Information Technology (IT) ဆိုတာ နည်းပညာကို အသုံးချတဲ့ အရာ မှန်သမျှကို ရည်ညွှန်းပါတယ်။ IT မှာဆိုရင် ဒေတာ အချက်အလက်တွေ စီမံခန့်ခွဲတာ ၊ ကွန်ပျူတာ သိပွံ ၊ ကွန်ပျူတာ software အတွက် ညွှန်ကြားချက် ရေးသား ပြုစုသူတွေ စတာတွေ ပါဝင်ကြပါတယ်။
ပြောင်းလဲတိုးတက်လာတဲ့ ကမ္ဘာကြီးမှာ ဆိုရင် IT နဲ့ မပတ်သက်တဲ့ အရာဆိုတာ မရှိသလောက် ဖြစ်လာပါတယ်။မနက်ခင်း အိပ်ယာထ လို့ နှိုးတဲ့ alarm ကစလို့ စက်ရုံတွေမှာ သုံးတဲ့ engineering ပိုင်း အထိ ကျွန်တော်တို့ရဲ့ နေ့စဥ်ဘဝမှာ နည်းပညာကို မှီခို အားထားရပါတယ်။
ကျွန်တော်တို့ အသုံးပြုတဲ့ IT application တိုင်းရဲ့ နောက်ကွယ် မှာ တကယ်တော်ပြီး ထက်မြက်တဲ့ IT နည်းပညာရှင်တွေ ရှိကြပါတယ်။နည်းပညာ IT နယ်ပယ်မှာဆိုရင်လဲ မေဂျာ အမျိုးမျိုး ရှိပါတယ်။
Computational Science, Cloud Computing, Data Systems, Security computer software , software programming စသဖြင့် ကိုယ် စိတ်ဝင်စားတဲ့ အပိုင်းကို ရွေးချယ်လေ့လာလို့ ရပါတယ်။
ယနေ့ခေတ်မှာဆိုရင် နိုင်ငံတကာ တက္ကသိုလ် တွေနဲ့ ချိတ်ဆက်ထားတဲ့ IT ပိုင်းကို သင်ကြားပေးနေတဲ့ သင်တန်းတွေ များစွာရှိလာပါပြီ။ကမ္ဘာတစ်ဝှမ်းမှာဆိုရင်လဲ အသိအမှတ်ပြုထားတဲ့ အတွက် ကြောင့် အလုပ်အကိုင် အခွင့်အလမ်းပေါင်း များစွာလဲ ရှိပါတယ်။
နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ အတွက် နည်းပညာပိုင်းကလဲ များစွာ အရေးပါတယ်။ဒါကြောင့် ကျွန်တော်တို့ လူငယ်တွေထဲမှာ နည်းပညာ ကို စနစ်တကျ သင်ယူထားပြီး ကျွမ်းကျင်တဲ့ လူငယ်တွေ လိုအပ်ပါတယ်။
IT ပိုင်းဆိုင်ရာ Diploma တွေကို ပြည်တွင်းမှာပဲ တက်ရောက်နိုင်တဲ့ NCC Education ကပေးအပ်တဲ့ Diploma in Computing ဘာသာရပ် တွေလည်းရှိနေပါပြီ။မိမိဘဝအတွက်လဲ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်လာနိုင်သလို နိုင်ငံအတွက်ပါ ကောင်းမွန်စေနိုင်တဲ့အတွက်ကြောင့် လေ့လာသင့်ပါတယ်။
YEC Learning Center
We Empower People with Passion