မိတ်ဆွေတို့က multitasking လုပ်တာဟာ productivity ပိုပြီးကောင်းစေတယ်ဆိုပြီး ယုံကြလား။
ဒါဆိုရင် ဒီအတွေးကို ပြင်ဖို့အချိန်တန်ပြီ။
အလုပ်တွေအများကြီးကို တစ်ချိန်မှာစုပြီးလုပ်လိုက်တာက အကျိုးရှိတယ်ထင်ရပေမဲ့ လက်တွေ့မှာ ဆိုးကျိုးတွေက ပိုများတယ်။
ကမ္ဘာကျော် Standford university ရဲ့ research အရ multitasking လုပ်တာက အလုပ်တစ်ခုစီကို တစ်ကြိမ်စီလုပ်တာထက် ပိုပြီး productivity ကိုကျဆင်းစေတယ် ဆိုတာ တွေ့ရတယ်။
ဒါ့အပြင် multitasking လုပ်တာပြီးရလာတဲ့ result က အလုပ်တစ်ခုချင်းစီလုပ်ပြီး ရလာတဲ့ result ထက် သိသိသာသာညံ့ဖျင်းတယ်ဆိုတာကိုလည်းတွေ့ရတယ်။
ကျွန်တော်တို့ဦးနှောက်က သာမန်အားဖြင့် အလုပ်တစ်ခုတည်းမှာပဲ အာရုံစိုက်နိုင်တယ်။
လူတွေတော်တော်များများက အလုပ်နှစ်ခုကိုပြိုင်တူလုပ်တာ (ဥပမာ ဖုန်းသုံးရင်း အလုပ်လုပ်တာမျိုး) ဆို efficient ဖြစ်တယ်ထင်ကြပေမဲ့ လက်တွေ့မှာက…
Intelligence Quotient(IQ) level ကိုပိုပြီး ကျစေတယ်။
Multitasking လုပ်တာများတဲ့သူတွေက emotion တွေ empathy တွေ ထိန်းချုပ်တဲ့နေရာမှာ လုပ်ဆောင်ပေးတဲ့ anterior cingulate cortex ဆိုတဲ့ ဦးနှောက်နေရာအပိုင်းကိုပိုပြီး ထိခိုက်စေတယ်ဆိုတာကို တွေ့ရတယ်။
သိသာတဲ့ ဆိုးကျိုးတစ်ခုကတော့ multitasking လုပ်တာကြောင့် ကိုယ့်အလုပ်ရဲ့ စေ့စပ်သေချာမှု၊ quality ကို သိသိသာသာကျဆင်းစေတယ်။
ဒါကြောင့် မိတ်ဆွေတို့အနေနဲ့ နေ့စဉ်ဘဝမှာ မလိုအပ်ရင် multitasking လုပ်တာကို လျှော့ချသင့်တယ်လို့ မြင်တယ်။
မိတ်ဆွေတွေရော multitasking လုပ်တဲ့အခါဘယ်လိုအခြေအနေမျိုးကိုကြုံတွေ့ရလဲ ပြောပြပါဦး။
ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။
Dr. Thuta