—————————————————————
ဘဝဆိုတာ အတွေ့အကြုံတွေတစ်ခုလိုပါပဲ။ ရက်ပေါင်း ၃၀၀၀၀ လောက်ပဲ နေရတဲ့ အချိန်ခဏလေးမှာ ကိုယ်ဖြစ်ချင်တာတွေကို ဖြစ်အောင် လုပ်သွားသင့်ပါတယ်။
လူတိုင်းမှာ ဖြစ်ချင်တဲ့ အိပ်မက်တွေ၊ လုပ်ချင်တာတွေ၊ လိုချင်တာတွေ ဒီလိုမျိုး List တွေ ရှိကြမှာပါ။
ဒီလို List တွေက ဘဝကို ဖြတ်သန်းရတဲ့ အကောင်းဆုံး အတွေ့အကြုံတွေကို ရဖို့အတွက် ကူညီပေးနိုင်ပါလိမ့်မယ်။ ဒါကြောင့် လူတိုင်းမှာ ဒီလိုမျိုး အိပ်မက်တွေအတွက် ကြိုတင်စီစဥ်ထားတဲ့ List တစ်ခု လိုကိုလိုအပ်ပါတယ်။
ကျွန်တော်တို့တွေမှာ အသက်ဘယ်လောက်ထိ နေရမယ်ဆိုတာ ဘယ်သူမှ သေချာမသိပါဘူး။ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကာလကြားမှာ လုပ်ချင်တဲ့အရာတွေကို စာရင်းလုပ်ထားပြီး တစ်ခုပြီး တစ်ခု အကောင်အထည်ဖော်သွားဖို့က အရေးကြီးပါတယ်။
ကိုယ်ပိုင်လုပ်ငန်း တည်ထောင်ချင်တာလား? နယ်ပယ်တစ်ခုမှာ ဆရာကြီး ဖြစ်ချင်တာလား?
ကိုယ် တစ်ခုပြီးတစ်ခု လုပ်ချင်တာတွေ အကုန်လုံးကို Dream List ဆိုပြီး သတ်မှတ်ထားလိုက်ပါ။ တစ်ခုချင်းစီ အကောင်အထည်ဖော်နိုင်အောင် ကြိုးစားကြည့်လိုက်ပါ။
ဒီလို သတ်မှတ်ရုံနဲ့တော့ အိပ်မက်တွေက လက်တွေ့ဖြစ်လာမှာ မဟုတ်ပါဘူး။ အိပ်မက်တွေကို ရည်မှန်းချက်တွေ အဖြစ်ပြောင်းလဲနိုင်ဖို့ လိုပါတယ်။ လက်တွေ့ကျဖို့အတွက် Action လိုပါတယ်။
နောက်ပြီး သင့်ရဲ့ Dream List ကို မဖြစ်နိုင်ဘူးပြောတဲ့သူကို ရန်သူလို့ပဲ သတ်မှတ်လိုက်ပါ။
Dream Labers တို့မှာ Dream List တစ်ခု ရှိနေပြီလား? ဒီ List ထဲက ဘယ်နှခုလောက် လုပ်ပြီးသွားပြီလဲ?
Dream Lab