ငါးဟာ လူတွေကိုအကျိုးပြုတဲ့အစားအစာဖြစ်ပြီး နှလုံးရောဂါ၊ ကင်ဆာရောဂါဖြစ်နိုင်ချေတွေကို လျော့ကျစေပါတယ်။ ဒါ့ပြင် ငါးကို ဦးနှောက်ကောင်းစေတဲ့အစားအစာအဖြစ် လူသိများကြပါတယ်။

ငါးမှာ Omega 3 fatty acids တွေကို ပေါပေါများများတွေ့ရပါတယ်။ အဲဒီ fatty acids တွေက နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပြီး triglycerides လို့ခေါ်တဲ့ သွေးကြောတွေကိုကျဉ်းစေတဲ့ အဆီတွေကိုလည်း လျှော့ချပေးပါတယ်။ တနေ့တာမှာ ငါးဟင်းတစ်ခွက်ပါရင် နှလုံးအတွက်ပဲကောင်းမွန်စေတာမဟုတ်ပဲ ဦးနှောက်အတွက်ပါ အကျိုးပြုပါတယ်။

ငါးမှာပါဝင်တဲ့ Omega-3 fatty acids ဟာ ဦးနှောက်ကိုပုံမှန်အတိုင်း အလုပ်လုပ်နိုင်အောင် ကူညီပေးပါတယ်။ ခန္ဓာကိုယ်တွင်းလုပ်ဆောင်မှုတွေ နဲ့ တနေ့တာလုပ်ငန်းဆောင်တာတွေကို ပုံမှန်အတိုင်းဆောင်ရွက်နိုင်ဖို့ ကူညီပေးပါတယ်။

ဒါ့ပြင် Omega 3 fatty acids ဟာ စိတ်ခံစားချက်ကို ကောင်းမွန်စေတဲ့ဟော်မုန်းတွေဖြစ်တဲ့ serotonin နဲ့ dopamine ပမာဏကို မြင့်တက်စေဖို့ ကူညီပေးနိုင်ပါသေးတယ်။ အဲဒီဟော်မုန်းတွေဟာ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေကို လျော့ကျစေပြီး စိတ်ကျရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီတော့ ငါးဟာ ရုပ်ပိုင်းဆိုင်ရာအတွက်သာမကပဲ စိတ်ပိုင်းဆိုင်ရာကိုပါ အားဖြည့်ပေးနိုင်တယ်လို့ဆိုရမှာပါ။

မိခင်တွေအနေနဲ့ ကိုယ့်ကလေးရဲ့ဉာဏ်ရည်ထက်မြက်စေချင်ရင် ကိုယ်ဝန်ဆောင်ဘဝကတည်းက ငါးစားပေးဖို့လိုအပ်ပါတယ်။ ငါးဟာ ကလေးတွေရဲ့ ဦးနှောက်နဲ့အာရုံကြောဖွံ့ဖြိုးမှုကို ကူညီပေးနိုင်တဲ့အတွက် ငါးစားတဲ့မိခင်ကမွေးတဲ့ကလေးတွေဟာ ပိုဉာဏ်ကောင်းကြပါတယ်။ တစ်ချို့မိခင်တွေက ငါးမကြိုက်ဘူးဆိုရင် ငါးကြီးဆီစားပေးတာမျိုး၊ Omega 3 fatty acids ပါတဲ့ ဖြည့်စွက်စာ စားတာမျိုးလုပ်လို့ရပါတယ်။

အခုလောက်ဆို ငါးက ကျွန်တော်တို့ရဲ့ ဦးနှောက်ကို အတော်အကျိုးပြုတယ်ဆိုတာ သိသွားလောက်ပါပြီ။ ငါးအမျိုးအစားအားလုံးထဲမှာမှ ဆယ်လ်မွန်ငါးက ဦးနှောက်အတွက် အကျိုးပြုဆုံးဖြစ်ပါတယ်။

ဆယ်လ်မွန်မှာ Omega 3 fatty acids ပါဝင်ရုံသာမက astaxanthin လို့ခေါ်တဲ့ ဓာတ်တစ်မျိုးပါဝင်ပါသေးတယ်။ astaxanthin ဟာ ဦးနှောက်စွမ်းဆောင်ရည်ကိုမြင့်တင်ပေးနိုင်တယ်။ တစ်ချို့ကဆို ဆယ်လ်မွန်ငါးကို ဦးနှောက်ကိုအားဖြည့်ပေးတဲ့လောင်စာလို့တောင် ခေါ်ကြပါသေးတယ်။

တကယ်လို့ ကိုယ်နေတဲ့ဒေသက ဆယ်လ်မွန်ငါးမရနိုင်တာတာ၊ ရှားပါးတာ မျိုး ဖြစ်နေရင်လည်း တခြားငါးအမျိုးအစားတွေစားလိူ့ရပါသေးတယ်။ ငယ်ငယ်တုန်းက “ ခေါင်းတစ်ရာသားစားပါ” လို့ သင်ခဲ့ရဖူးသလို ငါးသေးသေးလေးတွေကလည်း ကောင်းတာပါပဲ။

မိတ်ဆွေတို့ရော ငါးကြိုက်ကြရဲ့လား?

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr. Thuta

Leave a Reply

Your email address will not be published. Required fields are marked *