လူတစ်ယောက်အနေနဲ့ မနက်ခင်းကို အကောင်းဆုံးစတင်နိုင်မှာသာ တနေ့တာကိုအဆင်ပြေပြေဖြတ်ကျော်နိုင်မှာပဲဖြစ်ပါတယ်။ လူအများစုကတော့ အိပ်ရာထထချင်းမှာ ရေတစ်ခွက်သောက်ပြီး သူတိူ့ရဲ့မနက်ခင်းကိုစတင်ကြပါတယ်။ ဒါ့အပြင် မနက်စောစောမှာ ရေအပြင် သောက်ပေးသင့်တဲ့တခြားသော သောက်စရာဖျော်ရည်တွေလည်းရှိပါသေးတယ်။ အဲဒါတွေကတော့-
(၁) ရေနွေးကြမ်း
မနက်အိပ်ရာနိုးနိုးချင်းမှာ ရေနွေးကြမ်းပူပူလေးသောက်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။ အခုလိုဆောင်းရာသီဝင်ရောက်တဲ့အချိန်ကာလ မနက်ခင်းအေးအေးမှာ ရေနွေးကြမ်းသောက်တာက အသင့်တော်ဆုံးပါ။ ရေနွေးကြမ်းက ကိုယ်တွင်းမှာ သွေးစီးဆင်းမှု ကောင်းစေပြီး ကိုယ်တွင်းအင်္ဂါတွေ ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ဒါ့ပြင် အစာခြေစနစ်ကိုလည်း အကူအညီပေးနိုင်ပါတယ်။
(၂) ဂျင်းရေနွေးကြမ်း(ချင်း)
ဂျင်းလက်တစ်ဆစ်စာအပြားလေးကို ခွက်တစ်ခုထဲထည့်ပြီး ရေနွေးဆူဆူနဲ့ ၁၅ မိနစ်လောက်စိမ်ထားပြီးရင် ဂျင်း(ချင်း)ရေနွေးကြမ်းရပါပြီ။ ဒီရေနွေးကြမ်းရဲ့ ထူးခြားချက်ကတော့ ခန္ဓာကိုယ်မှာရှိတဲ့အဆီပိုတွေကိုကျစေဖို့အတွက် အထောက်အကူပေးနိုင်တာပဲဖြစ်ပါတယ်။
(၃) ခရမ်းချဉ်သီးဖျော်ရည်
မနက်စောစောမှာ ခရမ်းချဉ်သီးဖျော်ရည်ကိုသောက်ပေးတာက ဗီတာမင်စီ(vitamin C)ကိုကြွယ်ဝစေပြီး လူကိုလန်းဆန်းစေပါတယ်။ ဒါ့ပြင် အစာခြေစနစ်ကိုပါ ကောင်းမွန်စေပြီး အဆီပိုတွေလည်း ဖယ်ရှားပေးနိုင်တယ်လို့ဆိုပါတယ်။
(၄) လီမွန်/ သံပုရာရည်
ဗီတာမင်စီ(vitamin C)ကြွယ်ဝတဲ့ သံပုရာရည်ကို မနက်စောစောသောက်ပေးတာက တနေ့တာအတွက်လန်းဆန်းနေစေမှာပါ။ ရေတစ်ခွက်ထဲမှာ သံပရာသီးတစ်စိတ်၊ ဆားအနည်းငယ်လောက်ထည့်ပြီးသောက်တဲ့နည်းကတော့ ရေဓာတ်လည်းဖြည့်ပေးပြီး တခြားလိုအပ်တဲ့သတ္တုဓာတ်တွေကိုပါဖြည့်ပေးပြီးသားဖြစ်စေမှာပါ။
တစ်ချို့ကလည်း မုန်လာဥနီဖျော်ရည်(Carrot) တို့လို အသီးဖျော်ရည်တွေ၊ တစ်ချို့ကလည်း ထမင်းရည်ပူပူလေး သောက်လေ့ရှိကြပါတယ်။
ဒီနေ့ပြောပြပေးသွားတာကတော့ မနက်စောစောမှာ သောက်သုံးသင့်တဲ့ သောက်စရာတွေပဲဖြစ်ပါတယ်။
မိတ်ဆွေတို့ရော အခုမနက်နိုးနိုးချင်း ရေပဲသောက်ဖြစ်ကြတာလား? အပေါ်ကပြောထားတဲ့သောက်စရာတွေရော သောက်ဖြစ်ကြလား? Comment မှာ ပြောပြပေးသွားပါအုံး။
ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။
Dr. Thuta