နေ့လည်ခင်းအချိန်ကိုရောက်ရင် ကျွန်တော်တို့အားလုံးကြုံတွေ့ရတာက အိပ်ချင်စိတ်ပေါ်ပေါက်လာတာပါပဲ။ တစ်ချို့ကလည်း ထမင်းစားပြီး သွေးလေးလာလို့ အိပ်ချင်တာလို့ ပြောကြပါတယ်။ ဘာပဲဖြစ်ဖြစ်နေ့လည်ရောက်ရင် အိပ်ငိုက်ပြီး အလုပ်မပြီးမြောက်တာက လူတိုင်းနီးပါးမှာ ကြုံတွေ့ကြရပါတယ်။
နေ့လည်မှာအိပ်ချင်စိတ်ဖြစ်ပေါ်လာတာက ကျွန်တော်တို့ရဲ့ဦးနှောက်ကနေ “ခန္ဓာကိုယ်က အားပြန်ဖြည့်ဖို့ လိုအပ်နေပြီ အလုပ်လုပ်တာရပ်တော့” ဆိုပြီး ပြောပြတဲ့အချက်ပြမှုတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် နေ့လည်ဆိုတာ လူတော်တော်များများက အလုပ်မှာ/ကျောင်းမှာ ရောက်နေတဲ့အချိန်ဖြစ်လို့ နေ့လည်မှာ တရေးအိပ်ဖို့ဆိုတာတော်တော်ခက်ပါတယ်။ ဒါပေမယ့် နေ့လည်စာစားပြီး အနားယူတဲ့အချိန်မှာ နာရီဝက်လောက်တရေးအိပ်ဖို့တော့ အချိန်ရနိုင်ပါတယ်။ ရတဲ့အချိန်အတွင်းမှာ အကျိုးအရှိဆုံးဖြစ်အောင် အထာကျကျ ဘယ်လိုအိပ်ကြမလဲဆိုတာ ပြောပြချင်ပါတယ်။
နေ့လည်ခင်းမှာ တရေးအိပ်ဖို့ခက်တဲ့သူတွေအတွက် brain waves တွေကို သုံးပြီး ဦးနှောက်ကို ပြန်လည်အားအင်ဖြည့်တင်းနိုင်ပါတယ်။ Brain waves တွေထဲကမှာ Theta waves ကို နေ့လည်ခင်းအိပ်စက်ရာမှာအသုံးပြုနိုင်ပါတယ်။ Theta waves က လူတစ်ယောက် အိပ်မောကျခါစအချိန်၊ စိတ်ကူးယဉ်နေတဲ့အချိန်မျိုးမှာ ထွက်ပေါ်လာတဲ့ brain wave တစ်မျိုးဖြစ်ပါတယ်။
Theta waves တွေဖြစ်ပေါ် လာဖို့အတွက် Binaural Beats လို music တစ်မျိုးရဲ့ အကူအညီရယူနိုင်ပါတယ်။ ဒီ music ရဲ့ သဘောက Theta waves ဖြစ်ပေါ်လာအောင် ကျွန်တော်တို့ရဲ့ နားနှစ်ဖက်မှာ မတူညီတဲ့ frequency တွေကို ထုတ်လွှင့်ပေးတာပါ။ ဥပမာ- ညာဘက်နားမှာ 100Hz ရှိတဲ့ သံစဉ်နဲ့ ဘယ်ဘက်နားမှာ 104Hz ရှိတဲ့ Tone ဖွင့်မယ်ဆိုရင် ကြားထဲက ကွာဟချက်က 4Hz ဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ ဦးနှောက်မှာ Theta waves ဖြစ်ပေါ်လာမှာပဲဖြစ်ပါတယ်။ ( ဒီလို Binural Beats မျိုးနားထောင်မယ်ဆိုရင် နားကျပ်တပ် နားထောင်ဖို့တော့ လိုပါတယ်။) ဒါပေမယ့် Binaural Beats ကနေ Theta waves ဖြစ်ပေါ်လာဖို့ဆိုရင် အလေ့အကျင့်တစ်ခုလိုအပ်ပြီး လွယ်လွယ်နဲ့မရနိုင်ပါဘူး။
ဒီနည်းက အိပ်မောကျတဲ့အချိန်/ theta waves ထွက်လာမယ့် အချိန်ကိုမစောင့်ပဲ theta waves ထွက်ပေါ်လာအောင်လုပ်ပြီး ဦးနှောက်ကိုလှည့်စားလိုက်တဲ့နည်းတစ်မျိုးဖြစ်ပါတယ်။
နေ့လည်ခင်းမှာ ပင်ပန်းနွမ်းနယ်လာပြီဆိုရင်
– အနားယူလို့ကောင်းမယ့်နေရာတစ်ခုရှာပါ။ ( သစ်ပင်အောက်၊ အလုပ်စားပွဲပေါ်)
– Theta waves binaural beats ကိုဖွင့်ပြီး နားကျပ်တပ်ပြီး နားထောင်ပါ။
– မိနစ်သုံးဆယ် alarm ပေးထားပါ။
– binaural beats ကို မျက်လုံးမှိတ်ရင်းနားထောင်ပြီး အနားယူလို့ရပါပြီ။
ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။
Dr. Thuta