နောက်ပိုင်းနှစ်အနည်းငယ်အတွင်းမှာ အထူးသဖြင့် Covid-19 Pandemic ကြီး ဖြစ်ပြီးတဲ့နောက်ပိုင်းမှာဆိုရင် Video တွေကို သင်ကြားရေးနဲ့ ဖျော်ဖြေရေးနယ်ပယ်မှာ တွင်ကျယ်စွာ အသုံးပြုလာကြပါတယ်။

နောက်ပြီး လူတွေရဲ့ အာရုံစူးစိုက်မှုကိုလဲ အလျင်မြန်ဆုံးနည်းနဲ့ ရရှိလာပြီး Forrester Report အရ ဝန်ထမ်းတွေဟာဆိုရင် စာတစ်ခုဖတ်ဖို့ထက် Video တစ်ခုကြည့်ဖို့ကို ၇၅% လောက်ပိုပြီး သဘောကျလာကြပါတယ်။

ဒါကြောင့်လဲ Video အသားပေး Social Media Platform တွေဖြစ်တဲ့ Youtube, Snapchat, Instagram, Tiktok တို့ကို လူကြိုက်များလာကြတာဖြစ်ပါတယ်။

ဘာကြောင့် Video တွေကို လူကြိုက်များလာကြပြီး ပညာရပ်အသစ်တွေ လေ့လာဖို့အတွက် အ‌ကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်နေရတာလဲ?

✅ အာရုံတွေကို ပေါင်းစပ်ပေးထားတယ်။

ကျွန်တော်တို့ရဲ့ ဦးနှောက်မှာ အမြင်အာရုံကလာတဲ့ သတင်းအချက်အလက်တွေအတွက် အစိတ်အပိုင်းတွေအများကြီးရှိတဲ့အတွက် အမြင်အာရုံတွေကို တခြား အာရုံတွေထက် အရင်ဆုံး တုံ့ပြန်ပါတယ်။ ဒါကြောင့် Video တွေနဲ့ဆိုရင် ကျွန်တော်တို့ဟာ သတင်းအချက်အလက်တွေကို အလျင်မြန်ဆုံး ရယူနိုင်ပါတယ်။

✅ အားစိုက်ထုတ်စရာမလိုဘဲ အာရုံစိုက်နိုင်တယ်။

၁၀ မိနစ်စာ စာတစ်ပုဒ်ဖတ်တာနဲ့ Video တစ်ခုကြည့်ရတာ ဘယ်အလုပ်က ပိုပြီး ပင်ပန်းမယ်ထင်ပါသလဲ?

ဟုတ်ပါတယ်။ စာဖတ်ရတာ ပိုပြီး အာရုံစိုက်ရ၊ ပိုပြီး အားစိုက်ထုတ်ရပါတယ်။

Video မှာဆိုရင် Infotainment (Information + Entertainment) နှစ်ခုစလုံးပါတဲ့အပြင် ‌ရုပ်‌ရော၊ အသံပါပါတဲ့အတွက် အမြဲတမ်း အာရုံစိုက်နေစရာမလိုဘဲ လူတော်တော်များများအတွက် ပိုပြီး နားလည်လွယ်၊ သဘောပေါက်လွယ်ကြပါတယ်။

✅ ပိုပြီးကောင်းစွာ ပုံဖော်ပြနိုင်တယ်။

ကိုယ့်ရဲ့ အိုင်ဒီယာ၊ အယူအဆတွေကို စာနဲ့ ရေးပြနေတာထက် ပုံလေးတစ်ပုံ ဆွဲပြလိုက်တာက ပိုပြီး မြင်သာစေပါတယ်။ ဒီလိုပုံလေးတွေကို ဆက်ပြီး လှုပ်ရှားနေတဲ့ ပုံရိပ်တွေအဖြစ် ပုံဖော်နိုင်မယ်ဆိုရင် ကြည့်တဲ့သူတိုင်းကို နားလည်လွယ်စေပါလိမ့်မယ်။ ဒါကြောင့် အဆင့်မြင့်နည်းပညာတွေကို သင်ကြားလေ့လာတဲ့အခါ၊ အလုပ်လုပ်ပုံတွေကို ရှင်းပြတဲ့အခါ Video တွေက အရှင်းလင်းဆုံး ပုံဖော်နိုင်တဲ့ ကိရိယာတွေ ဖြစ်လာပါတယ်။

ကိုယ်နားမလည်တဲ့ အပိုင်းတွေကို ပြန်ပြီး ကြည့်နိုင်တာ၊ အချိန်ကုန်သက်သာစေတာ ဒါတွေကို Video တွေကို အသုံးပြုလာခြင်းရဲ့ အကျိုးကျေးဇူးတွေပါပဲ။

ဒါပေမဲ့လဲ ကျွန်‌တော်တို့ တစ်ခုခုကို လေ့လာတဲ့အခါ နားလည်မှုအပိုင်းနဲ့ မှတ်မိမှုအပိုင်းဆိုပြီး ရှိပါတယ်။ နက်နက်နဲနဲ စဥ်းစားတွေးခေါ်ပြီးမှ နားလည်နိုင်မယ့် အပိုင်းတွေမှာဆိုရင်တော့ Video တွေကို ထပ်ခါတလဲလဲ ကြည့်နေရုံနဲ့ မလုံလောက်ပါဘူး။ ကျွန်တော်တို့ဟာ စာဖတ်ခြင်းကို မဖြစ်မနေ အသုံးပြုရပါသေးတယ်။

နောက်ပြီး လူတစ်ယောက်နဲ့ တစ်ယောက်ဟာလဲ မတူတဲ့အတွက် တချို့က စာဖတ်ရင် ပိုပြီး နားလည်၊ ပိုပြီး မှတ်မိလွယ်သလို၊ တချို့က အကြားအာရုံနဲ့ပါ မှတ်လို့ရတဲ့ Video တွေကို ပိုပြီး အားသန်တာ အမှန်ပါပဲ။

Dream Lab မှာဆိုရင်လဲ စာအုပ်အနှစ်ချုပ်တွေကို Text Format နဲ့သာမကဘဲ Video Summary တွေအနေနဲ့ပါ ကြည့်ရှုနိုင်အောင် စီစဥ်ပေးနေပါတယ်။ ဒါကြောင့် စာဖတ်ဖို့ကို အချိန်မပေး၊ အာရုံမစိုက်နိုင်သူတွေအတွက် Video လေးဖွင့်ထားပြီး ထိုင်ကြည့်နေရုံနဲ့ စာအုပ်တစ်အုပ်က ပေးချင်တဲ့ အဓိက Message ကို သိနိုင်မှာလဲ ဖြစ်ပါတယ်။

Dream Labers တို့ရော စာဖတ်ရတာနဲ့ Video ကြည့်ရတာ ဘယ်အရာကို ပိုပြီး သဘောကျပါသလဲ?

Dream Lab

Leave a Reply

Your email address will not be published.