ကျွန်တော်တို့ဆီမှာ အိပ်မက်တွေ၊ ရည်မှန်းချက်ပန်းတိုင်တွေ ကိုယ်စီရှိကြပါတယ်။ ရရှိအောင်လဲ နည်းအမျိုးမျိုးနဲ့ ကြိုးစားနေကြတာပါ။
ဒီလိုကြိုးစားတဲ့နေရာမှာ တစ်ရက်တည်းနဲ့ တစ်ခေါက်တည်း ကြိုးစားရုံနဲ့ ရလာနိုင်မှာ မဟုတ်ပါဘူး။
သစ်ပင်ကြီးတစ်ပင်ကို တစ်ချက်တည်းခုတ်ရုံနဲ့ ပြိုလဲသွားအောင် လုပ်လို့မရပါဘူး။
တစ်ခါတစ်လေမှာ တစ်နေ့တစ်ချက် အချက်ပေါင်း ၃၅၆ ချက်လောက် လိုရင်လိုအပ်နိုင်သလို ဒီ့ထက်ပိုပြီးလဲ လိုအပ်နိုင်ပါတယ်။
ဘဝအပြောင်းအလဲဖြစ်စေမယ့် အကြောင်းအရာတွေကလဲ ဒီလိုပါပဲ။
အရေးကြီးတာက နေ့စဥ်လုပ်နေတဲ့ အလုပ်တွေရဲ့ အကျိုးသက်ရောက်မှုပါ။
နေ့စဥ် အလုပ်တွေရဲ့ စွမ်းပကားကို လျှော့တွက်လို့မရပါဘူး။
အောင်မြင်မှုကို ရရှိတဲ့သူတွေ၊ စွမ်းဆောင်ရည်ကောင်းတွေကို ပြသထားတဲ့သူတွေရဲ့ နေ့စဥ်ဘဝက အကျိုးရှိတဲ့ အလုပ်တွေနဲ့ပဲ ပြည့်နေတာပါ။
ဘဝတွေကို ကွာသွားစေတာကလဲ နေ့စဥ်လုပ်တဲ့ အလုပ်တွေပါပဲ။
တစ်ရက်ကို ၁ % လုပ်တာက တစ်နှစ်ကို ၃၆၅ % ရစေမှာ မဟုတ်ပေမဲ့ တစ်ချိန်ချိန်မှာ ၁၀၀ % ပြည့်ဖို့အတွက် အထောက်အကူဖြစ်စေမှာပါ။
ဝါးပင်တစ်ပင်ဟာ ပထမငါးနှစ်မှာ အမြစ်တွယ်နေရတဲ့အတွက် အမြင့်ကို သိပ်မတက်နိုင်ပါဘူး။ ဒါပေမဲ့ သူ့အချိန်ရောက်လာတဲ့အခါမှာ ၆ ပတ်အတွင်း ပေ ၉၀ အထိ ရှည်ထွက်နိုင်ပါတယ်။
နေ့စဥ်မှာ အလေ့အကျင့်တည်ဆောက်ထားတဲ့ အလုပ်တွေရဲ့ စွမ်းပကားက တော်တော်လေးကြီးမားပါတယ်။
Warren Buffet ကတစ်ရက်ကို အနည်းဆုံး စာမျက်နှာ ၅၀၀ စာဖတ်ခဲ့ပါတယ်။ Winston Churchill က သူ့ရဲ့ မနက်စာ ၇ နာရီကနေ ၁၁ နာရီအတွင်း အလုပ်လုပ်ဖို့အတွက် ပြင်ဆင်နေချိန်မှာ အရေးကြီးတဲ့ စဥ်းစားတွေးခေါ်မှုတွေ၊ ဆုံးဖြတ်ချက်ချတာတွေကို လုပ်ဆောင်ပါတယ်။
ဒီလိုမျိုး ကိုယ့်ရဲ့ တစ်နေ့တာကို အလုပ်တွေ ပိုပြီးစေမယ့် အကျိုးရှိစေမယ့် အလေ့အကျင့်တွေနဲ့ တည်ဆောက်ထားရပါမယ်။
အိမ်မက်တွေ ဘယ်လောက်ကြီးကြီး နေ့စဥ်စွမ်းပကားကို အကောင်းဆုံးအသုံးမချနိုင်ရင် အရာရာ “ဆုတောင်း list” ထဲက ထွက်လာမှာ မဟုတ်ဘူး။
Dream Lab