အလုပ်လုပ်တဲ့အခါမှ work hard ထက် work smart က ပိုအလုပ်ဖြစ်သလိုပဲ….

ပြဿနာတစ်ခုကို သာမန်ရိုးကျဖြေရှင်းတာထက်

Creative ဖြစ်ဖြစ်ဖြေရှင်းန်ိုင်ရင် ပိုပြီး

အလုပ်တွင်ကျယ်သလို ကိုယ့်ကိုယ်ကို ယုံကြည်မှု self-confidence နဲ့ self- esteem လည်းမြင့်လာစေတယ်။

တီထွင်ဖန်တီးနိုင်စွမ်းက creative director, graphic designer တွေသာမကဘဲ လူတိုင်းရဲ့ နေ့စဉ်ဘဝမှာ လိုအပ်တယ်။

🧠Creativity တိုးတက်ချင်တယ်ဆိုရင် သိပ္ပံနည်းကျ လက်တွေ့ကျင့်သုံးသင့်တာက…

(၁)တရားထိုင်ပါ🧘

နာရီနဲ့ချီပြီး တရားထိုင်တာမျိုးမဟုတ်ဘဲ မိနစ်မနည်းငယ်လောက် ဝင်လေထွက်လေ မှတ်ပြီး present moment ကို အာရုံစိုက်လိုက်တာက ideas အသစ်တွေထွက်ဖို့ အများကြီး အကူအညီဖြစ်စေတယ်။

ဒီနေ့ခေတ်မှာ technology လိုမျိုး အာရုံစူးစိုက်မှုက်ို အနှောင့်အယှက်စေတဲ့အရာတွေများလာတဲ့အတွက် တစ်စုံတစ်ခုကို အာရုံစိုက်ပြီး တွေးတောဖို့ ခက်လာတယ်။ ဒီလိုအခြေအနေမှာ meditation က တော်တော်အသုံးဝင်လာတယ်။

(၂)ကိုယ့်ရဲ့ idea တွေကို မှတ်သားထားပါ။💡

တခါတလေ မိတ်ဆွေတို့ဖြစ်ဖူးမှာပါ။ solution တစ်ခုခုကို ထိုင်စဉ်းစားနေရင် idea မထွက်လာပေမဲ့ တခြားကိစ္စတစ်ခုခုထလုပ်လိုက်ရင်းနဲ့မှ ရုတ်တရက် အကြံကောင်းတွေထွက်လာတာမျ်ိုး။

ဒါကြောင့် ကိုယ့်ideaက ကောင်းတယ်ဆိုးတယ် မစဉ်းစားဘဲ ကိုယ့်ရဲ့အတွေးတွေကို notebook ထဲမှာ ချမှတ်ထားတာက အလေ့အကျင့်ကောင်းတစ်ခုပါ။

(၃) စိတ်ကူးယဉ်ပါ။ 🌟

ဟုတ်ပါတယ်။ တခါတလေ ကိုယ့်ရဲ့လက်ရှိ position အခြေအနေကနေ စဉ်းစားတဲ့အခါ idea ကုန်သွားတာ၊ မစဉ်းစားတတ်တော့တာတွေဖြစ်တတ်တယ်။

ဒါကြောင့် ဥပမာ ကိုယ်က ငွေရေးကြေးရေးကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းရမယ်ဆိုရင် ကိုယ့်ကိုယ်ကို ငွေကြေးပညာရှင်၊ လုပ်ငန်းပိုင်ရှင် စသည်ဖြင့် နေရာပေါင်းစုံက စဉ်းစားလို့ရတယ်။ ဒီလိုလုပ်တာက ကိုယ့်ရဲ့ solution တွေကို out of the box ဖြစ်စေပြီး creative solution တွေဖြစ်လာနိုင်တယ်။

(၄)လေ့ကျင့်ခန်းလုပ်ဖို့မမေ့နဲ့။ ⛹️

လေ့ကျင့်ခန်းလုပ်တာက ပုံမှန်အားဖြင့် creativity နဲ့မသက်ဆိုင်ဘူးထင်ရပေမဲ့ Austria’s University of Graz ရဲ့ လေ့လာတွေ့ရှိချက်အရ activeဖြစ်တဲ့ lifestyle နဲ့ တီထွင်ဖန်တီးနိုင်မှုက တိုက်ရိုက်ဆက်စပ်မှုရှိတယ်ဆိုတာကို တွေ့ရတယ်။

သီအိုရီတွေအရဆိုရင် ကိုယ်လက်လှုပ်ရှားမှုကြောင့်ထွက်ပေါ်လာတဲ့ endorphin hormone က စိတ်ကိုပျော်ရွှင်စေပြီး creativity level ကို မြင့်တက်စေတယ်။

ဒါကြောင့် မိတ်ဆွေရဲ့ ဘဝမှာရော လုပ်ငန်းခွင်မှာပါ creativity ကို ကိုယ့်ရဲ့ အားသာချက်အနေနဲ့အသုံးချတတ်ချင်ရင် ဖော်ပြထားတဲ့အချက်တွေကို လက်တွေ့လိုက်လုပ်ဖို့ တိုက်တွန်းပါတယ်။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr. Thuta

Leave a Reply

Your email address will not be published. Required fields are marked *