ညဘက်ဆို တော်ရုံ အိပ်မပျော်ဘူး…
အိပ်ရေးမဝဘူး…
ဆိုတဲ့ စကားတွေကို
အခုနောက်ပိုင်းမှာ လူကြီးတွေသာမကဘဲ လူငယ်တွေဆီကပါ ခဏခဏကြားရတယ်။
အိပ်ချိန်မပြည့်ရင် တစ်နေ့တာ ဘာလုပ်လုပ်အဆင်မပြေတာမျိုး ကြုံဖူးကြမှာပါ။
အိပ်မပျော်တဲ့ပြဿနာကို လူငယ် ၁၀%ကနေ ၂၀% လောက်ထိ ရင်ဆိုင်နေကြရပြီး
Depression ခံစားနေရတဲ့ လူငယ် ၇၅% လောက်ကလည်း အိပ်မပျော်တဲ့ insomnia ပြဿနာရှိကြတယ်။
အိပ်မပျော်တဲ့ အခြေအနေက ကြာလာတဲ့အခါ
Sleep disorder ကြုံတွေ့နိုင်သလို
သွေးတိုး၊ ဆီးချိုရောဂါ၊ အဝလွန်တာ၊ heart attack နဲ့ depression ဝင်တာမျိုး
စတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ရှိလာနိုင်တယ်။
ဒါကြောင့် ညဘက်တွေ အိပ်ပျော်ရခက်ခဲလာတယ်ဆိုပြီး သတိထားမိရင်…
ညဘက်မှာ မိနစ်(၃၀)လောက်အတွင်း အိပ်မပျော်ရင် ပေါ့ပေါ့ပါးပါးလုပ်စရာရှိတာမျိုးဖြစ်တဲ့ အဝတ်ခေါက်တာ၊ ပစ္စည်းရှင်းတာမျိုးလုပ်ကြည့်ပါ။
ပတ်ဝန်းကျင်မှာ ဖွင့်ထားတဲ့ မီးတွေပိတ်ပြီး အိပ်ပါ။
မအိပ်ခင် တစ်နာရီအလ်ိုလောက်မှာ ဖုန်းသုံးတာ၊ computer screen ကြည့်တာမျိုးက်ိုလည်း ရှောင်ပါ။
နေ့လယ်နေ့ခင်း တရေးတမောအိပ်တတ်တယ်ဆိုရင် အကြာကြီး မအိပ်ပါနဲ့။
မအိပ်ခင် Coffee၊ အရက် သောက်တာမျိုး၊ အစာစားတာမျိုးမလုပ်ပါနဲ့။
ညဘက်တွေမှာ ရေနွေးနဲ့ရေချိုးတာ၊ Journalling လုပ်တာ၊ ပုံဆွဲတာမျိုးလုပ်နိုင်ပါတယ်။
တစ်ခါတစ်လေ overthinking တွေ negative အတွေးတွေနဲ့ပဲ အိပ်မပျော်ဖြစ်တတ်တဲ့အတွက် ဝင်လေထွက်လေမှတ်တာမျိုး၊ mindfulness activity လုပ်တာမျိုးတွေက အိပ်စက်ခြင်းကို ပိုပြီး အထောက်အကူပြုစေတယ်။
ကျွန်တော်တို့တွေသေချာ အနားယူဖြစ်တဲ့အချိန်က အိပ်ချိန်ပဲဖြစ်တာကြောင့် အိပ်ချိန် schedule ကို သေချာသတ်မှတ်ထားသင့်တယ်။
တစ်ရက်နဲ့တစ်ရက် အိပ်ချိန်မတူရင်လည်း အိပ်ပျော်ဖို့ခက်ခဲတတ်တယ်။
မိတ်ဆွေတို့ရော ဘယ်ချ်ိန်ကနေ ဘယ်ချိန်အတွင်း အိပ်လေ့ရှိကြလဲ။
ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။
Dr. Thuta