ကျွန်တော်တို့ငယ်ငယ်ထဲက အရောင်တွေကို ကြိုက်တတ်ကြတယ်။
သကြားလုံးရရင်တောင် ရောင်စုံဖြစ်နေရင်သဘောကျတာမျိုးပေါ့။
သုတေသနတွေအရဆိုရင် အရောင်တွေက ကျွန်တော်တို့ mood နဲ့ productivity ကို ပြောင်းလဲနိုင်တဲ့စွမ်းအားတွေရှိတယ်။
ဥပမာအနေနဲ့ဆို Colliers company က သူတို့ Company decoration ကို အဖြူရောင်ကနေ အနီ၊ အပြာနဲ့ အဝါ စတဲ့ color တွေနဲ့ ထပ်ပြီး မွမ်းမံလိုက်တဲ့အခါ ဝန်ထမ်းတွေရဲ့ အလုပ်ခွင်ကိုရင်းနှီးမှုနဲ့ productivity မြင့်တက်လာတာကို တွေ့ရတယ်။
အရောင်တွေထဲမှာ…
Red
အနီရောင်က physical response ကို ကိုယ်စားပြုပြီး powerful ဖြစ်တဲ့ color တစ်ခုပါ။ ဒါပေမဲ့stress များတဲ့ environment မှာ အနီရောင်ကို အသုံးပြုတာက stress ကိုပိုများစေတယ်။
အနီရောင်က ကိုယ်ကာယကိုအသုံးပြုရတဲ့အလုပ်လုပ်ရတဲ့အခါမျိုး၊ အားကစားလုပ်တာမျိုးမှာတော့ စိတ်ကို ပိုတက်ကြွစေတဲ့ အရောင်အဖြစ်အထောက်အကူပြုတယ်။
Blue
အပြာရောင်က စိတ်ငြိမ်စေတဲ့ cool tone color ဖြစ်ပြီး အာရုံစူးစိုက်နိုင်စွမ်းကို ပိုမြင့်တက်စေတယ်။ ဒါ့အပြင် ပြောဆိုဆက်ဆံရာမှာလည်း အထောက်အကူပြုတယ်။
အပြာရောင်က melatonin hormone ထွက်တာကို လျှော့ချနိုင်တဲ့အတွက် အိပ်ငိုက်တာ၊ မလန်းဆန်းတာမျိုး မဖြစ်အောင် ကူညီပေးနိုင်တယ်။
အပြာရောင်ကိုတော့ တော်တော်များများ ရုံးခန်းတွေမှာသုံးကြတယ်။ ဦးနှောက်ကို အသုံးပြုရပြီး အာရုံစူးစိုက်ရတဲ့ အလုပ်ပတ်ဝန်းကျင်မှာ အပြာရောင်က productivity ကို ပိုပြီး တိုးစေတယ်။
Yellow
အဝါက energy ပိုတိုးစေပြီး အကောင်းမြင်တဲ့positivity ထုတ်ပေးတယ်။ ဒါ့အပြင် creativity နဲ့ confidence level တိုးစေဖို့လည်း အဝါရောင်က အကူအညီဖြစ်စေတယ်။
မိတ်ဆွေက brainstorming လုပ်ရတယ်၊ creative idea တွေအမြဲစဉ်းစားပြီး ပြဿနာတွေဖြေရှင်းရတယ်ဆိုရင် မိတ်ဆွေ အလုပ်ပတ်ဝန်းကျင်မှာ အဝါရောင်သုံးသင့်တယ်။
Green
အစိမ်းရောင်ကတော့ သဘာဝပတ်ဝန်းကျင်နဲ့ အနီးစပ်ဆုံးအရောင်ဖြစ်ပြီး စိတ်တည်ငြိမ်အေးချမ်းစေတယ်။
ဒါကြောင့် meditation လုပ်တာ၊ yoga လုပ်တဲ့အခါအမျိုးမှာ အစိမ်းရောင်ကိုသုံးတာ သင့်တော်ပါတယ်။
အရောင်တိုင်းကို သေချာအသုံးချတတ်ရင် ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို တိုးတက်စေနိုင်တဲ့အပြင် ပိုပြီး သက်တောင့်သက်သာဖြစ်တဲ့ ဘဝနေထိုင်မှုကို ရနိုင်တယ်။
မိတ်ဆွေတို့ အခုဆိုရင် အရောင်တွေရဲ့ စွမ်းအားကို သတိထားမိပြီထင်ပါတယ်။
အရောင်တွေထဲမှာ မိတ်ဆွေအကြိုက်ဆုံးအရောင်ကို comment မှာပြောပြပေးပါဦး။
ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။
Dr. Thuta