Generation Z တွေက တစ်နေ့ကို ၉ နာရီ ဝန်းကျင်လောက် screen time ရှိကြတယ်။

ပျှမ်းမျှအားဖြင့်ဆိုရင် လူတစ်ယောက်က တစ်ရက်ကို ၆နာရီ ၅၈မိနစ် internet ချိိတ်ဆက်ထားတဲ့ screen တွေမှာ အချိန်ကုန်လေ့ရှိတယ်။

ဒီအချိန်က တစ်နေ့တာရဲ့ ၃ပုံတစ်ပုံနီးပါးလောက်ရှိတယ်။

တစ်လကိုဆိုရင် နာရီ ၂၀၀ ကျော်၊ တစ်နှစ်ကို နာရီ၂၅၀၀ကျော်လောက်ပေါ့။

ပညာရှင်တွေရဲ့ အကြံပေးချက်အရဆိုရင် လူတစ်ယောက်ရဲ့ screen time က အလုပ်ချိန်ပြင်ပမှာ (၂)နာရီထက် မပိုသင့်ဘူး။

မိတ်ဆွေရဲ့ personal time မှာ screen ကို (၂)နာရီထက်ပိုပြီး ကြည့်နေမိပြီဆိုရင်တော့ screen time များနေပြီလို့ ပြောနိုင်တယ်။

ဒါပေမဲ့ ဒီနေ့ခေတ်မှာ leisure activity တွေ၊ လုပ်စရာတွေ တော်တော်များများက digital platforms ပေါ်မှာဖြစ်လာတော့ screen time ကို ထိန်းချုပ်ရတာ တော်တော်လေးခက်လာတယ်။

Screen time များနေတယ်ဆိုရင် ပြင်သင့်တာက…

📌အိပ်ခါနီး အနည်းဆုံး (၁)နာရီလောက် အလိုမှာ ဖုန်းမသုံးတာ

📌မနက်ထထချင်း (၁)နာရီဝန်းကျင်လောက်ကို ဖုန်းမကြည့်တာ

📌 non-screen hobbies တွေဖြစ်တဲ့ စာဖတ်တာ၊ အပင်စိုက်တာမျိုးနဲ့ အားလပ်ချိန်မှာ အပန်းဖြေတာ

စတဲ့အကျင့်တွေကို စပြီး မွေးမြူသင့်တယ်။

ဒါဆိုရင် မိတ်ဆွေရဲ့ screen time ကို အတိုင်းအတာတစ်ခုထိ လျှော့ချနိုင်မှာပါ။

အခုလက််ရှိမှာရော မိတ်ဆွေရဲ့ တစ်နေ့တာ screen time ဘယ်လောက်များနေလဲ၊

ဘယ် applicationတွေမှာ အများဆုံးအချ်ိန်ကုန်လဲ ဆိုတာ comment မှာ ပြောပြပေးပါဦး။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr. Thuta

Leave a Reply

Your email address will not be published. Required fields are marked *