စိတ်ဖိစီးမှုဟာ လူသားအားလုံးရှောင်လွဲလို့မရတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ စိတ်ဖိစီးမှုဟာ တစ်ခါတစ်လေမှာ အောင်မြင်ဖိူ့အတွက်တွန်းအားတစ်ခုအနေနဲ့လုပ်ဆောင်ပေးပင်မယ့် သူကနေပေးတဲ့ဆိုးကျိုးတွေလညိး ရှိပါတယ်။ စိတ်ဖိစီးမှုကို ကာလရှည်ခံစားရမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေရရှိလာပါတယ်။

(၁) စိတ်ခံစားမှုကို မထိန်းချုပ်နိုင်ခြင်း

ကျွန်တော်တို့မှာ စိတ်ဖိစီးမှုတွေများလာရင် စိတ်ခံစားချက်တွေကို ကောင်းကောင်းမထိန်းချုပ်နိုင်တော့ပါဘူး။ ဒေါသထွက်လွယ် ဝမ်းနည်းလွယပြီး စိတ်ထိခိုက်ခံစားလွယ်လာပါတယ်။ အကြောင်းအရာသေးသေးလေးအပေါ်မှာ ဒေါသကြီးစိတ်တိုမိတာ၊ ဝမ်းနည်းငိုကြွေးမိတာဟာ စိတ်ဖိစီးမှုပမာဏများပြားနေလို့ပဲဖြစ်ပါတယ်။

(၂) ကိုယ်အလေးချိန်မြင့်တက်လာစေခြင်း

စိတ်ဖိစီးမှုများပြားနေတဲ့အချိန်မှာ စားသောက်ချင်စိတ်က ပုံမှန်ထက် ၄၀% ပိုများနေပါတယ်။ ဘာလို့လဲဆိုတော့ စိတ်ဖိစီးချိန်မှာ စားသောက်ချင်စိတ်ကိုဖြစ်ပေါ်စေတဲ့ဟော်မုန်းတွေ( Cortisol,Ghrelin) ထွက်လို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ပုံမှန်ထက်ပိုစားမိတာ အလွန်အကျွံစားမိတာတွေကြောင့် ကိုယ်အလေးချိန်ပိုတက်လာပါတယ်။

(၃) အရွယ်မတိုင်ခင် အိုမင်းရင့်ရော်လာခြင်း

ဒီအချက်ကတော့ တော်တော်များများသိထားကြတဲ့အချက်ပါ။ စိတ်ဖိစီးတာက ကိုယ့်ရဲ့ရုပ်ရည်သွင်ပြင်ကို ပိုပြီးမြန်မြန်ဆန်ဆန်အိုမင်းရင့်ရော်စေပါတယ်။(ဒ့ကြောင့်လည်း အမေရိကန်သမ္မတတွေဟာ စိတ်ဖိစီးမှုကြောင့် ရုပ်ကျလွယ်ကြပါတယ်။) စိတ်ဖိစီးမှုကြောင့် မျက်နှာပေါ် အရေးအကြောင်းများပေါ်လာတာ၊ ကြွက်သားမတွေအားနည်းလာတာ၊ အမြင်အာရုံအားနည်းလာတာ စတဲ့ ဇရာလက္ခဏာတွေ ပိုမိုဖြစ်ပေါ်လာပါတယ်။

(၄) ကိုယ်ခံစွမ်းအားလျော့ပါးပြီး ရောဂါဖြစ်လွယ်ခြင်း

စိတ်ဖိစီးမှုဖြစ်တဲ့အချိန်မှာ ကိုယ်ခံအားကျပြီး နေထိုင်မကောင်းဖြစ်လွယ်ပါတယ်။ ကိုယ်ခံအားလျော့သွားတဲ့အတွက် ရောဂါပိုးတွေဝင်လွယ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

(၅) နှလုံးကို ထိခိုက်စေခြင်း

စိတ်ဖိစီးမှုဟာ နှလုံးကြွက်သားတွေကိုလည်း ထိခိုက်စေပါတယ်။ စိတ်ဖိစီးတဲ့အခါ ထွက်လာတဲ့ဟော်မုန်းတွေကနှလုံးခုန်နှုန်းကို မြင့်တက်စေပြီး သွေးကြောများကို ကျဉ်းစေပါတယ်။ အဆိုပါအခြေအနေမှာ နှလုံးကို ပိုမိုအားစိုက်ရစေပြီး သွေးပေါင်ချိန်ကိုလည်း မြင့်တက်စေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို ကြာရှည်စွာ ခံစားလာရတဲ့အခါ နှလုံးကျန်းမာရေးကို ထိခိုက်လာပါတယ်။

အခုဆိုရင် မိတ်ဆွေတို့အနေနဲ့ စိတ်ဖိစီးမှုကနေဖြစ်စေတဲ့ ဆိုးကျိုးတွေကို သိသွားပြီလို့ ထင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးစရာအခြေအနေတွေကို တတ်နိုင်သလောက်ရှောင်ရှားပေးပါ။ စိတ်ဖိစီးမှုတွေကြုံတွေလာရတဲ့အချိန်မှာလည်း စိတ်ဖိစီးမှုတွေကို လျော့ချပေးနိုင်မယ့် နည်းလမ်းတွေကို ပြုလုပ်ပေးပါ။

စိတ်ဖိစီးမှုကိုလျော့ချပေးနိုင်မယ့် နည်းလမ်းတွေကိုရော မိတ်ဆွေတို့သိကြရဲ့လား? မသိဘူးဆိုရင် Dr. Thuta ကနေပြီး ပြောပြပေးသွားပါ့မယ်။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးပေးပါ။

Dr. Thuta

Leave a Reply

Your email address will not be published. Required fields are marked *