ကျွန်တော်တို့ တော်တော်များများက ဘဝမှာ ဂရုစိုက်စရာများတော့ တစ်ခါတစ်လေ အရေးကြီးတာတွေ သတိထားဖို့ မေ့နေတတ်ကြတယ်။ ဒါလို အခြေအနေမျိုးမှာ ဦးနှောက်ကို ထိခိုက်အောင်လုပ်မိတဲ့ အပြုအမူတွေလည်းပါတယ်။

🌟အိပ်ချိန်အပျက်ခံတာမျိုးပြုလုပ်ခြင်း

ကျွန်တော်အပါအဝင်လူတော်တော်များများက အိပ်ချိန်ကို သိပ်ဂရုမစိုက်မိတတ်ကြဘူး။

အိပ်ချ်န်ကို ဖဲ့ပြီး အလုပ်လုပ်လိုက်တာက productive ဖြစ်တယ်လို့ ထင်စေနိုင်ပေမဲ့ လက်တွေ့မှာ productivity ကိုတောင် ဆိုးဆိုးဝါးဝါးထိခိုက်စေနိုင်တယ်။ ရေရှည်မှာဆိုရင်လည်း မှတ်ဉာဏ်ကျဆင်းလာတာတွေ ဖြစ်လာနိုင်တယ်။

🌟 မလိုအပ်ဘဲ တစ်ယောက်တည်းအချိန်အများကြီးကုန်ဆုံးခြင်း

Introvert ပဲဖြစ်ဖြစ် extrovert ပဲဖြစ်ဖြစ်လူတိုင်းက social contact အနည်းနဲ့အများ လိုအပ်တယ်။

ဒီနေရာမှာ Facebook က friend ဆိုတာမျိုးထက် လက်တွေ့တကယ် interact လုပ်နေရတဲ့ သူတွေပြောချင်တာပါ။ ကိုယ်နဲ့ရင်းနှီးတဲ့သူတွေနဲ့တူတူနေတာမျိုးက စိတ်လည်းပိုပြီးပျော်စေသလို productivity လည်းပိုကောင်းစေနိုင်တယ်။ တစ်ယောက်တည်းမဟုတ်တဲ့အတွက် မလိုအပ်တဲ့အတွေးတွေမများနိုင်သလို ideaအသစ်လည်းရနိုင်တယ်။

🌟Headphone အမြဲအသုံးပြုခြင်း

နားကြပ်အသုံးပြုတာက နားကိုထိခိုက်စေရုံသာမကဘဲ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေကိုလည်း ထိခိုက်စေတယ်။ ဒါကြောင့် နှားကြပ်(headphones) နဲ့နားထောင်မယ်ဆိုရင် volume ၆၀% ထက်ပိုချဲ့တာမျိုး၊ နှစ်နာရီထက်ပိုပြီးနားထောင်တာမျိုး မလုပ်သင့်ဘူး။

🌟အလင်းရောင်ကောင်းကောင်းမရတဲ့နေရာမှာအမြဲနေခြင်း

ဘဘာဝအလင်းရောင်ကောင်းကောင်းမရတဲ့နေရာမှာနေတာက အလွယ်တကူစိတ်ဓာတ်ကျစေတတ်သလို ဦးနှောက်ကအလုပ်လုပ်တာက ပုံမှန်ထက် ထိုင်းမှိုင်းသွားစေတတ်တယ်။

ဒါ့အပြင်သုတေသနစစ်တမ်းတွေအရဆ်ိုရင် နေရောင်ခြည် က သင့်ရဲ့ ဦးနှောက်စွမ်းရည်ကို မြင့်တင်ဖို့ အထောက်အကူပြုကြောင်းသိရတယ်။

ဒီအကျင့်တွေက မိတ်ဆွေတို့ဆီမှာရှိနေပြီဆိုရင်တော့ မဖြစ်မနေပြင်သင့်ပါပြီ။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr. Thuta

Leave a Reply

Your email address will not be published. Required fields are marked *