စွမ်းအားဖြည့်အချိုရည် (energy drink) တွေဟာ ကျွန်တော်တို့ကို နိုးကြားတက်ကြွပြီး အာရုံစူးစိုက်မှုကောင်းအောင် ကူညီပေးပါတယ််။ ဒါကြောင့်လည်း စွမ်းအားဖြည့်အချိုရည်တွေက လူကြိုက်များနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရေရှည်မှာဆိုရင်တော့ ဆိုးကျိုးတွေဖြစ်နိုင်တယ်လို့ဆိုပါတယ်။

စွမ်းအားဖြညိ့အချိုရည်တွေမှာ vitamin B, vitamin C , ကဖိန်းဓာတ်နဲ့ သကြားဓာတ်တွေပါဝင်ပါတယ်။ အထူးသဖြင့် အချိုရည်မှာပါဝင်တဲ့ကဖိန်းဓာတ်က ဦးနှောက်ကိုလှုံဆော်ပေးတာပါ။

စွမ်းအားဖြည့်အချိုရည်တွေက ဦးနှောက်ကို လှုံ့ဆော်ပေးပြီး လူကို စိတ်ရောကိုယ်ပါ နိုးကြားစေပါတဲ့အတွက် မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုကောင်းမွန်စေဖို့ အကျိုးပြုပါတယ်။

သုတေသနတခုမှာ ဖော်ပြချက်အရ စွမ်းအားဖြည့်အချိုရည် (၅၀၀)မီလီလီတာ သောက်သုံးပြီးချိန်မှာ မှတ်ဉာဏ်နဲ့အာရုံစူးစိုက်မှု၂၄ ရာခိုင်နှုန်း ပိုမိုကောင်းမွန်လာတယ်လို့ သိရပါတယ်။ အထူးသဖြင့် ကဖင်းနဲ့ သကြားဓာတ်ကြောင့် ယခုလို အကျိူးကျေးဇူးတွေရရှိတာ ဖြစ်ပါတယ်။

အိပ်ရေးပျက်ချိန်၊ ပင်ပန်းနွမ်းနယ်ချိန်တွေမှာ စွမ်းအားဖြည့်အချိုရည်ကို သောက်သုံးရင် ခန္ဓာကိုယ်ကို လန်းဆန်းလာစေပါတယ်။ လေ့လာမှုအရ ညဖက်မောင်းနှင်ရတဲ့ ယာဉ်မောင်းတွေအနေတဲ့ စွမ်းအားဖြည့်အချိုရည်ကြောင့် သူတို့ရဲ့လုပ်ဆောင်နိုင်စွမ်း မြင့်တက်လာတယ်လို့ သိရပါတယ်။ ညအချိန် အလုပ်လုပ်ရတဲ့ အလုပ်သမား၊ ဝန်ထမ်းများအတွက်လည်း အကျိုးပြုပါတယ်။

ဒါပေမယ့်လည်း အဲဒီအချိုရည်တွေမှာ ကောင်းကျိုးတွေပဲရှိနေတာမဟုတ်ပါဘူး။ ဘယ်အရာမှာမဆို ကောင်းကျိုးဆိုးကျိုးဒွန်တွဲနေသလိုပါပဲ။ စွမ်းအားဖြည့်အချိုရည်တွေသောက်သုံးတာက ကောင်းကျိုးရော ဆိုးကျိုးပါရနိုင်ပါတယ်။

အချိုရည်တွေမှာ အများအားဖြင့် သကြားပါဝင်မှူနှုန်းများပြားပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီး ဆီးချိုရောဂါ/နှလုံးရောဂါတွေဖြစ်နိုင်စေပါတယ်။ လေ့လာမှုတွေအရ တနေ့ကို အချိုရည် နှစ်ဘူးနဲ့အထက်သောက်တဲ့သူတွေမှာ ဆီးချိုရောဂါဖြစ်နိုင်ချေ (၂၆%) မြင့်တက်စေတယ်လို့သိရပါတယ်။

အချိုရည်ကို အလွန်အမင်းကြိုက်နှစ်သက်သူတွေမှာ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့်လည်း စွမ်းအားဖြည့်အချိုရည်တွေက နိုးကြားတက်ကြွစေတယ် လန်းဆန်းစေတယ်ဆိုပေမယ့် အမြဲတမ်းသောက်သုံးဖို့တော့ မသင့်လျော်ပါဘူးနော်။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr. Thuta

Leave a Reply

Your email address will not be published. Required fields are marked *