မိမိရဲ့ အသက်မွေးလမ်းကြောင်း အဆင်ပြေနိုင်စေဖို့ ရင်းနှီးမြှုပ်နှံ သင့်တဲ့ အရာတွေထဲမှာ ပညာရေးက ထိပ်ဆုံးက ပါဝင်ပါတယ်။ ပညာသင်တယ်ဆိုတာ ရင်းနှီးမြှပ်နှုံမှု တစ်မျိုးပဲ ဖြစ်ပါတယ်။
အခု အခြေအနေအရ လူငယ်တွေအတွက် လုပ်ငန်းခွင်မှာလဲ လက်တွေ့ အသုံးချလို့ ရမယ် ၊ UK လို နိုင်ငံတွေက အသိအမှတ် ပြုထားတဲ့ ပညာရေး လမ်းကြောင်းတွေက ရွေးချယ်ဖို့ အသင့်တော် ဆုံးပဲ ဖြစ်ပါတယ်။
UK က အသိအမှတ်ပြုထားတဲ့ Education pathways တွေထဲကမှ Businesses နဲ့ IT ပိုင်းတွေက အလုပ်အကိုင် ရှာဖွေ ရလွယ်သလို နိုင်ငံတကာမှာ အသိအမှတ်ပြုထားတဲ့ ဘွဲ့တွေ ဖြစ်တဲ့ အတွက်ကြောင့် နိုင်ငံခြားမှာ အလုပ်သွားလုပ်ချင် ကြတဲ့ လူငယ်တွေ အတွက်လဲ တက်ရောက် သင့်ပါတယ်။
Business ပိုင်းမှာဆိုရင် ABE Level 5 Diploma in Business Management လို University of Hertfordshire နဲ့ချိတ်ဆက်ထားတဲ့ Diploma တွေတက်ရောက် နိုင်ပါတယ်။
IT ပိုင်း စိတ်ဝင်စားတဲ့ လူငယ်တွေ ဆိုရင်လဲ NCC Education (UK) လို University of Greenwich နဲ့ ချိတ်ဆက်ထားပြီး UK နိုင်ငံ ပညာရေးဆိုင်ရာ အကဲဖြတ်အဖွဲ့ Ofqual ကအသိအမှတ်ပြုပေးထားတာကြောင့် Career လမ်းကြောင်း အတွက် ခိုင်မာတဲ့ degree တစ်ခုရအောင် တက်ရောက်သင့်တဲ့ ပညာရေး လမ်းကြောင်းတစ်ခုပဲ ဖြစ်ပါတယ်။
ဒီကာလမှာ တက္ကသိုလ်အသီးသီးက ပညာရေး တစ်ပိုင်းတစ်စ ဖြစ်နေတဲ့ လူငယ်တွေအတွက် ကုန်ကျစရိတ် အတိအကျ သိနိုင်သလို အချိန်ကလဲ တိကျတဲ့ အတွက် ကိုယ့်ရဲ့ အချိန်တွေ ကုန်သွားမှာ စိုးရိမ်စရာမလိုပဲ အခုပြောပြပေးသွားတဲ့ ပညာရေး လမ်းကြောင်းတွေကို လေ့လာလို့ ရပါတယ်။
YEC Learning Center
We Empower People with Passion