လူငယ်တွေ အတွက် အခုလို ပညာရေး ရပ်တန့်ထားချိန်မှာ မိမိ အနာဂတ် သေချာမှုရှိစေမယ့် ပြင်ပ ပညာရေး တစ်ခုကို ရွေးချယ်သင့်ပါတယ်။ ဒါကြောင့် အလုပ်အကိုင် အခွင့်အလမ်း ပေါများပြီး ကမ္ဘာတစ်ဝှမ်း ကလဲ အသိအမှတ် ပြုထားတဲ့ IT degree ကို တက်ရောက် သင့်တဲ့ အချက် (၄) ချက်ကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

(၁)အလုပ်အတွက် ရွေးချယ်စရာ နယ်ပယ်များခြင်း။

IT degree တစ်ခုရတဲ့ အထိ တက်ရောက်ပြီးတဲ့ အခါ ITနယ်ပယ်မှာ ရွေးချယ်စရာ အလုပ် ပေါများပါတယ်။ဥပမာ အားဖြင့် cloud computing , information security ကစလို့ system administration , database အထိ မိမိစိတ်ဝင်စား တဲ့ နယ်ပယ်မှာ လုပ်ကိုင်လို့ ရပါတယ်။

(၂)အကျိုးအမြတ်များစွာ ရရှိနိုင်ခြင်း။

US မှာဆိုရင် IT high school graduate အလုပ်သမား တစ်ယောက်ရဲ့ တစ်ပတ်စာ ဝင်ငွေက $817 ရှိပါတယ်။college graduate သမားဆိုရင် တစ်ပတ်မှာ $1,474 ရရှိပါတယ်။ ဒါကြောင့် မိမိကသာ IT degree တစ်ခု တက်ရောက်ဖို့ ရွေးချယ်မယ် ဆိုရင် အကျိုးအမြတ်များစွာ ပြန်လည် ရရှိနိုင်တဲ့ လမ်းကြောင်း တစ်ခုပဲ ဖြစ်ပါတယ်။

(၃)နိုင်ငံတကာမှာ အသိအမှတ်ပြုထားတဲ့ အတွက် နိုင်ငံခြားမှာ သွားရောက် လုပ်ကိုင် နိုင်ခြင်း။

ဥပမာအနေနဲ့ IT နယ်ပယ်ထဲကမှ Computing ပိုင်းမှာဆိုရင် NCC Education (UK) တက်ရောက်လို့ ရပါတယ်။UK နိုင်ငံ ပညာရေးဆိုင်ရာ အကဲဖြတ်အဖွဲ့ Ofqual က အသိအမှတ် ပြုပေးထားပြီး University of Greenwich နဲ့ ချိတ်ဆက်ပေးထားတယ်။ ဒါ့ကြောင့် နိုင်ငံခြားမှာ အလုပ်လုပ်ကိုင်ချင် လိုသူတွေ အတွက် ရွေးချယ်သင့်ပါတယ်။

(၄)အနာဂတ်မှာ ပိုမို ကျယ်ပြန့်လာနိုင်ခြင်း။

နည်းပညာ ဆိုတာက တစ်နေ့ထက် တစ်နေ့ တိုးတက် လာနိုင်တဲ့ လူသားတွေတွက် မရှိမဖြစ် အရာ တစ်ခုပါ။အနာဂတ်မှာ လွှမ်းမိုးလာနိုင်တဲ့ ပညာရပ် တစ်ခု ဖြစ်တဲ့ အတွက်ကြောင့် သင်ယူဖို့ ရွေးချယ်တာ မမှားနိုင်မယ့် လမ်းကြောင်း တစ်ခုပဲ ဖြစ်ပါတယ်။ YEC Learner တို့အတွက် နည်းပညာဘွဲ့ တစ်ခု ဘာကြောင့် ယူသင့်လဲဆိုတဲ့ အချက် (၄) ချက်ကို ပြောပြပေးသွားတာ ဖြစ်ပါတယ်။

YEC Learning CenterWe Empower People with Passion

Leave a Reply

Your email address will not be published.