အရင်နေ့တုန်းက “You Are What You Eat” ဆိုတဲ့အတိုင်း ကျွန်တော်တို့စားလိုက်တဲ့အစာက ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို ကြီးမားတဲ့သက်ရောက်မှုရှိတဲ့အကြောင်းပြောပြပေးခဲ့ပါတယ်။ ဒီနေ့မှာပြောပြပေးချင်တာကတော့ ဦးနှောက်ရဲ့စွမ်းဆောင်ရည်ကောင်းစေတဲ့ အစားအစာထဲကတစ်ခုဖြစ်တဲ့ ဘလူးဘယ်ရီအပါအဝင် ဘယ်ရီသီးတွေအကြောင်းပဲဖြစ်ပါတယ်။Blueberries မှာ flavonoids လို့ခေါ်တဲ့ antioxidant ဓာတ်တွေပေါများတာကြောင့် ဦးနှောက်အိုမင်းရင့်ရော်ခြင်းကိုအကောင်းဆုံးကာကွယ်ပေးနိုင်တဲ့ အသီးအနှံတစ်မျိုးပဲဖြစ်ပါတယ်။
Blueberries မှာပါတဲ့ flavonoids တွေထဲမှာမှ anthocyanins လို့ခေါ်တဲ့ဓာတ်က ဦးနှောက်ရဲ့မှတ်ဉာဏ်ထိန်းသိမ်းတဲ့အပိုင်းဖြစ်တဲ့ hippocampus ကို မပျက်စီးအောင် စောင့်ရှောက်ပေးပါတယ်။ သုတေသနတွေအရ မှတ်ဉာဏ်ချို့ယွင်းစသက်ကြီးပိုင်းတွေကို Blueberries (၁၂)ပတ် စားသုံးစေတဲ့အခါမှာ ဦးနှောက်ရဲ့စွမ်းဆောင်ရည်နဲ့မှတ်ဉာဏ်တွေ ပြန်လည်ကောင်းမွန်လာတာတွေ့ရပါတယ်။
လူပေါင်းသောင်းခြောက်ထောင်ကျော်ကို ခြောက်နှစ်ကြာအောင်ပြုလုပ်ခဲ့တဲ့ သုတေသနတွေအရလည်း ဘယ်ရီသီးမျိုးနွယ်တွေဖြစ်တဲ့ ဘလူးဘယ်ရီ၊ စတော်ဘယ်ရီသီးတွေကို ပုံမှန်စားသုံးပေးတဲ့သူတွေက တခြားမစားသုံးတဲ့လူတွေထက် ဦးနှောက်အိုမင်းတဲ့အချိန် ( ၂ ) နှစ်ကျော်နောက်ကျတယ်လို့သိရပါတယ်။
ဘယ်ရီသီးတွေမှာပါဝင်တဲ့ flavanols က စိတ်ခံစားချက်တွေကို ကောင်းမွန်စေနိုင်တဲ့အတွက် စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးမှုကို သက်သာစေနိုင်ပါသေးတယ်။
ဘယ်ီသီးတွေအားလုံး (blueberries, bilberries, raspberries, and strawberries) မှာ ဦးနှောက်ကိုအကျိုးပြုတဲ့ဓာတ်တွေပါဝင်တာကြောင့် စတောဘယ်ရီ, ဘလူးဘယ်ရီစတာတွေအားလုံးကိုရောပြီး စားတာကလည်း ကောင်းမွန်တဲ့နည်းလမ်းတစ်ခုပါ။ဒီနေ့ပြောပြပေးသွားတာကတော့ ဦးနှောက်ကို အကျိုးပြုတဲ့အစားအစာတွေထဲက ဘယ်ရီသီးတွေအကြောင်းပဲဖြစ်ပါတယ်။
မိတ်ဆွေတို့ရော ဦးနှောက်စွမ်းဆောင်ရည်မြှင့်တင်ပေးမယ့် အစားအစာတွေစားဖြစ်ကြရဲ့လား?
ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။
Dr. Thuta