စွန့်ဦးတီထွင်တစ်ယောက်အတွက် Personal Development က မရှိမဖြစ် လိုအပ်တယ်ဆိုတာ ကျွန်တော်တို့ အားလုံး သိပြီးကြမှာပါ။

ဒါဆို စွန့်ဦးတီထွင်တစ်ယောက် ဖြစ်‌အောင် ကြိုးစားခြင်းကရော ကိုယ့်ကိုယ်ကို တိုးတက်ဖို့အတွက် အကောင်းဆုံး နည်းလမ်းဖြစ်နေနိုင်မလား?

တိုးတက်မှု ဘယ်ကလာလဲဆိုရင် ကိုယ့်မှာ ရှိနေပြီးသား အရာတွေကနေ တွန်းထွက်ပြီး တစ်စုံတစ်ခုမှာ အားစိုက်ထုတ်လိုက်တာကနေ လာပါတယ်။ ကန့်သတ်ချက်တွေ လုပ်နိုင်စွမ်းတွေရဲ့ အစွန်းတစ်ဖက်ကို ကျော်လွန်အောင် သွားကြည့်တာကနေ လာပါတယ်။

တိုးတက်မှုဆိုတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ အကောင်းဆုံး Version ကို ရရှိဖို့အတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေနဲ့ ရည်မှန်းချက် ရောက်ရှိဖို့ လိုအပ်တဲ့ စွမ်းရည်တွေ စုဆောင်းရတာ ပါဝင်ပါတယ်။

ဒီလိုမျိုး တိုးတက်မှုတွေကို လုပ်ဆောင်နိုင်ဖို့အတွက် နည်းလမ်းတွေ အများကြီး ရှိပါတယ်။

စာအုပ်တွေဖတ်တာ၊ သင်တန်းတွေတက်တာ၊ ကိုယ်တိုင် လေ့ကျင့်ယူတာ စသဖြင့်ပေါ့။ ကျွန်တော်တို့ သတိမထားမိတာ တစ်ခုက စွန့်ဦးတီထွင်လုပ်ငန်း တည်ထောင်တာ၊ စွန့်ဦးတီထွင်တစ်ယောက် ဖြစ်အောင် ကြိုးစားတာကလဲ ကိုယ့်ကိုယ်ကို တိုးတက်မှု ( Personal Development)အတွက် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

✅ ပြဿနာတွေ

စွန့်ဦးတီထွင်တစ်‌ယောက်အတွက် ပြဿနာတွေကို ‌ရှောင်ပြေးလို့မရပါဘူး။ ကိုယ့်ရဲ့နောက်မှာ နံရံပဲ ရှိပါတယ်။ နောက်ကို ထပ်ပြီးဆုတ်လို့မရပါဘူး။ ပြဿနာတစ်ခုက အဖြေကို လိုတယ်ဆိုရင် အဖြေကို ရအောင် ရှာရမှာ ဖြစ်ပါတယ်။

ဒီလိုမျိုး ပြဿနာတွေကို ဖြေရှင်းနိုင်ခြင်းက နေ့စဥ်ဘဝမှာ ကိုယ့်ကိုယ်ကိုယုံကြည်မှုကို တည်ဆောက်ပေးနိုင်ရုံသာမကပဲ ပိုပြီးတော့ ကြီးမားခက်ခဲတဲ့ စိန်ခေါ်မှုတွေကို လက်ခံနိုင်မယ့် ယုံကြည်မှု ခွန်အားကိုလဲ ပေးပါတယ်။ တဖြည်းဖြည်းနဲ့ လှေကားထစ်လို တိုးတက်လာပါလိမ့်မယ်။

✅ လွတ်လပ်မှု

နောက်တစ်ခုကတော့ လွတ်လပ်မှုပါ။ စွန့်ဦးတီထွင် အများစုကို လက်ရှိအလုပ်ကနေထွက်ပြီး စွန့်ဦးတီထွင်တစ်ယောက်ဖြစ်စေခဲ့တဲ့ အဓိက အချက်တစ်ချက်လဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ လက်ရှိအလုပ်က လွတ်လပ်မှု အတော်အသင့်ရပြီး ကိုယ့်ကိုယ်ကိုလဲ တိုးတက်အောင် လုပ်နိုင်နေတယ်ဆိုပေမဲ့ တခြားတစ်ယောက်က လုပ်ဖို့ပြောထားတဲ့ အလုပ်တွေ တန်းစီနေတာမျိုးကတော့ ရှိနေဦးမှာပါပဲ။ စွန့်ဦးတီထွင်တစ်ယောက်ဟာ ကိုယ့်ကိုယ်ကို တိုးတက်အောင် အလွတ်လပ်ဆုံး ကိုယ့်ဘဝကိုယ် ဖန်တီးနိုင်ပါတယ်။

✅ စွမ်းရည်တွေ

နောက်ဆုံးတစ်ခုကတော့ ခုနကပြောခဲ့တဲ့ စွမ်းရည်တွေပါ။ စွန့်ဦးတီထွင်နယ်ပယ်ကို ‌ရောက်လာပြီဆိုတာနဲ့ ရှိသမျှ Skill တိုင်းကို သိထားဖို့လိုပြီး ဗဟုသုတ အသိပညာအနေနဲ့လဲ အတော်အသင့်ရှိရတော့မှာ ဖြစ်ပါတယ်။

Accounting, Marketing, Finance, Leadership စတဲ့ လုပ်ငန်းခွင် နယ်ပယ်တွေ အကုန်လုံးမှာ ကျွမ်းကျင်အဆင့် ရှိနေမှ ဖြစ်ပါလိမ့်မယ်။ ဒါမျိုးက သင်ရုံနဲ့ တတ်တဲ့ ပညာတွေလဲ မဟုတ်ပါဘူး။ ကိုယ်တိုင်လုပ်ကြည့်မှသာ သိလာတာမျိုးတွေပါ။

✅ ကြိုတင်ပြင်ဆင်ထားပါ။

စွန့်ဦးတီထွင်တစ်ယောက် ဖြစ်အောင် ကြိုးစားခြင်းက လွယ်ကူတာတော့ မဟုတ်ပါဘူး။ အရှုံးပေးချင်တဲ့ အချိန်တွေ၊ အဖြေကို ရှာမရတဲ့အတွက် စိတ်ဓာတ်ကျတဲ့ အချိန်တွေ ကြုံလာရပါလိမ့်မယ်။

ဒါပေမဲ့ သင့်မှာသာ မှန်ကန်တဲ့ စိတ်နေစိတ်ထားရှိပြီး ကမ္ဘာကြီးတစ်ခုလုံးစာလောက် ဖိအားတွေ များနေရင်တောင်မှ ကိုယ့်ကိုယ်ကို တွန်းအားပေးပြီး ကြိုးစားနိုင်မယ်ဆိုရင် Self-confidence ကနေ Self-esteem၊ ဒီကနေ Self-discipline အထိ တစ်ခုပြီး တစ်ခု တိုးတက်လာမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ ကိုယ့်ရဲ့ အကောင်းဆုံး Version ကို ရရှိနိုင်ပါလိမ့်မယ်။

Dream Lab

Leave a Reply

Your email address will not be published.