စစ်မှန်တဲ့ ပညာမှာ အတွင်းကျကျ နက်နက်ရှိုင်းရှိုင်း နားလည်ခြင်းက အရေးကြီးပါတယ်။ သတင်းအချက်အလက်တွေကို မှတ်သားထားရုံတင် မဟုတ်ပါဘူး။
အောင်မြင်နေတဲ့ High Performer တွေအနေနဲ့ တခြားသူတွေထက် ခေါင်းတစ်လုံးသာနေရခြင်း အကြောင်းအရင်းကတော့
သူတို့က သတင်းအချက်အလက်တွေ၊ ပညာတွေကို အပေါ်ယံနားလည်ရုံတင် မဟုတ်ဘဲ အတွင်းကျကျ အဓိပ္ပါယ်ကို နက်နက်ရှိုင်းရှိုင်း သဘောပေါက် နားလည်တတ်လို့ ဖြစ်ပါတယ်။
ဒါ့အပြင် သူတို့ရဲ့ Mindset ကြောင့် လေ့လာထားသမျှတွေကို သုံးပြီး ပြဿနာတွေကို ဖြေရှင်းနိုင်တာ၊ အိုင်ဒီယာအသစ်တွေကို ဖန်တီးနိုင်တာမျိုးတွေကိုလဲ ပြုလုပ်နိုင်ကြလို့ဖြစ်ပါတယ်။
သူတို့လေ့လာထားတဲ့ အသိပညာတွေကို အခြေခံအုတ်မြစ်အဖြစ် ဆောင်ရွက်ပြီး လုပ်ဆောင်ဖို့ လိုအပ်တဲ့အရာတွေကို အလွယ်တကူ လုပ်ဆောင်နိုင်စေပါတယ်။ ဒါကလဲ အတွင်းကျကျ လေ့လာထားလို့ နက်နက်ရှိုင်းရှိုင်း နားလည်ထားလို့ပဲ ဖြစ်ပါတယ်။
ဒီလိုမျိုး အသိပညာအုတ်မြစ်ကို တည်ဆောက်တယ်ဆိုတာ High Performer တွေပဲ လုပ်နိုင်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကိုယ်တိုင်လဲ လေ့ကျင့်ပြီး လုပ်ဆောင်နိုင်ပါတယ်။
ဒီလို လုပ်ဆောင်ဖို့ဆိုရင် အရေးကြီးတာက ကိုယ့်ကိုယ်ကိုယ် သိဖို့ပါပဲ။ Self-Awareness က အရေးကြီးပါတယ်၊ ကိုယ့်ကိုယ်ကိုယ်မှ အတွင်းကျကျမသိရင် အသိပညာတွေကို နက်နက်ရှိုင်းရှိုင်းလေ့လာနိုင်ဖို့ မလွယ်ပါဘူး။
ဒါကြောင့် ကိုယ် အားနည်းတဲ့ နေရာတွေနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ရိုးသားပါ။ သိအောင်လုပ်ပါ။ ဒီနယ်ပယ်တွေမှာ အခြေခံတွေကစပြီး အားဖြည့်ပါ။
ကားတစ်စီးကို မပြင်တတ်ခင်မှာ ကားကို အရင်ဆုံး မောင်းတတ်ဖို့လိုပါတယ်။ ဘယ်လိုအလုပ်လုပ်လဲ ဆိုတာမသိရင် ပြင်ဆင်နိုင်စွမ်းမရှိပါဘူး။
အကယ်၍သာ Deep Understanding ကို သေချာလုပ်နိုင်ရင် လက်တွေ့အသုံးချနိုင်စွမ်းကလဲ တိုးတက်လာပါလိမ့်မယ်။
ဒါကြောင့် အခုခေတ်မှာ ကလေးတွေကို အချက်အလက်တွေကိုပဲ အသားပေးတဲ့ Factual Understanding ထက် နားလည်သဘောပေါက်မှုကို အလေးပေးတဲ့ Deeper Learning ကို ပိုပြီး အာရုံစိုက်လာကြတာ ဖြစ်ပါတယ်။
အကြောင်းအရာတွေ အများကြီးကို ကျယ်ကျယ်ပြန့်ပြန့် သိထားတာက ကောင်းပါတယ်။ ဒါပေမဲ့ နက်နက်ရှိုင်းရှိုင်း အားစိုက်ထုတ်ပြီး လေ့လာထားတဲ့ အရာတစ်ခုက ခက်ခဲ ရှုပ်ထွေးတဲ့ အခြေအနေမျိုးတွေမှာ ကူညီနိုင်ပါလိမ့်မယ်။
Dream Lab