ညဘက်မှာ ကောင်းမွန်စွာအိပ်စက်အနားယူနိုင်တာက လူတစ်ယောက်ရဲ့ တစ်နေ့တာကို အဆင်ပြေပြေ/ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ဖို့အတွက် အရေးကြီးပါတယ်။ နေ့ဘက်မှာ လုပ်ဆောင်ရတဲ့ တာဝန်တွေ၊ အလုပ်တွေကြောင့် ညရောက်ရင် ကျွန်တော်တို့ရဲ့ဦးနှောက်ဟာ ပင်ပန်းနွမ်းနယ်နေပါတယ်။

ပင်ပန်းနွယ်နယ်နေတဲ့ ဦးနှောက်ဟာ အလုပ်ကောင်းကောင်းလုပ်နိုင်တော့မှာမဟုတ်တော့တဲ့အတွက် ဦးနှောက်ကို အနားပေးဖို့လိုအပ်လာပါတယ်။ ဦးနှောက်ကို အနားပေးဖို့အတွက် အကောင်ဆုံးနည်းလမ်းကတော့ အိပ်ရေးဝဝအိပ်စက်တဲ့နည်းလမ်းပဲဖြစ်ပါတယ်။

အိပ်ရေးဝဝမအိပ်ဘူးဆိုရင် ဦးနှောက်က လုံလောက်တဲ့အနားယူမှုကို မရရှိတဲ့အတွက် နေစဉ်ဘဝမှာ၊အလုပ်မှာ ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ ဒါပေမယ့် လူတစ်ချို့မှာ ညဘက်မှာအိပ်ပျော်ရခက်ခဲတဲ့ပြဿနာကြုံနေရတဲအတွက် Dr. Thuta ကနေပြီးတော့ ညဘက်မှာ အလွယ်တကူအိပ်ပျော်နိုင်စေမယ့် နည်းလမ်းလေးတွေကို မျှဝေပေးမှာပဲဖြစ်ပါတယ်။

(၁) ဒီနည်းလမ်းကိုတော့ အမေရိကန်(US)စစ်တပ်ရဲ့ တပ်သားတွေအသုံးပြုတဲ့နည်းလမ်းဖြစ်ပါတယ်။

– အိပ်ရာပေါ်မှာ သက်သောင့်သက်သာလှဲပါ။

– အသက်ကို ပြင်းပြင်းနဲ့ပျော့ပျော့ တစ်လှည့်စီရှူပါ။

– ကိုယ့်ရဲ့မျက်နှာတစ်ဝိုက်မှာရှိတဲ့တင်းနေတဲ့အကြောတွေကိုဖြေလျှော့ပါ၊

– အသက်ကိုပြင်းပြင်းရှုသွင်းပြီး ဖြည်းဖြည်းပြန်ပြီးရှုထုတ်လိုက်ပါ၊ တစ်ချိန်တည်းမှာပဲ တင်း‌နေတဲ့စိတ်တွေ ကြွက်သားတွေကို ခန္ဓာကိုယ်အပေါ်ပိုင်းကနေ အောက်ပိုင်းထိကိုတဖြည်းဖြည်းချင်းစီလျှော့ချလိုက်ပါ၊

– စိတ်ရော၊ ခန္ဓာကိုယ်ရောတင်းနေတဲ့စိတ်တွေမရှိတော့ဘူးဆိုရင် မိမိအတွက်ပျော်စရာကောင်းတဲ့မှတ်ဉာဏ်အချို့ ဒါမှမဟုတ် စိတ်ကူးယဉ်ချင်တဲ့ အရာအချို့ကိုတွေးကြည့်ပါ။(စိတ်ညစ်စရာတွေကိုမတွေးဖို့လိုပါတယ်)

ဒီလိုဆိုရင်ခန္ဓာကိုယ်ရော၊ စိတ်ရောပေါ့ပါးနေပြီး ခဏလေးအတွင်းမှာအိပ်ပျော်သွားမှာပဲဖြစ်ပါတယ်။

(၂) ၄-၇-၈ အသက်ရှူလေ့ကျင့်ခန်းကို အသုံးချပါ။

ပက်လက်လှဲအိပ်ပြီး အပေါ်ကို မျက်နှာမူထားပါ။

အရင်ဆုံး ရှေ့မှာရှိတဲ့အပေါ်သွားနဲ့ အောက်သွားကို တင်းတင်းစေ့ထားပါ၊ လျှာကို အနောက်မှာထားထားပါ

နှုတ်ခမ်းကို နည်းနည်းလေးဟပြီး ပါးစပ်နဲ့ လေအရင်ဆုံးထုတ်ပါ

ပြီးသွားရင် နှုတ်ခမ်းကိုပြန်စေ့ပြီး နှာခေါင်းကနေ လေကို ရှူသွင်းပါ (စိတ်ထဲမှာ ၁ ကနေ ၄အထိ ရေတွက်နေပါ)

ပြီးသွားရင် အသက်ကို အောင့်ထားပါ (စိတ်ထဲမှာ ၁ ကနေ ၇ အထိ ရေတွက်နေပါ)

နှုတ်ခမ်းကို ပြန်ဟပြီး လေသံပါအောင် ပြန်ရှူထုတ်ပါ၊ လျှာကိုတော့ သွားရဲ့အနောက်မှာပဲ ထားထားပါ (ရှူထုတ်နေစဉ် ၁ ကနေ ၈ အထိရေတွက်နေပါ)

အသိစိတ်နဲ့မထိန်းထားပါနဲ့၊ ပုံမှန်အတိုင်း ပေါ့ပေါ့ပါးပါး အသက်ရှူနေရတယ်လို့ပဲ မှတ်ယူထားပါ

တဖြည်းဖြည်းနဲ့ တင်းနေတဲ့ ကြွက်သားတွေ ပြေလျော့ပြီး အိပ်ချင်စိတ်ကို ဖြစ်ပေါ်လာစေမှာပါ

(၃) နောက်ဆုံးအချက်ကတော့ မအိပ်ခင်ကြိုတင်ပြင်ဆင်ရမယ့် အချက်တွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

– အိပ်ခန်းကိုအမှောင်ချပါ။

– အိပ်ရာမ၀င်ခင်ရေချိုးပါ

– နွားနို့ပူပူတစ်ခွက်သောက်ပါ

– အဲယားကွန်းဖွင့်အိပ်ပါ/(အိပ်မယ့်အခန်းက ပူအိုက်မနေပဲ အအေးဓာတ်ရမယ့်နေရာဖြစ်ပါစေ)

အခုဆိုရင် မိတ်ဆွေတို့အနေနဲ့ ညဘက်မှာ အလွယ်တကူအိပ်ပျော်စေနိုင်မယ့် နည်းလမ်းတွေကိုသိသွားမယ်လို့ထင်ပါတယ်။ တခြားအိပ်မပျော်တဲ့သူတွေလည်း ဒီနည်းလမ်းတွေသိရှိသွားအောင် share လုပ်ပေးကြပါအုံး။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr.Thuta

Leave a Reply

Your email address will not be published.