကလက်မှာ ကာဗိုဟိုက်ဒရိတ်ဓာတ်တွေလည်းပါဝင်လို့ tryptophan တွေ ဦးနှောက်ထဲရောက်ရှိနှုန်းကိုလည်း ပိုမြန်စေပါတယ်။ ဒါကြောင့်မလို့ serotonin ဟော်မုန်းထွက်တဲ့ပမာဏကိုလည်း မြင့်စေပါတယ်။ Serotonin ဟော်မုန်းဆိုတာက အကောင်းမြင်စေတဲ့ စိတ်ခံစားချက်ကိုကောင်းမွန်စေတဲ့ ဟော်မုန်းဖြစ်ပါတယ်။ ( tryptophan ကတော့ serotonin ရဲ့precursor (serotonin လောင်းလျာ)ဖြစ်ပါတယ်။

ဒါ့ပြင် phenylethlyamine နဲ့ theobromine တို့လို့ ချောကလက်မှာ ပါဝင်တဲ့ဓာတ်တွေကလည်း စိတ်ခံစားမှုအနေအထားကို ပြောင်းလဲစေတယ်လို့ဆိုပါတယ်။ phenylethlyamine က လူကို ကျေနပ်နှစ်သိမ့်စေတဲ့ခံစားချက်နဲ့ နိုးကြားစေတဲ့ ခံစားချက်ကိုပေးနိုင်ပါတယ်။ theobromine ကတော့ စိတ်ဓာတ်ကျတာကို သက်သာစေတယ် လို့သိရပါတယ်။ ချောကလက်မှာ ပါဝင်တဲ့ magnesium က နာကျင်မှုနဲ့ စိတ်ဖိစီးမှုကို လျော့ပါးသက်သာစေပါသေးတယ်။

ဒါမယ့် ချောကလက်အမျိုးအစားတိုင်းက ကျွန်တော်တို့ကို အကျိုးကျေးဇူးတွေအပြည့်အဝပေးနိုင်တာမဟုတ်ပါဘူး။ ကိုကိုးပါဝင်မှု(၇၀-၈၀%) ကျော်တဲ့ ချောကလက်တွေကို စားသုံးမှသာ ချောကလက်ရဲ့အကျိူးကျေးဇူးတွေကို ပြည့်ပြည့်ဝဝရနိုင်မှာဖြစ်ပါတယ်။

မိတ်ဆွေတို့ရော ချောကလက်ကြိုက်ကြရဲ့လား?

ကိုယ့်ရဲ့ best version ကို ဖန်တီးလိုက်ပါ။

Dr. Thuta

Leave a Reply

Your email address will not be published. Required fields are marked *