မိတ်ဆွေတို့ ပတ်ဝန်းကျင်မှာ အရာရာအဆင်ပြေနေတဲ့ပုံစံဖြစ်နေတဲ့သူတွေ ရှိကြလား။

ဘာလုပ်လုပ် အဆင်မပြေဘဲ အမြဲပြဿနာရှိနေတဲ့ပုံပေါ်တဲ့သူတွေကိုရော တွေ့ဖူးကြလား။

ဒီလို လူအချင်းချင်း အခြေအနေကွာခြားနေတာက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပေမဲ့ ဖြစ်လေ့ဖြစ်ထ အကြောင်းရင်းတစ်ခုကတော့ မိတ်ဆွေဘဝမှာ ကျင့်သုံးနေတဲ့ habitကြောင့်ပဲ။

ဥပမာပြောရရင်

မနက်စောစောထလေ့ရှိတဲ့ အကျင့်ရှိရင် ပိုပြီးအလုပ်မြန်မြန်ပြီးနိုင်မယ်။ နောက်ကျမှ အလုပ်ထလုပ်တဲ့သူထက်စာရင် မြန်မြန်နားရတဲ့အတွက် work-life balance ကိုပိုပြီး ထိန်းနိုင်တယ်။

ဒါကြောင့် habitကပဲ ကျွန်တော်တို့အပေါ် လွှမ်းမိုးနေတာပါ။

ဦးနှောက်ရဲ့ basal ganglia ဆိုတဲ့အပိုင်းက Habit တွေတည်ဆောက်တဲ့ အပိုင်းကို လုပ်ပေးတယ်။

Habit တစ်ခုတည်ဆောက်ဖို့ဆိုရင် စုစုပေါင်း (၆၆)ရက်လိုတယ်။

✅ပထမ (၂၂)ရက်မှာက လက်ရှိကိုယ့်ရဲ့အကျင့်ဟောင်းကို ဖျက်စီးဖို့အချိန်ပေးရတယ်။

✅နောက်ထပ်(၂၂)ရက်မှာပြောင်းလဲချင်တဲ့ အကျင့်အသစ်ကို စတင်လုပ်ဆောင်ဖို့ အခြေကျဖို့ဖြစ်ပြီး

✅နောက်ဆုံး(၂၂)ရက်မှာတော့ အကျင့်အသစ်ကို ပုံမှန်အလေ့အကျင့်တစ်ခုဖြစ်အောင် လုပ်ယူရတဲ့အပိုင်းပါ။

ကျန်းမာကြံ့ခိုင်ပြီး အောင်မြင်ဖို့ အလေ့အကျင့်ကောင်းတွေကို တည်ဆောက်တဲ့အခါ စလုပ်ဖို့ motivation လိုအပ်သလို ရေရှည်လုပ်နိုင်ဖို့ habit လိုအပ်တယ်။

မိတ်ဆွေတို့ရော 2023 မှာ ဘယ်လို habit တွေ တည်ဆောက်ချင်ကြလဲ။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr. Thuta

Leave a Reply

Your email address will not be published. Required fields are marked *