အရင်အပတ်တုန်းက ဟင်းသီးဟင်းရွက်တွေက ဦးနှောက်ကို အကျိုးပြုတဲ့အကြောင်းပြောပြခဲ့ပါတယ်။ ဒီနေ့မှာတော့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်တဲ့ ပန်းမုန်လာစိမ်းက ဦးနှောက်အတွက် ဘယ်လိုအကျိုးပြုတယ်ဆိုတာ ပြောပြပေးသွားမှာဖြစ်ပါတယ်။

ပန်းမုန်လာ🥦ဆိုတာ လူအများစုနှစ်သက်ကြတဲ့အစားအစာထဲမှာပါ ပါတယ်။ ပန်းမုန်လာနဲ့ကြက်ဥကြော်၊ ပန်းမုန်လာဟင်းချို စသဖြင့် အမျိုးမျိုးလုပ်စားတတ်ကြပါတယ်။

ပန်းမုန်လာ🥦 ဂေါ်ဖီထုပ် စတဲ့အရာတွေက လူသားတွေရဲ့ကျန်းမာရေးကိုအကျိုးပြုတဲ့အစားအစာထဲမှာပါဝင်ပါတယ်။ သူတိူ့မှာ sulforaphane လို့ခေါ်တဲ့ ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့ဓာတ်တစ်မျိုးပါဝင်ပါတယ်။

sulforaphane ရဲ့ ကျန်းမာရေးအတွက်အထောက်အကူပြုမှုတွေကို မကြာသေးခင်ကပဲ သုတေသနတွေပြုလုပ်လေ့လာခဲ့ကြပါတယ်။ လေ့လာတွေ့ရှိချက်တွေအရတော့ sulforaphane ဟာ ကင်ဆာ၊ အဝလွန်ရောဂါ၊ အော်တစ်ဇင်( Autism) အပါအဝင် ဦးနှောက်နဲ့သက်ဆိုင်တဲ့ရောဂါ တွေကို ကာကွယ်ပေးနိုင်တယ် (သို့) ကုသပေးနိုင်တယ်ဆိုတာ သိရှိခဲ့ရပါတယ်။ sulforaphane ပါတဲ့အစားအစာတွေကို နေ့စဉ်စားသုံးတဲ့အခါ ထည့်သွင်းစားသုံးပေးရင် ခန္ဓာကိုယ်တွင်းကအဆီတွေကို (၁၅-၂၀%) ထိ လျှော့ချပေးနိုင်ပါတယ်။

ဒါ့ပြင် sulforaphane က antioxidant လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကို ထုတ်လုပ်နိုင်ဖို့ အစပြုပေးနိုင်တာဖြစ်လို့ အရွယ်မတိုင်ခင် ဦးနှောက်အိုမင်းတာကို ကာကွယ်ပေးနိုင်ပါသေးတယ်။

တကယ်တော့ sulforaphane က ဗီတာမင်( Vitamin)ဓာတ်လည်း မဟုတ်သလို မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်လည်း မဟုတ်ပါဘူး။ ဒါပေမယ့် ခန္ဓာကိုယ်အတွက်တော့ တော်တော်လေးအကျိုးပြုတဲ့ဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။

ပန်းမုန်လာအပါအဝင် ဂေါ်ဖီထုပ်မျိုးနွယ်တွေမှာ sulforaphane တွေပါဝင်ပါတယ်။ အထူးသဖြင့် ပန်းဂေါ်ဖီအရင့်ထက် ပန်းဂေါ်ဖီအနုတွေမှာ sulforaphane ဓာတ် အဆတစ်ရာကျော်ပါဝင်လို့ ပန်းဂေါ်ဖီစားမယ်ဆိုရင် နုတာလေးတွေ ရွေးချယ်ဝယ်ယူစားသုံးဖို့ အကြံပေးချင်ပါတယ်။

မိတ်ဆွေတို့ရော ပန်းမုန်လာ🥦ကြိုက်ကြရဲ့လား?

Dr. Thuta

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Leave a Reply

Your email address will not be published.