မေးခွန်းတွေဟာ ဆန်းသစ်ပြောင်းလဲခြင်းရဲ့ စမှတ်ဖြစ်တယ်။

မေးခွန်းတွေမေးတယ်ဆိုတာ ပိုပြီးတော့ တိုးတက်လာစေဖို့အတွက် အရေးအကြီးဆုံး အချက်တစ်ချက်ဖြစ်ပါတယ်။ ဆန်းသစ်ပြောင်းလဲခြင်း (Innovation) ကလဲ မေးခွန်းတွေမေးခြင်း၊ သိချင်စိတ်ရှိခြင်းကနေ စတင်ပါတယ်။

မေးခွန်းတွေ မေးတယ်ဆိုတာ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်နဲ့ အသိစိတ်ရဲ့ အကန့်အသတ်တွေကို တွန်းအားပေးတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

ဒါကြောင့်လဲ အရာရာကို မေးခွန်း ဆက်တိုက်ထုတ်ခြင်းအားဖြင့် သိချင်စိတ်ရှိတဲ့ အမြင်ကျယ်တဲ့ စိတ်ကို ပျိုးထောင်ဖို့ အ‌ရေးကြီးတာ ဖြစ်ပါတယ်။

သိချင်စိတ်ပြင်းပြတာဟာ High Performer တွေ၊ ‌အောင်မြင်တဲ့သူတွေရဲ့ အလေ့အကျင့်တစ်ခုလဲ ဖြစ်ပါတယ်။ သူတို့အနေနဲ့ နားမလည်တဲ့ အရာကို မေးဖို့ ဝန်မလေးသလို ကိုယ့်ကို လာမေးတဲ့ မေးခွန်းတိုင်းအတွက်လဲ ရှင်းလင်းပြတ်သားတဲ့ အဖြေတွေ ပြန်ပေးလေ့ ရှိကြပါတယ်။

ကိုယ့်ကိုယ်ကိုယ် သိမှု Self-Awareness အတွက်လဲ ကိုယ့်ကိုယ်ကို မေးခွန်းတွေ ပြန်မေးဖို့လိုပါတယ်။ ကိုယ်ကိုယ်ကိုယ် ရှင်းလင်းပြတ်သားစွာနဲ့ နက်နက်ရှိုင်းရှိုင်းသိမှ ပညာရပ်အသစ်တွေကို သင်ကြားလေ့လာဖို့အတွက် ဖြစ်နိုင်မှာပါ။

တစ်စုံတစ်ခုကို လေ့လာတဲ့အခါမှာလဲ Deep Understanding ဖြစ်ဖို့ဆိုရင် မေးခွန်းတွေကို ဆက်တိုက်မေးနေဖို့၊ ရှင်းလင်းပြတ်သားမှုတွေကို ရှာဖွေဖို့ လိုအပ်ပါတယ်။

ဒါပေမဲ့ မေးခွန်းတွေကို ဒီတိုင်းမေးနေလို့တော့ မရပါဘူး။ မှန်ကန်တဲ့ မေးခွန်းတွေ ဖြစ်ဖို့လဲ လိုအပ်ပါသေးတယ်။

မေးခွန်းမေးတဲ့နေရာမှာ ယူဆချက်တွေကို ကျိုး‌ကြောင်းဆီလျော်မှုရှိမရှိ ဆန်းစစ်တဲ့မေးခွန်းတွေ၊ ယုတ္တိရှိမရှိ ပိုင်းခြားစစ်ဆေးတဲ့ မေးခွန်းတွေနဲ့ မသိသေးတဲ့ အရာတွေကို စူးစမ်းရှာဖွေတဲ့‌ မေးခွန်းတွေလိုမျိုး အမြော်အမြင်ရှိတဲ့ မေးခွန်းတွေကိုသာ မေးသင့်ပါတယ်။

တစ်စုံတစ်ခုရဲ့ အနှစ်သာရကို သိအောင်အထိ မေးခွန်းတွေ မေးခြင်းကို လေ့ကျင့်သင့်ပြီး အဖြေတွေအတွက် တွန်းအားပေးတဲ့ Mindset ကိုလဲ ပျိုး‌ထောင်သင့်ပါတယ်။

တခြား Skill တွေလိုပဲ မေးခွန်းမေးတတ်တဲ့ အကျင့်ကိုလဲ ပျိုးထောင်ဖို့အတွက် အချိန်ပေးဖို့လိုပါတယ်။

အလုပ်လုပ်နေတဲ့အချိန်၊ စာဖတ်တဲ့အချိန်၊ တခြား Activity တွေ လုပ်နေတဲ့အချိန်မျိုးမှာ ကိုယ်နဲ့ သက်ဆိုင်နေတဲ့ အရာအားလုံးအတွက် မေးခွန်းတွေကို ဆက်တိုက်မေးနေသင့်ပါတယ်။

နောက်ပြီး သေသေချာချာ မသိသေးတဲ့အရာအတွက်လဲ ရှင်းလင်းပြတ်သားမှုကို ရှာဖွေဖို့အတွက် မကြောက်ပါနဲ့။

ဒါကြောင့် ကိုယ်ကိုယ်ကိုယ် ဆန်းသစ်ပြောင်းလဲဖို့အတွက် ကိုယ့်ရဲ့ အတွေးအခေါ်တွေကို ဆန်းသစ်ပြောင်းလဲဖို့အတွက် မေးခွန်းတွေမေးဖို့ ရှင်းလင်းပြတ်သားမှုကို ရှာဖွေဖို့ အရေးကြီးပါတယ်။

Dream Lab

Leave a Reply

Your email address will not be published.