University of East London ရဲ့ research အရဆိုရင် ရေသောက်တာဟာ ကျွန်တော်တို့ရဲ့ productivity ကို 14% တိုးစေပါတယ်။
ရေကို လုံလုံလောက်လောက်မှန်ကန်စွာသောက်မယ်ဆိုရင်…
အိပ်ပျော်ဖို့ ပိုပြီးအထောက်အကူပြုနိုင်တယ်။
ရေလုံလုံလောက်လောက်သောက်သုံးတာက စိတ်အာရုံစုစည်းဖို့အတွက်လည်း အထောက်အကူပြုစေတယ်။
ရေသောက်တာက အသားအရေကြည်လင်စေတယ်ဆိုတာအပြင် အတွေးတွေရှင်းစေဖို့ အကူအညီဖြစ်တာပေါ့။
ဒါ့အပြင် အလုပ်လုပ်ရင်းနဲ့ energy တွေ ကုန်သွားရင် ပြန်လည် ဖြည့်တင်းဖို့ နဲ့ စိတ်အခြေအနေပိုပြီးကောင်းစေဖို့ကလည်း ရေလုံလုံလောက်လောက်သောက်ဖို့ လိုတယ်။
ကျန်းမာရေးအရဆိုရင် ကိုယ့်ရဲ့ ခုခံအားစနစ်ပိုပြီးကောင်းမွန်ဖို့နဲ့ ရေဓာတ်ခမ်းခြောက်လို့ခေါင်းကိုက်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။
ရေသောက်တာကနေ့စဉ်လုပ်နေကျ အလုပ်တစ်ခုပဲဖြစ်ပေမဲ့ ရေဓာတ်ပြည့်ဝ hydrated ဖြစ်နေတာရဲ့ အကျိုးကျေးဇူးအနေနဲ့က ကိုယ့်ရဲ့ productivity ကို ပိုကောင်းလာအောင် စွမ်းဆောင်နိုင်တဲ့ထိတောင်ပါပဲ။
ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။
Dr. Thuta