ကျွန်တော်တို့ဘဝရဲ့ သုံးပုံနှစ်ပုံလောက်က အလုပ်ထဲမှာပဲ ကုန်ဆုံးရတယ်။

ဒီအတွက် ပိုကောင်းတဲ့ ဘဝနေထိုင်မှုပုံစံဖန်တီးနိုင်ဖို့ ဆိုရင် ပိုပြီး ပျော်စရာကောင်းတဲ့ အလုပ်ခွင်ဖန်တီးဖို့ အရေးကြီးလာပြီ။

ပိုကောင်းတဲ့ လုပ်ငန်းခွင်မှာ နေနိုင်ဖို့…

🌟French တွေလို ကျင့်သုံးပါ။

ပြင်သစ်လူမျိုးတွေမှာ အလုပ်ချိန်ပြင်ပ email မပို့ရဘူးဆိုတဲ့ rule တောင် ရှိပါတယ်။ ဆိုလိုတာက personal life နဲ့ career ကို သီးသန့်ခွဲထားကြတာပါ။

အလုပ်ချိန်မှာ တာဝန်ကျေပွန်ဖို့ အကောင်းဆုံးကြိုးစားပြီး နားချိန်မှာလည်း အပြည့်အဝ အနားယူနိုင်အောင် နေတာက ပိုပြီး work-life balance ဖြစ်စေတယ်။

🌟သင်ယူမှုကို မရပ်တန့်စေနဲ့။

ကျွန်တော်တို့ တော်တော်များများ အထင်မှားနေတာက ဘွဲ့ရ အလုပ်လုပ်ပြီဆိုရင် ဘာမှ ဆက်ပြီး သင်ယူစရာမလိုဘူး ဆိုတာပဲ။

တကယ်တော့ အပြောင်းအလဲ အပြိုင်အဆိုင်များတဲ့ ခေတ်မှာ ပိုပြီး ကောင်းတဲ့ဘဝအခြေအနေတည်ဆောက်ဖို့ သာမက self-esteem တည်ဆောက်နိုင်ဖို့ နဲ့ ဦးနှောက် function တွေရဲ့ လုပ်ဆောင်မှု ကောင်းမွန်စေဖို့ “lifelong learning” ကတော့ မရှိမဖြစ် ဆေးပဲ။

🌟self- reflection နေ့တိုင်းလုပ်ပါ။

ကိုယ့်ကိုယ်ကို အချိန်ပေးဖို့ အလိုအပ်ဆုံးအချ်ိန်ကတော့ self-reflection time ပဲ။ တခါတလေ ကိုယ်လုပ်နေတာ မှန်၊ မမှန် ပြန်ပြီး ဆန်းစစ်ဖို့က တော်တော်လေး အရေးကြီးတယ်။

ကိုယ့်ရဲ့ action တိုင်းကို ပြန်ပြီး သုံးသပ်ပြီး ပြုပြင်တာက productive ဖြစ်တဲ့ lifestyle ကို ဖန်တီးပေးနိုင်တယ်။ ဒါ့အပြင် ပိုပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့လည်း အထောက်အကူပြုတယ်။

မိတ်ဆွေတို့ရော ဒီထဲက ဘယ်လို အချက်တွေကို နှစ်မကုန်ခင်မှာ လက်တွေ့ကျင့်သုံးမယ်လို့ စဉ်းစားပြီးပြီလဲ။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr. Thuta

Leave a Reply

Your email address will not be published. Required fields are marked *