ကျွန်တော်တို့ရဲ့ မှတ်ဉာဏ်က ရေတိုမှတ်ဉာဏ်(short-term memory ) နဲ့ ရေရှည်မှတ်ဉာဏ်(long-term memory) ဆိုပြီး နှစ်မျိုးရှိပါတယ်။

ရေတိုမှတ်ဉာဏ်/ကာလတိုမှတ်ဉာဏ်ဆိုတာ ရုတ်တရက်ဖြစ်ပျက်တဲ့အရာတွေကို အချိန်တိုအတွင်း မှတ်ထားပေးတဲ့ မှတ်ဉာဏ်ပါ။ အများအားဖြင့် (၁၅-၃၀) စက္ကန့်လောက်ပဲ ယာယီမှတ်ထားပေးနိုင်တာပါ။

ရေရှည်မှတ်ဉာဏ်/ကာလရှည်မှတ်ဉာဏ်ဆိုတာက ဦးနှောက်မှာရှိတဲ့ hippocampus ဆိုတဲ့ ဧရိယာမှာ သိမ်းဆည်းထားတဲ့ မှတ်ဉာဏ်တွေကိုပြောတာပါ။ ကာလာရှည်မှတ်ဉာဏ်အဖြစ် မှတ်ထားနိုင်ဖို့အတွက် ခဏခဏလေ့ကျင့်မှတ်သားထားရတာပဲဖြစ်ပါတယ်။

အခုလေးတင်မြင်လိုက်တဲ့အရာတစ်ခုကို မေ့နေတာ / နာမည်ခေါ်ခါနီးမှ မေ့နေတာမျိုးက ကာလတိုမှတ်ဉာဏ်လျော့ကျနေတာပါ။ အသက်ကြီးတဲ့သူတွေမှာ ကာလတိုမှတ်ဉာဏ်လျော့ကျတာက ပုံမှန်ဆိုပေမယ့် ကိုယ်ကအသက်ငယ်ငယ်နဲ့ အဲဒီပြဿနာကြုံနေရပြီဆိုရင်တော့ သတိထားရပါတော့မယ်။

ကာလတိုမှတ်ဉာဏ်လျော့ကျနေတဲ့သူ (သို့) ခဏခဏမေ့တတိတဲ့သူတွေမှာ မေးပြီးသားမေးခွန်းကို ထပ်ခါတလဲလဲ ပြန်မေးတတ်တာ / အခုလေးတင် ထားခဲ့လိုက်တဲ့ ပစ္စည်းကို ဘယ်နားမှာထားခဲ့မှန်း စဉ်းစားရခက်တာ /တစ်ခါတစ်လေ လက်ထဲမှာပစ္စည်းကိုင်ထားပြီး လက်ရှာမိနေတာမျိုး ကြုံရလေ့ရှိပါတယ်။

ဘာကြောင့် မကြာခဏ မေ့တတ်လာတာလဲ။

လူတိုင်းကတော့ မေ့တတ်ကြပါတယ်။ ဒါပေမယ့် တစ်ချို့သောအကြောင်းအရာတွေကြောင့် တစ်ချို့သောလူတွေက ပိုပြီးမေ့တတ်ကြပါတယ်။ အဲဒါတွေကတော့

– အိပ်ချိန်နည်းပါတာ

– အာဟာရဓာတ်ကို လုံလောက်အောင်မရတာ

– စိတ်ဖိစီးမှု/စိုးရိမ်မှူများပြားတာ

– အယ်လ်ဇိုင်းမားရောဂါလို ဦးနှောက်နဲ့ပတ်သတ်တဲ့ရောဂါတွေဖြစ်လာတာ ကြောင့်ပါ။

ခဏခဏမေ့တတ်တဲ့သူတွေအနေနဲ့ ကိုယ့်ရဲ့နေထိုင်မှုနဲ့အစားအသောက်ပုံစံတွေကို ပြောင်းလဲပြီးတော့ မေ့တတ်တဲ့ပြဿနာကိုဖြေရှင်းနိုင်ပါတယ်။

မိတ်ဆွေတို့အနေနဲ့ ကိုယ့်ရဲ့ မှတ်ဉာဏ်ကို တိုးတက်ချင်ရင်တော့ အောက်က link ပေးထားတဲ့ post မှာ ဝင်ရောက်ဖတ်နိုင်ပါတယ်။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr. Thuta

Leave a Reply

Your email address will not be published. Required fields are marked *