သီချင်းတွေက ဝန်ထမ်းတွေကို ပိုပြီး productive ဖြစ်စေတယ်လို့ စီးပွါးရေးလုပ်ငန်းရှင် ၁၀၀မှာ ၆၅ ယောက်က လက်ခံကြတယ်။

တေးဂီတတွေရဲ့ စွမ်းအားကနေ…

ကျွန်တော်တို့ ဦးနှောက်က ပျော်ရွှင်ခြင်း ဟော်မုန်း dopamine ကို ထုတ်ပေးတယ်။

🌟Dopamine က လူတိုင်းကြိုက်တဲ့ hormone ဖြစ်တဲ့အပြင် dopamine ကြောင့် အာရုံစိုက်န်ိုင်စွမ်းကို ပိုမို မြင့်တက်စေတယ်။

ဒါ့အပြင် တေးဂီတတွေထဲက…

🌟Classical music ကို နားထောင်ရင်း အလုပ်လုပ်တာက အလုပ်ရဲ့တိကျနိုင်မှုaccuracy ကို ၁၂% တိုးစေတယ်။

🌟အလုပ်လုပ်ရင်း Pop music နားထောင်ရင် ကိုယ့်အလုပ်မှာဖြစ်တတ်တဲ့ အမှား ၁၄% ကိုလျှော့ချပေးနိုင်တဲ့ အပြင် အလုပ်ကို မြန်မြန်ဆန်ဆန် ပြီးမြောက်စေတယ်။

ဒါဆိုရင် music က ကိုယ့်ရဲ့ lifestyle ကို ပိုပြီး အသက်ဝင်စေတယ်ဆိုတာ သိသွားကြလောက်ပြီထင်တယ်။

🌟ချွင်းချက်အနေနဲ့ အာရုံစိုက်မှုအပြည့်အဝလိုအပ်တဲ့ အလုပ်တွေမျ်ိုးမှာတော့ lyrics မပါတဲ့ music (ဒါမှမဟုတ်) ကိုယ်နဲ့ရင်းနှီးတဲ့songမျိုးကိုသာ နားထောင်သင့်တယ်။

မိတ်ဆွေတို့ရော အလုပ်လုပ်ရင်း သီချင်းနားထောင်တတ်တဲ့သူတွေထဲမှာ ပါကြလား။ ဘယ်လို music မျိုးကို အလုပ်လုပ်ရင်း နားထောင်လေ့ ရှိလဲ။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr. Thuta

Leave a Reply

Your email address will not be published. Required fields are marked *