လူရယ်လို့ဖြစ်လာရင် စိတ်ဖိစီးမှုကို ရှောင်လွဲလို့မရနိုင်ပါဘူး။ အသက်တစ်ရာမနေရပေမယ့် ပြဿနာတွေတစ်ရာမကကြုံနေရတဲ့လောကကြီးမှာ စိတ်ဖိစီးမှုဆိုတာ လူတိုင်းကြုံတွေ့နေရတဲ့ပြဿနာဖြစ်ပါတယ်။

စိတ်ဖိစီးမှုကြောင့် စိတ်ပိုင်းဆိုင်ရာပင်ပန်းနွမ်းနယ်ရုံသာမက ခန္ဓာကိုယ်လည်းထိခိုက်ပါတယ်။ စိတ်ဖိစီးမှုကြောင့် နှလုံးရောဂါ၊ ဆီးချို၊ အဝလွန်တာနဲ့ အိုမင်းရင့်ရော်ပြီး အရွယ်မတိုင်ခင် သေဆုံးနိုင်ပါတယ်။

စိတ်ဖိစီးမှုကို လျော့ပါးသက်သာစေနိူင်တဲ့ နည်းအမျိုးမျိုးရှိပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာကစလို့ အားကစားအမျိုးမျိုးလုပ်တာအထိ နည်းလမ်းတွေကအများကြီးရှိပါတယိ။ အဲဒီထဲကမှ အစားအသောက်တစ်ချို့ကိုစားပြီးတော့ စိတ်ဖိစီးမှုကို သက်သာအောင်လုပ်လို့ရပါတယ်။

(၁)ရေ

ရေက ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကိုကောင်းမွန်စွာလုပ်ဆောင်နိုင်စေဖို့အတွက်တော်တော်လေး အရေးပါ,ပါတယ်။ ခန္ဓာကိုယ်မှာရေဓာတ်အနည်းငယ်ဆုံးရှုံးသွားတယ်ဆိုရင်တောင်မှ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာအပေါ် အများကြီးထိခိုက်စေနိုင်ပါတယ်။ ရေဓာတ်နည်းလာတဲ့အခါ အာရုံစိုက်နိုင်စွမ်းလျော့ကျလာနိုင်ပါတယ်။ ဒါကြောင့် အမြဲလိုလိုတက်တက်ကြွကြွနေနိုင်ဖို့အတွက် ရေလုံလောက်အောင်သောက်ပေးဖို့လိုအပ်ပါတယ်။

(၂)ချောကလက်

ချောကလက်စားရင် စိတ်ခံစားမှုကောင်းတယ်ဆိုတာကို လူတိုင်းလိုလိုသိထားပြီးသားပါ။ သိပ္ပံနည်းကျ လေ့လာမှုတွေအရတော့ အနက်ရောင်ချောကလက်(dark chocolate)ကိုနေ့စဉ် စားသုံးပေးတာက စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ဟော်မုန်းတွေကို ကျဆင်းစေ စိတ်ခံစားမှုကိုကောင်းမွန်စေနိုင်ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့အနေနဲ့ စိတ်ဖိစီးနေပါသလား ချောကလက်စားသုံးပေးပါ။

(၃)ငါး

အဆီများတဲ့ငါးတွေ၊ ကမာကောင်လိုမျိုး ပင်လယ်စာတွေကို စားသုံးမယ်ဆိုရင် ခန္ဓာကိုယ်ကနေ မထုတ်နိုင်တဲ့ဓာတ်တစ်မျိုးဖြစ်တဲ့ စိတ်ခံစားမှုကို ပိုကောင်းစေနိုင်တဲ့ omega-3 fatty acid ကို ရရှိစေနိုင်တာကြောင့် စိတ်ခံစားမှုကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ အဆီများတဲ့ ငါးတွေကို စားသုံးတဲ့အခါ စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာလိုမျိုး စိတ်ပိုင်းဆိုင်ရာဝေဒနာတွေကိုလျော့ပါးသက်သာစေနိုင်သလို ကိုယ့်ကိုယ်ကို သတ်သေနိုင်ခြေကိုလည်းလျော့ကျစေနိုင်ပါတယ်။

(၄)ငှက်ပျောသီး

ငှက်ပျောသီးမှာပါတဲ့ ဗီတာမင် A၊ B6၊ C၊ အမျှင်ဓါတ်(fiber)၊ ပိုတက်ဆီယမ်၊ သံဓာတ် နဲ့ ကာဗိုဟိုက်ဒရိတ် တို့ပါဝင်တာကြောင့် စိတ်ခံစားမှုကိုကောင်းမွန်စေနိုင်ပါတယိ။ ငှက်ပျောသီးက ညဘက်မှာလည်း ကောင်းစွာအိပ်ပျော်စေတာကြောင့် အိပ်မပျော်တာ၊ စိတ်ဓာတ်ကျတာ နဲ့ စိုးရိမ်ပူပန်တာတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ တစ်နေ့ကို ငှက်ပျောသီး အရွယ်တော်တစ်လုံးစားသုံးပေးပါ။

(၅)ဥအမျိုးမျိုး

ကြက်ဥအပါအဝင် ဥအမျိုးမျိုးမှာcholine ပါဝင်တာကြောင့် အာရုံကြောစနစ်ရဲ့ ဆဲလ်တွေကို ကျန်းမာစေနိုင်ပြီး စိတ်ခံစားမှုကိုကောင်းမွန်စေနိုင်ပါတယ်။ ဒါကြောင့် ကြက်ဥဖြစ်ဖြစ်နေ့စဉ်စားသုံးပေးမယ်ဆိုရင် စိတ်ခံစားမှုကိုကောင်းမွန်စေနိုင်ပြီး စိတ်ပျော်ရွှင်မှုကို ရရှိစေမှာသေချာပါတယ်။

မိတ်ဆွေတို့အနေနဲ့ စိတ်ဖိစီးမှုတွေများပြားနေတယ်ဆိုရင် အထက်ပါအစားအစားတွေစားသုံးပြီး စိတ်ဖိစီးမှုကို လျော့ချလိုက်ပါနော်။

Dr. Thuta

ကိုယ့်ရဲ့ best version ကို ဖန်တီးလိုက်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *