စာဖတ်တယ်ဆိုတာ သတင်းအချက်အလက်တွေကို ရယူဖို့ပါပဲ။ ဒီလို ဖတ်တဲ့နေရာမှာ နားလည်ဖို့နဲ့ မှတ်မိဖို့က အရေးကြီးပါတယ်။

နောက်ပိုင်း စာအများကြီးဖတ်လာတဲ့အခါမှာတော့ အချိန်နည်းနည်းနဲ့ စာများများ ဖတ်နိုင်ဖို့အတွက် လိုအပ်လာပါတယ်။

ဒီလိုမျိုး အချိန်တွေ နည်းလာလေ၊ စာအများကြီး ဖတ်ချင်လာလေ အခြေအနေအတွက် စာမြန်မြန်ဖတ်ခြင်း Speed Reading နည်းလမ်းက တော်တော်လေး အသုံးဝင်ပါတယ်။

နောက်ပြီး ဒီနေ့ခေတ်မှာ သတင်းအချက်အလက်တွေက နေ့စဉ်နဲ့အမျှ များပြားလွန်းလာပါတယ်။ အလုပ်က Mail တွေ၊ Report တွေ၊ Website တွေ သာမကပဲ Social Media, စာအုပ်ဖတ်တာတွေအထိ မလိုအပ်တဲ့ သတင်းအချက်အလက်တွေက များလာပါတယ်။

ဒီလိုအခြေအနေတွေမှာ မလိုအပ်တာတွေကို ဖယ်ထုတ်ပစ်ဖို့ အဓိက လိုအပ်တဲ့ သတင်းအချက်အလက်ကိုပဲ မှတ်မိဖို့အတွက်လဲ Speed Reading က အဆင်ပြေပါတယ်။

Speed Reading ဆိုတာကတော့ စာရွက်တစ်ရွက်မှာ ရှိနေတဲ့ စာလုံးတစ်လုံးချင်းစီကို ခွဲခြားဖတ်နေမယ့်အစား စာစုလိုက်၊ စာကြောင်းလိုက်၊ စာပိုဒ်လိုက်ကို မြန်မြန် ဖတ်ပြီး မှတ်မိအောင် လုပ်တဲ့ နည်းစနစ်တစ်ခု ဖြစ်ပါတယ်။

လူတချို့က သူတို့ရဲ့ သဘာဝကိုက စာဖတ်မြန်ကြပေမဲ့ လူအများစုကတော့ ပုံမှန်အားဖြင့် တစ်မိနစ်ကို စာလုံးရေ (၂၅၀) ဖတ်နိုင်ကြပါတယ်။ ဒါပေမဲ့ Speed Reading ကတော့ ဒီနှုန်းကို နှစ်ဆလောက် မြှင့်တင်နိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

ကျွန်တော်တို့ စာဖတ်တဲ့အခါမှာ Subvocalization လို့ခေါ်တဲ့ စိတ်ထဲမှာ အသံထွက်စာဖတ်ပြီး စိတ်ထဲမှာ ပြန်ကြားယောင်တဲ့ ပုံစံနဲ့ စာဖတ်ကြပါတယ်။ ဒါပေမဲ့ Speed Reading လုပ်တဲ့ အခါမှာတော့ ဒီပုံစံကို ရှောင်ရှားရမှာ ဖြစ်ပါတယ်။

Speed Reading နည်းစနစ်တွေမှာ ဆိုရင်လဲ

(၁) The Pointer Method

(၂) The Tracker and Pacer Method

(၃) The Scanning Method

စတဲ့ နည်းစနစ်တွေအပြင် တခြား နည်းလမ်းတွေလဲ ရှိပါသေးတယ်။

Dream Labers တို့ရော Speed Reading ကို စမ်းလုပ်ကြည့်ဖူးလား? ဘယ်နည်းလမ်းကို စမ်းကြည့်ဖူးလဲ? ဆိုတာ Comment မှာ ဝင်ဖြေပေးသွားပါဦး။

Dream Lab

Leave a Reply

Your email address will not be published. Required fields are marked *