လူတော်တော်များများက ပြဿနာနဲ့ကြုံရမှာ၊ အဆင်မပြေဖြစ်မှာကို တွေးပူတတ်ကြတာ ပုံမှန်ပဲလို့ ပြောနိုင်တယ်။
ဒါပေမဲ့ လိုတာထက်ပိုပြီး စိုးရိမ်တာ၊ မဖြစ်လာသေးတဲ့အရာတွေကို အလွန်အကျွံစိတ်ပူတာဆိုရင်တော့ ကိုယ့်ကိုယ်ကို သေချာပြန်ဆန်းစစ်ဖို့ လိုတယ်။
Generalized Anxiety Disorder (GAD) ဆိုတာ မလိုအပ်ဘဲ ပုံမှန်ထက် စိုးရိမ်စိတ်လွန်ကဲတဲ့ပြဿနာဖြစ်ပြီး လူငယ်တွေရော ဆယ်ကျော်သက်တွေဆီမှာပါ တွေ့ရတတ်တယ်။ပုံမှန်အားဖြင့် တွေ့ရတတ်တဲ့ GAD ရဲ့ symptoms တွေက
ပြဿနာတွေ၊ ဖြစ်ရပ်တွေကို လိုတာထက်ပိုပြီး ကြောက်ပြီးတွေးပူတာ
စိုးရိမ်စိတ်ကို အလွယ်တကူမဖျောက်နိုင်တာ
အာရုံစူးစိုက်ရတာခက်ခဲပြီး အိပ်ပျော်ရခက်တာ
အထီးကျန်တစ်ယောက်တည်းဖြစ်လာပြီး အလုပ်လုပ်ရတာခက်ခဲလာတာ
ပင်ပန်းလွယ်ပြီး ဝမ်းဗိုက်နဲ့ဆိုင်တဲ့ပြဿနာတွေမကြာခဏဖြစ်ပေါ်တာ စတဲ့ လက္ခဏာတွေ တွေ့ရတတ်တယ်။
General Anxiety Disorder က…
မိသားစုမျိုးရိုးကြောင့်ဖြစ်နိုင်သလို
ငယ်စဉ်ဘဝမှာ အနိုင်ကျင့်ခံရတဲ့အတွေ့အကြုံရှိတာ
Stress များတဲ့ ပတ်ဝန်းကျင်မှာကျင်လည်ရတာ
Caffeine ဒါမှမဟုတ် tobacco သုံးစွဲတာ
စတာတွေကြောင့်ဖြစ်နိုင်တယ်လို့ ယေဘုယျအားဖြင့် သတ်မှတ်လို့ရတယ်။
GAD ရဲ့ လက္ခဏာတွေကို အတိုင်းအတာတစ်ခု အထိ ကုစားနိုင်ဖို့….
လေ့ကျင့်ခန်းပုံမှန်လုပ်တာ
လုံလုံလောက်လောက်အိပ်ချိန် သတ်မှတ်ပြီး balanced diet ဖြစ်အောင် စားတာ
Yoga, meditation တွေကို လေ့ကျင့်တာ
ယုံကြည်ရတဲ့သူကို ဖွင့်ပြောတာ
တတ်ကျွမ်းသူတွေနဲ့ ဆွေးနွေးပြီး ကုသမှုခံယူတာ
စတာတွေကို လုပ်ဖို့ တိုက်တွန်းပါတယ်။
ဒီနေ့ခေတ်မှာက အလုပ်မှာရော အပြင်လောကမှာပါ ပုံမှန်ထက် stress တွေများလာကြတော့….
ဒီနည်းလမ်းတွေက General Anxiety Disorder ကို ကုသဖို့သာမကဘဲ mental welling တိုးတက်ကောင်းမွန်ဖို့အတွက်ပါ ကျင့်သုံးသင့်တယ်။
ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။
Dr. Thuta