ကျွန်တော်တို့ ကလေးဘဝက နွားနို့သောက်ကြတာအကျင့်တစ်ခုလိုပါပဲ။

ဒါပေမဲ့ အသက်ကြီးလာတာနဲ့အမျှ တခြားအချိုရည်၊ သောက်စရာတွေ အပေါ် ပိုပြီးအာရုံထားလာကြတယ်။

ဆောင်းရာသီလို ဖျားနာလွယ်တတ်တဲ့ကာလမှာတော့ နွားနို့သောက်သင့်တယ်လို့ မြင်တယ်။

ဘာလို့လဲဆိုရင်….

(၁) နွားနို့သောက်တာက ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ ကောင်းမွန်တဲ့ cholesterol ကို တိုးပွါးစေတယ်။

(၂)အားလုံးသိကြတဲ့အတိုင်း နွားနို့က calcium ဓာတ်ကြွယ်ဝတာကြောင့် အရိုးအဆစ်ကိုပိုပြီး သန်မာစေသလို အသက်ကြီးတဲ့လူတွေအနေနဲ့ အရိုးအားနည်းတဲ့ပြဿနာမျိုးကို လျှော့ချနိုင်တယ်။

(၃) မအိပ်ခင် နွားနို့သောက်တာက tryptophan ဆိုတဲ့ ဓာတ်ကို ထွက်စေတယ်။ ဒီလိုဓာတ်တွေကြောင့် အိပ်ပျော်အောင် အထောက်အကူပြုတယ်။

(၄)နွားနို့ကို ပျားရည်နဲ့ရောသောက်ရင် ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ ချောင်းဆိုး၊ နှာစေး၊ ရင်ကြပ်တာမျ်ိုးကို သက်သာစေတယ်။

(၅) ဒါ့အပြင် မနက်စောစောမှာ နွားနို့နဲ့ပျားရည်ရောသောက်တာက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ proteins, carbohydrates ဓာတ်တွေရစေသလို serotonin ဓာတ်ပါဝင်တဲ့အတွက် အာရုံစူးစိုက်နိုင်စွမ်းကို တိုးတက်စေတယ်။

“အစားလည်းဆေး၊ ဆေးလည်းအစား” ဆိုသလိုပဲ ဆောင်းရာသီလို ကာလမျိုးမှာ နွားနို့ကို နေ့စဉ်ပုံမှန်သောက်တာက ခုခံအားကောင်းစေပြီး ပိုပြီး ကျန်းမာရေးတွက် အကူအညီဖြစ်စေတယ်။

မိတ်ဆွေတို့ရော နွားနို့သောက်တဲ့အလေ့အကျင့်ရှိကြလား။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr. Thuta

Leave a Reply

Your email address will not be published. Required fields are marked *