IDC ရဲ့ စစ်တမ်းတွေအရ smart phone သုံးတဲ့ သူ ၁၀၀ မှာ ၈၀ က မနက်အိပ်ရာထထချင်း ၁၅ မိနစ်မှာ ဖုန်းသုံးလေ့ရှိကြတယ်။

University of Gothenburg ရဲ့ သုတေသနအရဆိုရင် ဖုန်းသုံးတဲ့အကြိမ်ရေပမာဏများတာက အိပ်စက်ကို အနှောင့်အယှက်ဖြစ်စေသလို လူငယ်တွေကို depression ဖြစ်နိုင်ချေကို ပိုပြီး မြင့်တက်စေတယ် လို့ဆိုတယ်။

ကျွန်တော်တို့ ဦးနှောက်က ပုံမှန်အားဖြင့် အိပ်ရာကထထချင်းမှာ alpha state ကနေ delta state ကို ကူးပြောင်းသွားတယ်။ နိုးနိုးချင်း ဖုန်းကိုင်လိုက်တဲ့အခါ delta state ကနေ နိုးနိုးကြားကြားဖြစ်သွားတဲ့ beta state ကို တိုက်ရိုက်ရောက်သွားတဲ့အတွက် ဦးနှောက်ရဲ့ function တွေကို ထိခိုက်စေတယ်။

ဒါ့အပြင် phone application တွေကနေ သိလိုက်ရတဲ့ negative message တွေ မပြီးသေးတဲ့အလုပ်တာဝန်တွေကလည်း တစ်နေ့တာstress ကိုပိုပြီးများစေတယ်။

ဖုန်းသုံးနေရင်း အချ််ိန်ကုန်မှန်းမသိတဲ့အခါမျိုးမှာလည်း အချိန်ကိုဖြုန်းမိစေသလို ပိုပြီး productivity ကို ကျစေတယ်။

သုတေသနတွေကို လေ့လာချက်အရ အဝလွန်တာ၊ neck syndromeဖြစ်တာ၊ အမြင်အာရုံဆိုင်ရာပြဿနာတွေဖြစ်တာတွေ ကြုံတွေ့လာနိုင်တယ်။

ဒါကြောင့်ဖြစ်နိုင်ရင် အိပ်ရာက ထထချင်း မိနစ်(၃၀) လောက်မှာ ဖုန်းမကြည့်မိအောင် ကြိုးစားသင့်တယ်။

ဥပမာ…

📌Phone ကို အိပ်ခါနီး airplane mood on ထားတာ၊

📌မနက်စောစော လေ့ကျင့်ခန်းလုပ်၊ စာဖတ်တာ၊

📌Alarm ကို phone နဲ့မပေးဘဲ ရိုးရိုးရှင်းရှင်းနာရီိနဲ့ပဲ alarm ပေးတာမျိုးက ဒီပြဿနာကိုဖြေရှင်းကို အထောက်အကူပြုနိုင်တယ်။

ကျွန်တော်ကတော့ အိပ်ခါနီးဆိုဖုန်းကို ကိုယ်နဲ့ဝေးတဲ့နေရာမှာထားတယ်။ အိပ်ရာနိုးနိုးချင်းမှာလည်း စာအုပ်ထဲလုပ်စရာချရေးတာမျိုး၊ ဝင်လေထွက်လေမှတ်တာမျ်ိုးလုပ်ပြီး ဖုန်းမကြည့်မိအောင် လေ့ကျင့်တယ်။

မိတ်ဆွေတို့ရော မနက်စောစော ဖုန်းကြည့်မိတဲ့အကျင့်ရှိရင် ဘယ်လိုနည်းလမ်းတွေနဲ့ ပြင်ကြမလဲဆိုတာ comment မှာရေးပေးပါဦး။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr. Thuta

Leave a Reply

Your email address will not be published. Required fields are marked *