အခုလို အရာရာက စျေးနှုန်းနှစ်ဆ ဖြစ်နေတဲ့အချိန်မှာ အရင်အတိုင်း ပိုက်ဆံရှာပြီး အရင်လိုပဲ ငွေသုံးနေလို့ မရပါဘူး။
အရင်လိုပဲ ဆက်သုံးနေမယ်ဆိုရင်တော့ မိတ်ဆွေရဲ့ အသုံးစရိတ် (ထွက်ငွေ) တွေက ဝင်ငွေထက်ပိုကြီးလာပြီး ငွေကြေးအခက်အခဲတွေနဲ့ ရင်ဆိုင်လာရနိုင်ပါတယ်။
ဒီလိုမျိုး မဖြစ်ဖို့ဆိုရင် ဝင်ငွေများအောင် ပိုက်ဆံ”ပို”ရှာပြီး ထွက်ငွေနည်းအောင် ပိုက်ဆံ”လျှော့”သုံးဖို့ လိုအပ်ပါတယ်။
ဝင်ငွေများအောင် ပိုက်ဆံ”ပို”ရှာဖို့ဆိုရင် အသစ်သစ်သော ဝင်ငွေလမ်းကြောင်းတွေ ဖန်တီးဖို့လိုလာပါပြီ။ အလုပ်တစ်ခုထဲ လုပ်နေတဲ့သူဆိုရင် Freelance Job တွေ Part-time Job တွေ တတ်နိုင်သလောက်လုပ်ပြီး ဝင်ငွေများအောင် ထပ်ရှာသင့်ပါတယ်။
ရင်းနှီးဖို့ငွေရှိတဲ့သူတွေ အနေနဲ့ဆိုရင် စတော့၊ရှယ်ယာတွေ၊ အိမ်၊ခြံ၊မြေ၊တိုက်ခန်း၊ကားတွေထဲက ကိုယ်တတ်ကျွမ်းတဲ့နယ်ပယ်မှာ အတိုးတွေ၊အမြတ်တွေရှာပြီးလဲ ဝင်ငွေလမ်းကြောင်း အသစ်တွေ ဖန်တီးသင့်ပါတယ်။
ထွက်ငွေနည်းအောင် ပိုက်ဆံ”လျှော့”သုံးဖို့ဆိုရင် အပတ်တိုင်း အပြင်မှာထွက်စားတာလိုမျိုး မသုံးလဲဖြစ်တဲ့ အသုံးစရိတ်တွေကို လုံးဝမသုံးမိအောင် လျှော့ချပြီး ငွေပိုထွက်လာအောင် လုပ်သင့်ပါတယ်။
ဒါ့အပြင် ကိုယ်ကတစ်လကို Phone Bill (၂) သောင်းသုံးနေတဲ့သူဆိုရင် (၁) သောင်းလောက်နဲ့ လောက်အောင် သုံးတာမျိုး မဖြစ်မနေ အသုံးစရိတ်တွေကိုလဲ ရသလောက် လျှော့ချဖို့လိုပါတယ်။
ဒီလိုမျိုး ပိုက်ဆံ”ပို”ရှာပြီး “လျှော့”သုံးတာက အခုလို ငွေကြေးကျပ်တည်းနေတဲ့ကာလမှာ မိတ်ဆွေကို ငွေကြေးအခက်အခဲတွေ မရင်ဆိုင်ရအောင် အများကြီး အထောက်အကူပြုပါလိမ့်မယ်။
နောက်နေ့တွေမှာလဲ Personal Finance နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို မျှဝေပေးသွားမှာမို့ Dana Daily ကို See First လုပ်ထားဖို့ မမေ့နဲ့နော်။