စိတ်ဖိစီးမှုဟာ လူသားအားလုံးရှောင်လွဲလို့မရတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ စိတ်ဖိစီးမှုဟာ တစ်ခါတစ်လေမှာ အောင်မြင်ဖိူ့အတွက်တွန်းအားတစ်ခုအနေနဲ့လုပ်ဆောင်ပေးပင်မယ့် သူကနေပေးတဲ့ဆိုးကျိုးတွေလညိး ရှိပါတယ်။ စိတ်ဖိစီးမှုကို ကာလရှည်ခံစားရမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေရရှိလာပါတယ်။

ဒီနေ့မှာတော့ စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။

– စိတ်ကိုတည်ငြိမ်အောင်ထားဖို့ကြိုးစားပါ။

စိတ်ဖိစီးမှုဆိုတာ စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုပါ။ ဘာလို့စိတ်ပိုင်းဆိုင်ရာပြဿနာတွေ၊ စိတ်ဖိစီးမှုတွေဖြစ်လာရတာလဲဆိုရင် မျှော်လင့်ချက်နဲ့ လက်တွေ့ဖြစ်လာတဲ့အရာနှစ်ခု ကွာခြားလို့ပဲဖြစ်ပါတယ်။

ဒီတော့ မျှော်လင့်ချက်ထားတာကထားပါ။ ဒါပေမယ့် ဖြစ်လာတဲ့အရာကိုလည်း လက်ခံနိုင်ဖို့ကြိုးစားပါ။

ပြဿနာတွေကြုံလာရရင်လည်း ခေါင်းအေးအေးထားပါ။ အခုလက်ရှိပစ္စုပ္ပန်မှာ ကိုယ်ဘာလုပ်နိုင်လဲ ၊ ဘာလုပ်လို့ရလဲဆိုတာ စဉ်းစားပါ။ ကိုယ်လုပ်နိုင်တာကို အတတ်နိုင်ဆုံးကြိုးစားလုပ်ပြီး ကိုယ်မတတ်နိုင်တာတွေအပေါ် စိတ်ပူပန်ပြီး တွေးပူမနေပါနဲ့။

စိတ်တည်ငြိမ်ဖို့အတွက် mediation လုပ်တာမျိုး၊ journaling လုပ်တာမျိုး( စိတ်ခံစားချက်တွေကို ချရေးတာ) စတဲ့နည်းလမ်းတွေကိုလည်း ကြိုးစားလုပ်ကြည့်ပါ။

– မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ အချိန်ကုန်ဆုံးပါ။

စိတ်ဖိစိမှုကြုံလာတဲ့အချိန်မှာ တစ်ယောက်တည်းကျိတ်ခံစားတာမျိုး သိမ်းထားတာမျိုး မလုပ်ပါနဲ့။ သူငယ်ချင်းမိတ်ဆွေတွေကို ပြောပြပြီး ရင်ဖွင့်ပါ။ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို မိသားစုသူငယ်ချင်းတွေနဲ့မျှဝေတာက စိတ်ဖိစီးမှုတွေကို လျော့ပါးသက်သာစေပါတယ်။

– မိမိနှစ်သက်တဲ့အရာတွေကို ပြုလုပ်ပါ။

ကိုယ်သဘောကျနှစ်သက်တဲ့၊ ဝါသနာပါတဲ့အရာတွေကို လုပ်ဆောင်တာကလည်း စိတ်ဖိစီးမှုတွေ လျော့ပါးသက်သာစေတဲ့နည်းလမ်းတစ်ခုပါ။ ကိုယ့်ရဲ့စိတ်ကို တစ်စုံတစ်ခုမှာ နှစ်မြှပ်ထားပြီး စိတ်ဖိစီးမှုနည်းပါးအောင်လုပ်လို့ရပါတယ်။

အိပ်အလုပ်ကူလုပ်တာ၊ ဟင်းချက်တာ၊ သစ်ပင်စိိုက်တာ၊ ပုံဆွဲတာ၊ ဂစ်တာတီးတာ၊ စတဲ့ အရာတွေလုပ်ဆောင်လို့ရပါတယ်။

– ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်ရေးအတွက်လည်း ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်တာ၊ အစားအသောက်ဂရုစိုက်ဆင်ခြင်တာမျိုးလုပ်ပါ။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေက စိတ်ဖိစီးမှုကိုလျှော့ကျပေးနိုင်ပါတယ်။

ဒီလို ရိုးရှင်းတဲ့နည်းလမ်းတွေကို အသုံးပြုပြီး ကျွန်တော်တို့ရဲ့ စိတ်ဖိစီးမှုတွေကို လျော့ချနိုင်ပါတယ်။

မိတ်ဆွေတို့ရော စိတ်ဖိစီးမှုကြုံလာတဲ့အချိန်မှာ ဘယ်လိုနည်းလမ်းတွေကို အသုံးပြုလေ့ရှိလဲ? Comment မှာ ပြောပြပေးသွားပါအုံး။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr. Thuta

Leave a Reply

Your email address will not be published. Required fields are marked *