သီချင်းနားထောင်ရတာကို လူတိုင်းနှစ်သက်ကြတယ်။
အားလပ်ချိန်ဖြစ်ဖြစ်၊ ပေါ့ပေါ့ပါးပါးအလုပ်တွေလုပ်တဲ့အခါမှာဖြစ်ဖြစ် သီချင်းနားထောင်ရတာ စိတ်ကို ရွှင်လန်းစေတယ်။
တေးဂီတတွေက အပျင်းပြေရုံသက်သက်အပြင် ဘယ်လို စွမ်းအားတွေရှိနေလဲ ဆိုတာ မိတ်ဆွေတို့ သိကြလား။
သုတေသနတွေအရဆိုရင် သီချင်းနားထောင်တဲ့အခါ သွေးလည်ပတ်မှုကို ပိုကောင်းစေတယ်။ ဒါ့အပြင် နှလုံးခုန်နှုန်းမြန်တာ၊ သွေးဖိအားများတာ နဲ့ stress hormone မြင့်တာမျိုးကို လျှော့ချစေတယ်။
သီချင်းနားထောင်တာက ဦးနှောက်ရဲ့ dopamine ထုတ်လုပ်မှုနှုန်းကိုလည်း တိုးတက်စေတယ်။ dopamine hormone ကတော့ စိတ်ဖိစီးမှုကို လျော့ကျစေတဲ့ hormone တစ်မျိုးပါ။
တေးဂီတတွေက မှတ်ဉာဏ်စွမ်းရည်ကိုလည်း အထောက်အကူပြုစေတယ်။ ဒါကြောင့် Alzheimer ရောဂါခံစားရသူတွေကို music therapy ပေးတာမျိုးတွေရှိတယ်။
ဆေးကုသမှုခံယူတဲ့အခါမျိုးမှာ ဦးနှောက်ကို လှုံ့ဆော်လာတဲ့ pain signals တွေကို အဟန့်အတားအနေနဲ့ ဆောင်ရွက်ပေးန်ိုင်တယ်။
ဒါ့အပြင် soft music တွေဖွင့်ထားရင် အစာအများကြီး မစားမိအောင် အထောက်အကူပြုစေပြီး လေ့ကျင့်ခန်းလုပ်တဲ့အခါမျိုးမှာလည်း လှုပ်ရှားမှု performance ကို ပိုတိုးတက်စေတယ်။
ဒါကြောင့် မိတ်ဆွေတို့ အနေနဲ့ ပိုကျန်းမာတဲ့lifestyle ကိုပိုင်ဆိုင်ဖို့ တေးဂီတတွေရဲ့ စွမ်းအားကို အသုံးချသင့်တယ်။
မိတ်ဆွေတို့ ဘယ်လို တေးဂီတအမျိုးအစားကို နားထောင်ဖြစ်ကြလဲဆိုတာ comment မှာ ရေးခဲ့ပေးပါဦး။
ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။
Dr. Thuta