မင်းကွန်းဆရာတော်ကြီးလို မှတ်ဥာဏ်ကောင်းဖို့ မြန်မာ့တိုင်းရင်းဆေးစနစ်ဖြစ်တဲ့မြင်းခွါရွက် ပစ္စငါးပါး (Pennywort Roots) နဲ့နွားနို့နဲ့ရောသောက်ပြီးစမ်းသပ်မှုတွေလုပ်ခဲ့ဖူးတယ်။

မနက်ထရင် စွမ်းအင်ပေါက်ကွဲမှုကောင်းအောင် Virgin Coconut Oil တစ်ဇွန်းသောက်တာမျိုးအချိန်တစ်ခုထိ လုပ်ဖူးတယ်။

​ဦးနှောက်ကို သွေးပိုရောက်စေတဲ့ပြည်တွင်းမှာရနိုင်တဲ့ပြင်သစ် Servier ကုမ္ပဏီကထုတ်တဲ့အယ်ကာလီယွန်တို့လိုမျိုးကျောင်းသားဘဝက စာမေးပွဲမတိုင်ခင်မှာ စမ်းသုံးခဲ့ဖူးတယ်။

နောက်ပိုင်း Smart drugs တွေဦးနှောက်အားတိုးဆေး Nootropics တွေနောက် neurotransmitter တွေအားကောင်းအောင် supplement တွေစမ်းသပ်ခဲ့ဖူးတယ်။

Tim Ferriss အရင်ကုမ္ပဏီကထုတ်တဲ့ဆောင်းပိုးနွေမြက် Cordyceps ပါတဲ့Brainquicken (အခု Bodyquicken) တို့ကိုစျေးကြီးကြီးနဲ့မှာပြီး စမ်းခဲ့ဖူးတယ်။

ကမ္ဘာပေါ်မှာ နာမည်ကြီးတာကတော့Joe Rogan ပူးတွဲတည်ထောင်တဲ့Onnit က ထုတ်တဲ့ alpha brain နောက် neurohacker collectives တို့လိုQualia mind တို့ အသုံးများလာတယ်။

သူကတော့ cognitive functions ကိုတိုးတက်အောင်လုပ်ပေးတဲ့ supplements ပုံစံသွားတယ်။

Marketing လုပ်တဲ့အခါတော့ Limitless ထဲက NZT-48 တို့လိုသောက်ပြီး အလင်းပွင့်သွားမယ့်ပုံစံ။

တကယ်တော့ Nootropics တွေကအဲ့လို အလုပ်မလုပ်ဘူး။ ခုသောက် ခုချက်ချင်းကြီး effect ရပြီး focus ကောင်းသွားတာမဟုတ်ဘူး။သူက supplements ပဲဖြစ်တယ်။

Silicon Valley ဖက်က tech သမားတွေကတော့LSD တို့ microdosing တို့လုပ်ကြတယ်တော့ခဏခဏ ကြားဖူးတယ်။​Steve Jobs ကအစ LSD သုံးတယ်လို့ဖတ်ဖူးတယ်။

ခုနောက်ပိုင်း Psychedelic drug တွေကိုယ့်ကိုကိုယ် ပြန်ရှာဖွေဖို့spiritual experience အတွက်ဆိုပြီးတချို့လဲ promote လုပ်လာတယ်။Magic mushroom, ayahuasca တို့လို။

ရေတို attention နဲ့ focus တိုးဖို့အတွက်Coffee ကတော့ အကောင်းဆုံးပဲ။

သူကတော့ မသုံးရသေးတဲ့ energy ကိုကြိုသုံးထားတဲ့သဘောပဲ။ ညနေပိုင်း energy ကို မနက်ပိုင်းငှါးသုံးတဲ့ သဘော။ ဒီနောက်ပိုင်းမှာတော့ Smart drug တွေမစမ်းဖြစ်တော့ဘူး။Behavior ပိုင်းနဲ့ တခြားအပိုင်းတွေနဲ့ပဲproductivity တက်အောင်လုပ်ဖြစ်တယ်။

တစ်ခုခုကို မှီခိုပြီးဖြစ်လာတဲ့productivity က ရေရှည်မခံဘူးလို့ရိုးရိုးလေးစဉ်းစားကြည့်တယ်။

Meditation အကြောင်းတွေApp တွေအကြောင်းလဲ အချိန်ရရင် ရေးအုံးမယ်။

Phyo Paing @ Derek

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr. Thuta

Leave a Reply

Your email address will not be published.