အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုသလ်ိုပဲ

ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည် ထင်သလောက်တ်ိုးတက်ဖို့အတွက် hard skill, soft skill တွေအပြင် နေ့စဉ်စားသောက်နေတဲ့ အစားအသောက် diet ကလည်း တော်တော်လေးအရေးကြီးတယ်။

ဒီနေ့မှာ အလုပ်လုပ်ရင်းနဲ့ အလွယ်တကူစားလို့ရပြီး productivity ပိုကောင်းစေတဲ့ အစားစာ (၃)မျိုးကို ပြောပြပေးမယ်။

(၁) ထောပတ်သီး

ထောပတ်သီးက fatty acid ပါဝင်တဲ့အတွက် အစာခြေသွားတဲ့အခါ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ energy source ကိုထုတ်ပေးနိုင်တယ်။

ဒါ့အပြင် ထောပတ်သီးက ကိုယ့်ရဲ့ brain memory ပိုပြီးကောင်းလာအောင်အထောက်အပံ့ဖြစ်စေပြီး စိတ်ကျဝေဒနာဖြစ်နိုင်တဲ့ risk ကိုလည်း အထိုက်အလျောက် လျှော့ချပေးနိုင်တယ်။

(၂)ငှက်ပျောသီး

ငှက်ပျောသီးမှာ ပါဝင်တဲ့ သဘာဝသကြားဓာတ်က သင့်ရဲ့ တီထွင်ဖန်တီးန်ိုင်စွမ်း၊ အာရုံစူးစိုက်နိုင်စွမ်းကို ပိုပြီးတိုးတက်စေတယ်။

သင့်ရဲ့ဦးနှောက်နဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ energy တွေဖြည့်တင်းနိုင်ဖို့ ကာဗွန်ဟိုက်ဒရိတ်( carbohydrates) အမျိုးအစားဖြစ်တဲ့ ငှက်ပျောသီးစားတာက တော်ာတော်လေးအကူအညီဖြစ်စေတယ်။

(၃)မုန်လာဥ

မုန်လာဥကတော့ ကိုယ်ခန္ဓာကို အထောက်အကူပြုစေတဲ့ဓာတ်တွေ အများကြီးပါတယ်လို့ ပြောလို့ရတယ်။ antioxidant, အမျှင်ဓာတ် နဲ့ beta-carotene စတာတွေအပြင် vitamins ဓာတ်တွေပါ ပါဝင်တဲ့အတွက် မုန်လာဥစားပေးတာက မှတ်ဉာဏ်ကောင်းစေဖို့၊ ခုခံအားစနစ် ပိုကောင်းဖို့ နဲ့ ကိုယ်ခန္ဓာရော စိတ်ကျန်းမာရေးပါ အထောက်အပံ့ဖြစ်စေတယ်။

ဦးနှောက်ရဲ့လုပ်ငန်းစဉ်တွေအတွက် အထောက်အကူပြုတဲ့အပြင် စိတ်ဖိစီးမှုကိုပါ လျော့ကျစေတဲ့အတွက် မုန်လာဥကို ဖျော်ရည်အနေနဲ့သောက်တာမျိုးပဲဖြစ်ဖြစ်၊ ဟင်းစာအဖြစ်ချက်တဲ့နေရာမှာပဲဖြစ်ဖြစ် စားသုံးဖို့ အကြံပေးချင်တယ်။

ဒါဆိုရင် စျေးလည်းအသင့်အတင့်နဲ့ လုပ်ငန်းခွင်စွမ်းဆောင်ရည်မြင့်တင်ပေးနိုင်မဲ့ စူပါ အစားအစာ(၃)မျိုးကို သိသွားကြပြီးဆိုတော့အကျင့်လုပ်ယူပြီး စားကြည့်ဖို့ တိုက်တွန်းချင်တယ်။

Productivity,lifestyle နဲ့ပတ်သက်ပြီးသိချင်တာတွေ၊ မေးချင်တာတွေရှိရင်လည်း comment မှာပြောပေးကြပါဦး။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr. Thuta

Leave a Reply

Your email address will not be published. Required fields are marked *